Monday, August 18, 2014

စစ်တွေဆန်ပြဿ နာနေ့ အောက်မေ့ဖွယ် အခမ်းအနား ရခိုင်အမျိုးသမီးကွန်ရက်မှ ပြုလုပ်မည်

Sittwe watch towerလာမည့် သြဂုတ်လ ၁၃ ရက်နေ့တွင် (၄၇) နှစ် ပြည့်မြောက်မည်ဖြစ်သော စစ်တွေ ဆန်ပြဿနာနေ့ အထိမ်းအမှတ် အခမ်းအနားကို ရခိုင်အမျိုးသမီး ကွန်ရက်မှ စစ်တွေမြို့တွင် ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။
ယခု ဖွင့်လှစ်ထားသော ရခိုင်အမျိုးသမီးများ ကွန်ရက်ရုံးခန်းမှာ စစ်တွေ ဆန်ပြဿ    နာ ဖြစ်ပွား၍ လူဒါဇင်နှင့် ချီပြီးသေဆုံးခဲ့ရသော နေရာအနီးတွင် တည်ရှိသဖြင့် ၎င်းရုံးခန်းအတွင်းတွင်ပင် လာမည့် (၄၇) နှစ်မြောက် ဆန်ပြဿ     နာနေ့ အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဟု ရခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက နိရဉ္စရာသို့ ပြောသည်။
“ ကျွန်မတို့ ရုံးခန်းမှာဘဲ သံဃာတော် (၅)ပါးကို ပင့်ဖိတ်ပြီး ဆွမ်းကပ် အမျှဝေခြင်းများပြုလုပ်ပါမယ်။ ဟောပြောပွဲလည်း လုပ်သွားပါမယ်။ လူပေါင်း ၅၀ ခန့်  ဖိတ်ကြားထားပါတယ်” ဟု သူမက ပြောသည်။
ယခင်က စစ်တွေဆန်ပြဿ     နာ ဖြစ်ပွားခဲ့ရာ အနီးတ၀ိုက်တွင် ဧရာမ ဆန်စက်ကြီးများ တည်ရှိသော်လည်း ယခုအခါ ဆန်စက် တစ်လုံးမှ မရှိတော့ကြောင်း၊ စစ်တွေမြို့တွင် ဆန်စက်များ မရှိတော့သော်လည်း ဆန်ပြဿ  နာနေ့ကို ယခုလို နေ့ရက်ရောက်တိုင်း လူအများက သတိရနေကြောင်း ဒေါ်ညိုအေးက ပြောဆိုသည်။
“ခုတော့ အဲဒီ ဆန်စက်တွေ မရှိတော့ဘူး။ ဒါပေမယ့် ဒီအဖြစ်အပျက်ကို စစ်တွေမြို့မှာ လူတိုင်းက သတိရကြတုန်းပါ။ ဒီအတွက်လည်း အဲ့ဒီနားမှာဘဲ နှစ်တိုင်း ဆွမ်းလောင်းလာတာ ၊ခုဆိုရင် ကျွန်မ မှတ်မိတဲ့ အရွယ်လောက်ကဆိုရင် နှစ်ပေါင်း (၂၈) နှစ်လောက်ရှိပြီပေါ့ ” ဟု ဒေါ်ညိုအေးက ပြောသည်။
ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရ လက်ထက် ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် ဆန်ပြဿ     နာနေ့သည် စစ်တွေမြို့ ဖြစ်ပွားခဲ့ပြီး ဆန်ရရှိရေး ဆန္ဒပြတောင်းဆိုသော လူအုပ်ကို စစ်တပ်က ပစ်ခတ်သဖြင့် လူပေါင်း ရာနှင့်ချီပြီး သေဆုံးခဲ့ရသည်။
ယင်းဆန်ပြသနာနေ့သည် မြန်မာနိုင်ငံကဆန်များကို ပြည်ပသို့ များစွာ တင်ပို့ခဲ့ရာမှ ပြည်တွင်းတွင် ဆန်ဈေး မြင့်တက်ပြီး စားနပ်ရိက္ခာ မလုံလောက်မှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်တွေမြို့ရှိ ပြည်သူများက ဆန်ရှားပါးမှုပြဿ     နာကို ဖြေရှင်းပေးရန် ဆန္ဒပြ တောင်းဆိုကြစဉ် စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် လူပေါင်း (၃၀၀) ကျော် သေဆုံးခဲ့ရကြောင်း ဒေါ်ညိုအေးက ပြောကြားသည်။
ထိုအချိန်က ဆန္ဒထုတ်ဖော်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက အရေးအခင်းနှင့် ပတ်သက်ပြီး သူမ မြင်တွေ့ခဲ့ရပုံများကို ယခုလို ပြောပြသည်။
“ ကျွန်မကိုယ်တိုင် ကြုံလိုက်ရတာ။ အဲ့ဒီတုန်းက ကျွန်မ ခုနှစ်တန်းပဲ ရှိတယ်။ မီးပွင့်လာပြီး ဒိုင်း ဆိုတဲ့ အသံတစ်သံကြားလိုက်ရတယ်။ လူတွေ ဖရိုဖရဲ ဖြစ်သွားကြတယ်။ ပြီးတော့ ဆက်တိုက် မရပ်မနား ပစ်တာကို မြင်ခဲ့ရတယ်။ ပြေးရင်း လွှားရင်းနဲ့ လူတွေ လဲကျနေတာ မြင်ခဲ့ရတယ်။ သွေးအိုင်တွေ ထဲမှာ၊ ကျွန်မကတော့ လူကြီးတစ်ယောက်က ဆွဲခေါ်ခဲ့တဲ့အတွက် မသေမပျောက်ပဲ လွတ်တာ” ဟု ၎င်းက ပြောသည်။
သူမအနေဖြင့် အဆိုပါနေ့ကို ဘယ်လိုနည်းနှင့် မှ မမေ့နိုင်ကြောင်း ယခုလိုဆိုသည်။
“မမေ့ဘူး ၊ အဲ့ဒီ မြင်ကွင်းကို ကျွန်မ တစ်သက်လုံး မမေ့ဘူး” ဟု သူမက ဆက်ဆိုသည်။
သြဂုတ် ၁၃ ကျရောက်တိုင်း ဆန်ပြဿ     နာ အရေးအခင်း နှစ်ပတ်လည်နေ့ အဖြစ် ရခိုင်လူမျိုးများက ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲများကို နှစ်စဉ် ပြုလုပ် ကျင်းပကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: