Thursday, November 27, 2014

တိုင်းရင်းသားခေါင်းဆောင် ရွေး ချယ်ရေး အမတ်တွေဆွေးနွေး

ushweman-305
ဇန်နဝါရီလ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
photo from youtube
ဖွဲ့စည်းပုံပြင်ဆင်ရေး ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကို ဒီရက်ပိုင်းအတွင်း ကျင်းပမယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲ့ဒီ ၆ ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေကို ကိုယ်စားပြုတက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့အမည်ကို လွှတ်တော်မှာ ဒီနေ့ တင်သွင်းဖို့ ပြည်ထောင်စုလွတ်တော် နာယက သူရဦးရွှေမန်းက မနေ့က ညွှန်ကြားခဲ့ပါတယ်။
အဆိုပါ ညွန်ကြားချက်နဲ့စပ်လျဉ်းပြီး ကိုယ်စားလှယ်ရွေးချယ်ဖို့အတွက် စည်ပင်ဧည့်ရိပ်သာမှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ  မနေ့ ညနေကတွေ့ဆုံ ညှိနိုင်းခဲ့ပေမယ့် ဆုံးဖြတ်ချက် မကျသေးဘူးလို့ သိရပါတယ်။တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ကျားဖြူပါတီ ဥက္ကဌ ဦးစိုက်အိုက်ပေါင်းနဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်တို့ ၂ ဦးကို ထည့်သွင်းစဉ်းစားနေတယ်လို့လည်း လွှတ်တော်အသိုင်းအဝန်းက ပြောပါတယ်။
နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ် ၁ ဦးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ပါဝင်တဲ့ ၆ ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲကိုကျင်းပဖို့ ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာ၂၆ ရက်နေ့မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

No comments: