Tuesday, November 18, 2014

သံတွဲမြို့ သိန်းကျပ် ၂၄၀ တန်ဖိုးရှိ မီးသဂြိုလ်စက်အလှူ ရေစက်ချ

image-8d8da734552f597ff8b04ff2822b37bbc303c048eb90d0cff3379d34d718c9e2-V
သံတွဲမြို့ သုသာန်တွင် ဆောက်လုပ်ပြီးစီးသွားသော  မီးသဂြိုလ်စက် ရေစက်ချပွဲကို ယခုလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည်။
ယင်းရေစက်ချပွဲ အခမ်းအနားသို့ သံဃာတော် ၄ ပါးကို ပင့်ဆောင်၍ သံတွဲ အခမဲ့ နာရေးကူညီမူအသင်းက ၎င်းနေ့ မနက် ၇ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
“ အခု မီးသဂြိုလ်စက်ကို အခမဲ့ နာရေး ကူညီမူအသင်းက ဦးဆောင် ဆောက်လုပ်ခဲ့တာပါ။ မီးသဂြိုလ်စက် အလှူရှင်က ကိုကျော်သိန်းခိုင်၊ မဖြူဖြူမြင့် MTK-  Electrical Engineering Co, Ltd မိသားစု ဖြစ်ပြီး ပင်မ အဆောက်အဦးကိုတော့ တရော်တောတိုက် ကျောင်းဆရာတော် အပါအ၀င် သံဃာလေးပါး ၊ ဇေယျာနန္ဒမိတ်နဲ့ လူပုဂ္ဂိုလ် အလှူရှင်တွေက စုပေါင်း လှူဒါန်းတာ ဖြစ်ပါတယ်” အခမဲ့ နာရေးကူညီမူအသင်းမှ ကိုထွန်းထွန်းဝင်းက ပြောသည်။
image-fc7b6c671e97c6433699276dfc497a1bed6ec3426bf7965f30b738d3558a1e87-V
၎င်းမီးသဂြိုလ်စက်အား ၂၀၁၃ မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ ပြီးစီးကြောင်း၊ ကျပ်သိန်း ၂၄၀ ကုန်ကျခဲ့ကြောင်း သူက ဆိုသည်။
“ ကျွန်တော်တို့ အခု မီးသဂြိုလ်စက် ဆောက်လုပ်ပြီးစီးပြီးတဲ့နောက် အနားမှာ တရားနာမယ့် ဇရပ်တစ်ဆောင်ကို ဆောင်လုက်နေပgတယ်။ နာရေးအတွက် အဲယားကောင့် မှန်ခေါင်းတစ်လုံး ၀ယ်ယူ အသုံးပြုနေသလို မကြာခင် နောက်တစ်လုံး ၀ယ်ယူဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့ အသင်းကို ကူညီတောင်းလာရင် ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး အကူအညီပေးနေပါတယ်” ဟု သူက ဆက်ဆိုသည်။
“ အခုလို မီးသဂြိုလ်စက် တစ်လုံးရှိတော့ မြို့အတွက် အရမ်းတန်ဖိုးရှိတယ်။ မဟုတ်ရင် ထင်းတွေပုံပြီး မီးသဂြိုင်္လ်ရတော့ အဆင်မေပြဘူးလေ။အခု ဦးဆောင်ဆောက်လုပ်ပေးတဲ့ အခမဲ့ နာရေး ကူညီမှုအသင်းကိုရော လှူဒါန်းခဲ့တဲ့ စေတနာရှင် တွေကိုရော အထူးကျေးဇူးတင်ပါတယ်။ သူတို့ စေတနာအတွက် သာဓု ခေါ်ပါတယ်” ဟု သံတွဲ ဒေသခံ ဦးဆန်းဦးက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: