Thursday, November 27, 2014

အပြောနှင့်အလုပ်မညီသော ရခိုင်ပြည်နယ် လဝက၊ ဆန္ဒပြပွဲများနှင့် တွေ့ကြုံရတော့မည်‌လော

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့တွင် အခြေစိုက်သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဘင်္ဂလီဝန်ထမ်းများကို နိုင်ငံခြားသို့ ဆွေးနွေးပွဲ တက်ရောက်ရန် စေလွှတ်မည်ဖြစ်ရာ ၎င်းတို့နိုင်ငံကူးလက်မှတ်ရရှိရေးအတွက် လိုအပ်နေသော အမျိုးသားမှတ်ပုံတင်ကတ်ပြား (သုံးခေါက်ချိုးကတ်ပြားများ)ကို အချိန်မီထုတ်ပေးရန် မောင်တောခရိုင်အတွင်းရှိ လဝကရုံးများမှ ဆောင်ရွက်ပေးနေရကြောင်းကြားသိနေရပါသည်။
UNHCR အပါအဝင် UN ရုံးများနှင့် Agency များ၊ INGO များတွင် လုပ်ကိုင်နေသူ အများစုမှာ ဘင်္ဂလီများသာ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် လက်မခံနိုင်၊ မရှိဟု အမြဲကန့်ကွက်ငြင်းဆိုထားသည့် လူမျိုးများအဖြစ်သာ ခံယူထားကြသူများဖြစ်ကြပြီး ယာယီသက်သေခံလက်မှတ်သာ ကိုင်ဆောင်ထားသူများဖြစ်ကြသည်။ ယာယီသက်သေခံကတ်ပြားဖြင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခြင်းမရှိပေ။ ယခုအခါ သူတို့ကို ပြည်ပနိုင်ငံများသို့ Workshop ဆွေးနွေးပွဲများ တက်ရောက်ရန် UNHCR မှ ရွေးချယ်ထားဖြင့် နိုင်ငံကူးးလက်မှတ် လျှောက်ထားရန် အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။
ယင်းဘင်္ဂလီဝန်ထမ်း ၄ဦး(သို့မဟုတ်) ၅ဦးအတွက် အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြားများ ထုတ်ပေးရန် UNHCR မှ ရခိုင်ပြည်နယ် လဝကသို့ မေတ္တာရပ်ခံတောင်းဆိုထားသည်ဟု အမည်မဖေါ်လိုသူ UN ဝန်ထမ်းတစ်ဦးက ပြောသည်။
မောင်တောခရိုင်အတွင်းရှိ လဝက အသိုင်းအဝန်းမှလည်း ထိုသို့ ထုတ်ပေးရန် စီစဉ်နေခြင်း မှန်ကန်ကြောင်း ပြောသည်။ အထက်ဌာနများ၏ ညွှန်ကြားချက်အရ ထုတ်ပေးခိုင်းရခြင်းဖြစ်ကြောင်း ခရိုင်လဝကရုံးနှင့် နီးစပ်သူများက ဆိုသည်။ ၎င်းကိစ္စကို လဝက ဝန်ထမ်းများက လုံးဝဖွင့်မပြောနိုင်ကြောင်း နှင့် သတင်းပေါက်ကြားမှု မရှိစေရန် တင်းကြပ်စွာ ဖိအားပေးခံထားရပုံရှိသည်ဟု ၎င်းတို့ပြောသည်။
အမျိုးသားမှတ်ပုံတင်ကတ်ပြားများကို မကြာသေးမီကလည်း မောင်တောမြို့နယ်တွင် ထုတ်ပေးခဲ့သေးသည်။ ထိုကိစ္စကို စစ်တွေမြို့ ပြည်နယ်အဆင့် ECC အစည်းအဝေးတွင် စစ်တွေမြို့ရှိ မြို့မိ၊ မြို့ဖများက မေးမြန်းခဲ့သဖြင့် ပြည်နယ်လဝကမှူးက နိုင်ငံတကာ၏ ဖိအားကြောင့် ၅ ဘာသာဂုဏ်ထူးရသူ တစ်ဦးကိုသာ ပညာသင်ကြားရေးအတွက် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် နောက်နောက်တွင် မည်သည့်ကိစ္စနှင့်မျှ ထုတ်ပေးတော့မည်မဟုတ်ပါ၊ ထုတ်ပေးသူများကိုလည်း အရေးယူမည်ဖြစ်ကြောင်း ကတိပြုခဲ့ဖူးသည်။ သို့ရာတွင် ယခုထိုကတိသည် လွယ်လွယ်ပေးခဲ့သဖြင့် လွယ်လွယ်ပင်ပျက်ပြယ်သွားပြီဟု ဆိုရမည်ဖြစ်သည်။
မည်သည့် အဖွဲ့အစည်း၊ နိုင်ငံကပင်ဖြစ်စေ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ လုပ်ဆောင်နေသော ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ဖိအားပေးအကြပ်ကိုင်ခြင်းတို့ကို ဆောင်ရွက်တောင်းဆိုတိုင်း လိုက်လျောဆောင်ရွက်ပေးနေရမည်ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ဆိုသည်ကို မေးခွန်းထုတ်ရပေတော့မည်။
ဥပဒေနှင့်မညီသည်ကို တောင်းဆိုသည်၊ တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ပေးနေသည်ဆိုလျှင် တောင်းဆိုသူ၊ လုပ်ဆောင်ပေးသူ အားလုံးတို့သည် ဥပဒေကို ချိုးဖေါက်သူများသာ ဖြစ်သဖြင့် ဥပဒေနှင့်အညီ အရေးယူပေးရန် တောင်းဆိုရတော့မည်ဖြစ်သည်။ ဥပဒေစိုးမိုးရေးကို နိုင်ငံတွင်းနေသူများကအစ မလိုက်နာလျှင် မည်သူကလာ၍ လေးစားနိုင်ပါတော့မည်နည်း။
အမျိုးသားမှတ်ပုံတင်ကတ်ပြားများကို ၁၉၄၈ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ စီစစ်ပြီးသူများကိုသာ ထုတ်ပေးခြင်းဖြစ်သည်ဟုဆိုရာ ၎င်းကတ်ပြား လက်ဝယ်ရရှိခြင်းဖြင့် အလိုလို နိုင်ငံသား စီစစ်ပြီးသူများဖြစ်သည်ဟု သက်ရောက်သွားနိုင်သည်ကို ဥပဒေအကောင်အထည်ဖေါ်သူ လဝက ဝန်ထမ်းများက အသိဆုံးဖြစ်သင့်သည်။
၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု စီစစ်ဆောင်ရွက်ခြင်းများတွင် ဥပဒေနှင့်မညီ၊ လွဲချော်မှုများ ရှိနေသဖြင့် ဥပဒေနှင့်အညီ ပြန်လည်စီစစ်ပေးရန် ရခိုင်တစ်ပြည်နယ်လုံးက တောင်းဆိုထားသည့် အချိန်တွင် အမျိုးသားမှတ်ပုံတင် ကတ်ပြားများအား လွယ်လင့်တကူ ထုတ်ပေးခြင်း လုပ်သင့်/ မလုပ်သင့်ကို အလေးအနက် ပြန်လည်စဉ်းစားသင့်ပေသည်။ အလွယ်တကူ ထုတ်ပေးလိုက်ခြင်း၏ နောက်ကွယ်တွင် မမျှော်မှန်းနိုင်သော ကိစ္စရပ်များစွာ ရှိနေသည်ကို သတိချပ်သင့်လှပေ၏။ မဟုတ်လျှင် ကျွန်ုပ်တို့က ဆန္ဒထုတ်ဖေါ်ပွဲများပြုလုပ်၍ ကန့်ကွက်ရပါတော့မည်။
မင်းသိမ်းခိုင်(စိုင်းဒင်သား)
(ဤသတင်းအား Coral Arakan New မှ ကူးယူဖော်ပြပါသည်၊ ဓာတ်ပုံ- အင်တာနက်)

No comments: