
ရခိုင်ပြည်နယ်၊
ကျောက်ဖြူမြို့နယ်တွင် မကြာသေးမီကပေါက်ကွဲခဲ့သည့် ရွှံ့မီးတောင်မှ
စီးကျလာသော ရွှံ့ချော်ရည်များမှာ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြော
င့်
အနီးရှိလယ်ယာမြေများကို ပိုမိုဖုံးလွှမ်းလာနေသဖြင့် စပါးစိုက်ပျိုးထားသော
လယ်များ ထပ်မံပျက်စီးမူများရှိနေကြောင်း ဒေသခံများက ပြောသည်။
“အခုက မိုးတအားရွာလာတော့ ချော်ရည်တွေက မိုးရေစီးနဲ့မျောပါလာပြီး
လယ်တွေကို တဖြေးဖြေးနဲ့ ပိုဖုံးလွှမ်း လာတယ်”ဟု
ချော်ရည်ဖုံးလွှမ်းခြင်းကြောင့် လယ်မြေဧကအချို့ပျက်စီးခြင်းခံ
ရသူ ကျောက်ဖြူမြို့ နယ်၊ ရှောက်ချောင်းကျေးရွာမှ ဦးမောင်ချမ်းနုက ပြောသည်။
ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာ၏အရှေ့တော
င်ထောင့် ၃
ဖာလုံခန့်အကွာရှိ ရွှံ့မီးတောင် မှာ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်၊ ညနေ ၅
နာရီခွဲခန့်အချိန်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းမီးတောင်မှ ထွက်ပေါ်လာသော
ရွှံ့ချော်ရည်ပူများမှာ မီးတောင်အနီးရှိ ရှောက်ချောင်းကျေးရွာ၊
စည်မော်ကျေးရွာနှင့် ကြတ္တိန် ကျေးရွာများမှ စပါးစိုက်ပျိုးပြီး လယ်မြေဧက
၃ဝဝ ခန့်ကို ဖုန်းလွှမ်းသွားကြောင်း မျက်မြင်သက်သေများနှင့်
ကျေးရွာဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ယခု နောက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြော
င့် အဆိုပါချော်ရည်များမှာ မိုးရေစီးနှင့် မျောပါလာပြီး လယ်မြေများကို ပိုမိုဖုံးလွှမ်းလာနေခြင်းကြောင့
် စိုက်ပျိုးပြီးစ စပါးစိုက်ခင်းများ ပိုမိုပျက်စီးလာနေ ကြောင်း ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့က ချော်ရည်တွေ လယ်မြေတွေကို နောက်ထပ်မဖုံးလွှမ်းအောင်
သက်ဆိုင်ရာအာဏာ ပိုင်တွေ တစ်ခုခုလုပ်ပေးစေချင်တယ်”ဟု
လယ်ယာမြေပျက်စီးခြင်းခံလိုက်
ရသည့် ဦးကျော်ဝင်းက ပြောသည်။
မီးတောင်ပေါက်ကွဲအပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်သစ်တောနှင့်
သတ္တုဝန်ကြီး ဦးကျော်ခင် ပါဝင်သော တာဝန်ရှိအဖွဲ့မှလာရောက်ကာ
ချော်ရည်ဖုံးလွှမ်းသွားသည့်အတွက် ပျက်စီးဆုံးရှုံးသွားသည့် လယ်မြေစာရင်းကို
လာရောက်စာရင်းကောက်ယူသွားခဲ့သော
်လည်း စက်တင်ဘာလ ၈ ရက်အထိ မည်သည့် လုပ်ဆောင်ပေးခြင်းမျှ မရှိသေးကြောင်း ဒေသခံများက ပြောသည်။
“ဝန်ကြီးဦးကျော်ခင်ပြောခဲ့တာက လုပ်ပေးမယ်လို့ပြောတယ်။ သူက
သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းတွေကို တင်ပြထားသလိုလို၊
ပျက်စီးသွားတဲ့လယ်မြေတွေအတွက် မျိုးစပါးတွေပေးမယ့်ပုံလိုလို၊ မြေသြ
ဇာတွေပေးမယ့်ပုံလိုလို ပြောသွားတယ်။ ဘာလုပ်ပေးမယ်ဆိုတာတော့
တိတိကျကျမပြောခဲ့ဘူး”ဟု ဦးကျော် ဝင်းက ဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး ဝန်ကြီးဦးကျော်ခင်အား နိရဉ္စရာသတင်းဌာက စက်တင်ဘာလ ၈
ရက်နေ့၊ နေ့လယ်ပိုင်းက ဆက်သွယ် မေးမြန်းရာ ယင်းက “အဲဒီကိစ္စကို
ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူ
းရုံးကိုမေးပါ။ ကျွန်တော်ခ ရီးသွားနေတယ်” ဟုပြန်လည်ဖြေကြားခဲ့သည်။
အသေးစိတ်သိရှိနိုင်ရန် ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူ
းရုံးနှင့် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေး
မှူးရုံးကို ထပ်မံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
မီးတောင်ပေါက်ကွဲအပြီး ဒေသခံများ၏ ကနဦးခန့်မှန်းချက်အရ ရွှံ့ချော်ရည်ဖုံးလွှမ်းပျက်စီးသွ
ားသည့် လယ်မြေများမှာ ကျေးရွာသုံးခုပေါင်း ဧက ၃ဝဝ ကျော်ခန့်ရှိသည်ဟုခန့်မှန်းခဲ့
သော်လည်း
နောက်ပိုင်းတွင် အစိုးရက ချော်ရည်ဖုံးလွှမ်းမှုကြောင့်
ပျက်စီးသွားသည့်လယ်မြေဧကများမှာ ကျေးရွာသုံးရွာမှ ဒေသခံ ၂ဝ ဦး၏ လယ်မြေဧက
၁၂ ဒသမ ၄ဝ ဧကသာပျက်စီးသွားကြောင်း ကြေညာခဲ့သည်။
“အတွေ့အကြုံရှိတဲ့လူကြီးတွေပြော
တာကတော့ ချော်ရည်ဖုံးသွားတဲ့လယ်တွေက လုပ်စားလို့မရတော့ ဘူးလို့ပြောကြတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment