Wednesday, November 5, 2014

အိန္ဒိယတွင် မျောက်နှစ်ကောင် အခမ်းအနားဖြင့် မင်္ဂလာဆောင်

 မျောက်သတိုးသား ရာမူးနဲ့ သတိုးသမီး ရမ်ဒူလာရီ ( Photo- BBC online)
မျောက်သတိုးသား ရာမူးနဲ့ သတိုးသမီး ရမ်ဒူလာရီ ( Photo- BBC online)
အိန္ဒိယ နိုင်ငံ မြောက်ဘက်ပိုင်းတွင် မျောက်နှစ်ကောင်အား ပိုင်ရှင်ဖြစ်သူက လက်ထပ် မင်္ဂလာပွဲ ကျင်းပပေးရာ လူပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့သည်ဟု BBC online တွင် ဖေါ်ပြသည်။
လက်ထပ်ပွဲကို စီစဉ်ပေးသူမှ မျောက်သတိုးသားမှာ “ သူရဲ့ မွေးစားသားလိုပါဘဲ” ဟု ပြောကြားသည်။
ယင်းမျောက်နှစ်ကောင် လက်ထပ်ပွဲအား လွန်ခဲ့သော တနင်္လာနေ့ ညနေပိုင်းက အိန္ဒိယနိုင်ငံ Bettiah ခရိုင်၊ ဘီဟာခရိုင် တွင် ကျင်းပပေးခဲ့ပြီး မျောက်သတိုးသမီးအား လိမ္မော်ရောင် အကျီင်္ပွရှည်အား ၀တ်ဆင်ပေးပြီး မျောက်သတိုးသားမှာ အ၀ါရောင် တီရှပ်ကို ၀တ်ဆင်ထားသည်ဟု ဆိုသည်။
အိန္ဒိယနိုင်ငံတွင် ဒဏ္ဍာရီအရ မျောက်ကို မြတ်နိုးကြည်ညိုသော ကိုးကွယ်သော အလေ့အထ ရှိကြောင်းသိရသည်။
မျောက်သတိုးသားမှာ အသက် ၁၃ နှစ်ရှိပြီး အမည်မှာ ရာမူး (Ramu) ဟုခေါ်ပြီး ပိုင်ရှင် ဖြစ်သူက လွန်ခဲ့သော ၇ နှစ်က နီပေါနိုင်ငံက ယူဆောင်လာခဲ့ကြောင်း၊ မျောက်သတိုးသမီးအမည်မှာ ရမ်ဒူလာရီ ( Ramdulari) ဖြစ်ပြီး သူ့ကို ကျေးရွာတစ်ခုရဲ့ ပွဲတစ်ခုမှ ယူဆောင်လာခဲ့ကြောင်း ပိုင်ရှင် ဖြစ်သူက ပြောကြားသည်။
( မျောက်သတိုးသားနှင့် သတိုးသမီးအား ၀ိုင်းဝန်းကြည့်ရှု့နေသောလူအုပ်ကြီး)
( မျောက်သတိုးသားနှင့် သတိုးသမီးအား ၀ိုင်းဝန်းကြည့်ရှု့နေသောလူအုပ်ကြီး)
အစပိုင်းတွင် ယင်းမျောက်နှစ်ကောင်မှာ သိပ်အနီးကပ် မနေကြကြောင်း၊ နောက်ပိုင်းတွင် တစ်ကောင်နှင့် တစ်ကောင် ကြိုက်နှစ်သက်ပြီး ချစ်ကျွမ်းဝင်လာကြရာမှ လက်ထပ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပိုင်ရှင် ဖြစ်သူ Udesh Mahto ကဆိုသည်။
ပိုင်ရှင်ဖြစ်သူ Udesh Mahto တွင် သားသုံးယောက်ရှိပြီး မျောက်သတိုးသား ရာမူးမှာ သူ၏ သားကြီးကဲ့သို့ ဖြစ်ကြောင်း၊ သူ့ကို ပထမဆုံး မင်္ဂလာဆောင်ပေးပြီး နောက်မှ သူ့သားများကို မင်္ဂလာဆောင်ပေးမည်ဟု ဆိုသည်။
မျောက်နှစ်ကောင်၏ မင်္ဂလာဆောင်အား ဟိန္ဒူ ထုံတမ်းစဉ်လာများနှင့် အညီ ဟိန္ဒီဘာသာရေးဆရာ Sunil Shastri က အခမ်းအနားဖြင့် မင်္ဂလာဆောင်ပေးခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာသူ လူပေါင်း ၂၀၀ ကျော် လမ်းဘေးမှ မတ်တပ်ရပ်ကာ မျောက်သတိုးသား သတိုးသမီးစုံတွဲအား ကောင်းချီးသြဘာပေးကာ နုတ်ဆက်ခဲ့ကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: