ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အား လေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် တိုင်းတာမှုများစတင်ပြု လုပ်နေပြီဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို ဂျာမနီနိုင်ငံမှ အဖွဲ့တစ်ခုက ကနဦး ဘတ်ဂျက်ငွေ ကန်ဒေါ်လာသန်း ၁၆ဝ ဖြင့် အကုန်အကျခံ တည်ဆောက် သွားမည်ဟု သိရသည်။
ယင်းသို့ဆောင်ရွက်နိုင်ရန် အဆိုပါအဖွဲ့သည် မာန်အောင်မြို့ထံ မကြာသေးမီက သွားရောက် တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာလ ၁ဝ ရက်၊ နံနက်ပိုင်းက အတည်ပြုပြောသည်။
“သူတို့အဖွဲ့ မကြာသေးခင်ကပဲ မာန်အောင်ကို တစ်ခေါက်သွားပြီး တိုင်းတာမူတွေ ပြုလုပ်ခဲ့ကြတယ်။ အခု တိုင်းတာမူ ပြီးလို့ ပြန်သွားကြပြီ”ဟု ယင်းက ဆိုသည်။
အစိုးရက လက်ရှိဆောင်ရွက်နေသည့် မဟာဓာတ်အားလိုင်းမှတဆင့် ရခိုင်ပြည်နယ်မြို့နယ်တိုင်း လျှပ်စစ်မီး ရရှိရေးဆောင်ရွက်ရာတွင် မာန်အောင်မြို့သည် ရခိုင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များနှင့် မတူဘဲ ရေပတ်လည် ဝန်းရံထားသော ကျွန်းမြို့တစ်မြို့ဖြစ်သည့်အတွ
“ဒီမြို့ကို မဟာဓာတ်အားလိုင်းကတဆင့် လျှပ်စစ်မီးရရှိဖို့ ပင်လယ်အောက်က မီးကြိုးသွယ်မယ်ဆိုလည်း မရဘူး။ အပေါ်က ဓာတ်တိုင်တွေထောင်ပြီး သွယ်မယ်ဆိုလည်း အဆင်မပြေဘူး။ ဒါကြောင်း ဒီစီမံကိန်းကို ပြုလုပ်ဖို့ စီစဉ်ရတာပါ” ဟု ဦးလှသိန်းက ဆိုသည်။
မာန်အောင်မြို့အား ယခုကဲ့သို့လေအားလျှပ်စစ်စနစ်ြ
Wind Park ရှိ Energy Sufficient Feldheim Village မှ တာဝန်ရှိသူများနှင့် နိုင်ငံတော် သမ္မတတို့ တွေ့ဆုံ ဆွေးနွေးခဲ့မူများ ရှိခဲ့ကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့က အတည်ပြု ပြောဆိုသည်။
မာန်အောင်မြို့သည် ကျောက်ဖြူမှ ထွက်ရှိသည့် ဂတ်စ်များဖြင့်လည်း လျှပ်စစ်မီးရရှိနိုင်ခြင်းမရှိ
“ကျွန်တော်တို့မြို့ကို လေအားလျှပ်စစ်နဲ့ပေးဖို့ အခုလိုမျိုး လာရောက်တိုင်းတာမှုတွေလုပ်တာတော့
လက်ရှိတွင် မာန်အောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့မီးလင်းရေးကော်မတီတို့ပူးေ
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment