Wednesday, September 10, 2014

တပြုတ်သီးဦးသာကျော်၏သား မူးယစ်ဆေးဝါးနှင့် ဆက်စပ် ဖမ်းဆီးခံရ

Yaba_807297657ရခိုင်ပြည်နယ်မှ တပြုတ်သီး ဦးသာကျော် (ကွယ်လွန်)၏သား ဦးရဲထွန်းကျော် (၃၅) နှစ်အား မူးယစ်ဆေးဝါးရောင်းဝယ် ဖေါက်ကားမူနှင့် ဆက်စပ်င်္ပြီး ရဲကဖမ်းဆီးလိုက်သည်ဟု ရခိုင်ပြည်နယ် အစိုးရ ၀က်ဆိုက်တွင် ဖေါ်ပြသည်။
သြဂုတ် ၂၉ ရက်က ရန်ကုန်မြို့တွင် ဖမ်းဆီးရမိသော စိတ်ကြွဆေးပြား ၃ဝ၁,ဝဝဝ ပြား၊ ဘိန်းဖြူ ဘလောက်တုံး တစ်တုံး (အလေးချိန် ၃၅ဝ ဂရမ်) နှင့် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ကာသူ့အား မြောက်ဦးမြို့ နေအိမ်တစ်ခုမှ ဖမ်းဆီးခဲ့သည်ဟု ယင်းသတင်းတွင် ဖေါ်ပြသည်။
သြဂုတ် ၃ဝ ရက် ည ၁ဝ နာရီကျော်ခန့်က ပူးပေါင်းအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်နေ ဒေါ်ကြာဇံလှ နေအိမ်တွင် ရဲထွန်းကျော် စီးသွားသည့် YGN-2E—– Kluger မော်တော်ယာဉ်အား တွေ့ရှိခဲ့ကြောင်း၊ စုံစမ်းရာမှ ၎င်းသည် သြဂုတ် ၃ဝ ရက် နံနက်ပိုင်းက မြောက်ဦးမြို့ရှိ သူငယ်ချင်းဖြစ်သူ ဦးကျော်ဆန်း၏ နေအိမ်၌ ရောက်ရှိနေကြောင်း၊ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူး နှင့် ချိတ်ဆက်၍ မြောက်ဦးမြို့ တောင်ရပ် (၂)လမ်း၊ အမှတ်(တ၇/၂၂၄) နေ ဦးကျော်ဆန်း၏ နေအိမ်အား စက်တင်ဘာ ၁ ရက် ည ၆ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်ရှာဖွေရာ ထွက်ပြေး တိမ်းရှောင်နေသော ရဲထွန်းကျော် ၃၅ နှစ်အား ဖမ်းဆီးရမိခဲ့ကြောင်း ဖေါ်ပြသည်။
ယခုအခါ အရေးယူအပြစ်ပေးနိုင်ရန် ဆောင်ရွက်နေပြီး အမှုနှင့် ဆက်စပ်နေသော ကွင်းဆက်များကို ဆက်လက် ဖော်ထုတ်နိုင်ရန် သက်ဆိုင်ရာမှ ဆောင်ရွက်နေသည်ဟု သိရသည်။
သက်ဆိုင်ရာ ရဲတာဝန်ရှိသူ တစ်ဦးမှ ဦးရဲထွန်းကျော်အား ဖမ်းဆီးထားခြင်း ဟုတ်မှန်ကြောင်း၊ သို့သော်လည်း စစ်ဆေးနေတုန်းဖြစ်၍ အသေးစိတ် မပြောနိုင်ကြောင်း၊ သူ့အား ရန်ကုန်သို့ လွဲပြောင်းသွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: