Friday, November 14, 2014

အမေရိကန်သမ္မတ ဘားရက်အိုဘားမား နှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က “ရိုဟင်ဂျာ” ဟု သုံးနှုန်းပြောဆိုခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ သဘောထားထုတ်ပြန်ချက်

အမေရိကန်သမ္မတ ဘားရက်အိုဘားမား နှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က “ရိုဟင်ဂျာ” ဟု သုံးနှုန်းပြောဆိုခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ သဘောထားထုတ်ပြန်ချက်
သဘောထားထုတ်ပြန်ချက်အမှတ် (၅/၂၀၁၄)
နေ့စွဲ။ ၁၃ အောက်တိုဘာ ၂၀၁၄
၁။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများနှင့် ပတ်သက်၍ ‘ရိုဟင်ဂျာ’ ဟု ဆက်လက်ခေါ်ဝေါ်မည် ဟု လည်းကောင်း၊ ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း သူတို့ကို လက်ခံပေးသင့်သည် ဟု လည်းကောင်း၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အပါအ၀င် အများစုက ဘင်္ဂါလီ ဆိုသည်ထက် ရိုဟင်ဂျာ ဟုပဲ သိကြသည်၊ ထို့ကြောင့် ကုလသမဂ္ဂ လူနည်းစု အခွင့်အရေး စံနှုန်းများအရ ရိုဟင်ဂျာ ဟု သုံးနှုန်းခြင်း ဖြစ်ကြောင်း - ပြောဆိုချက်များမှာ မြန်မာနိုင်ငံ၏ အရေးကြီးသော ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက် ချိုးဖောက် စော်ကားလိုက်ခြင်း ဖြစ်ကြောင်း ကျွန်ုပ်တို့ ရှုမြင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။
၂။ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မရှိ ဟု သမ္မတ ဥိးသိန်းစိန် ကိုယ်တိုင် တရားဝင်ထုတ်ပြန်ထားသည်ကို လုံးဝအလေးမထားပဲ အမေရိကန်သမ္မတ အိုဘားမားက ‘ရိုဟင်ဂျာ’ ဟု ခေါ်ဝေါ်သုံးစွဲ ပြောဆိုခြင်းမှာ အမေရိကန်နိုင်ငံအနေဖြင့် အစ္စလမ္မစ်ကမ္ဘာနှင့် ပတ်သက်၍ တင်းမာလာခဲ့မှုအားလုံးအတွက် သင်ပုန်းချေ မျက်နှာပန်းလှစေရန် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအရေးကို ပြောင်ပြောင်တင်းတင်း အသုံးချလိုက်ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို အင်အားသုံးဝင်ရောက်စွက်ဖက်လိုက်ခြင်းဖြစ်သည် ဟု ကျွန်ုပ်တို့ ရှုမြင်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်သည်။
၃။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် နှင့် အမေရိကန် သမ္မတတို့၏ ‘ရိုဟင်ဂျာ’ ဟု သုံးနှုန်းပြောဆိုမှုများသည် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းလုံခြုံမှုများကို ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်ချက်များဖြစ်ကြောင်း ကျွန်ုပ်တို့ ရှုမြင်သည်။
၎။ ရခိုင်ပြည်နယ်၌ တရားဝင် ၀င်ရောက်လုပ်ကိုင်မည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် ရိုဟင်ဂျာ ဟု သုံးနှုန်းပါက နိုင်ငံတော်အစိုးရက ယင်းအဖွဲ့အစည်းများကို မည်သည့်ကိစ္စနှင့်မျှ ၀င်ရောက်လုပ်ကိုင်ခွင့်မပြုရန် အလေးအနက် တောင်းဆိုသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ရခိုင်အမျိုးသားပါတီ
(ဤသတင်းကို Coral Arakan News မှ ကူးယူဖော်ပြပါသည်)

No comments: