Wednesday, November 12, 2014

အမေရိကန်ရေတပ်မှ စစ်ရေယာဉ်တစ်စင်းအမေရိကန်သမ္မတ လုံခြုံရေးကို ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့လာမည်

အမေရိကန် သမ္မတလုံခြုံရေးအတွက် အမေရိကန် ရေတပ်မှ စစ်ရေယာဉ် တစ်စင်း လုံခြုံ ရေး လာရောက်ဆောင်ရွက်ရန်အ တွက် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၁ရက်ညတွင်ရောက် ရှိလာမည်ဖြစ်သည့် အဆိုပါရေယာဉ် သည် အမေရိကန်ရေတပ်မှ စစ်ရေ ယာဉ် USS peleliu (LHA-5) ဖြစ် ပြီး ၄င်းစစ်ရေယာဉ်သည် ရခိုင်ကမ်း ရိုးတန်းပင်လယ်ပြင်ကို နိုဝင်ဘာ ၁၁ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ မြန်မာရေတပ်မှ ဖရီးဂိတ်တစ်စီးနှင့် စစ်ရေယာဉ်နှစ်စီးသည်လည်း အဆို ပါ ရခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်သို့ ရောက်ရှိနေပြီး နှစ်ဖက်စစ်ရေယာဉ် များမှ ရေတပ်တပ်ဖွဲ့ဝင်များတွေ့ဆုံ သွားမည်ဖြစ်ကြောင်း မြန်မာ navy ဝက်ဘ်ဆိုက်တွင် တရားဝင်ဖော်ပြ ထားသည်။
ယင်းနှင့်ပတ်သက်၍ နေပြည် တော်ရှိ အာဆီယံလုံခြုံရေးဆပ်ကော် မတီမှ ရဲမှူးကြီးဇော်ခင်အောင်က ''အမေရိကန်သမ္မတရဲ့ လုံခြုံရေးအ တွက် အမေရိကန်ရေတပ်က စစ်ရေ ယာဉ်တစ်စင်း မြန်မာနိုင်ငံကို လာ ရောက်မယ်ဆိုတာ ဟုတ်ပါတယ်။သူတို့သမ္မတရဲ့လုံခြုံရေးအတွက် အ ရန်သင့် လာရောက်စောင့်နေကြတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လဲ လုံခြုံရေးကို အမြင့်ဆုံး ဆောင် ရွက်ထားတာပါ''ဟု ပြောသည်။
အာဆီယံအစည်းအဝေးကျင်း ပနေစဉ်အတွင်း မြန်မာတစ်နိုင်ငံလုံး ၏လုံခြုံရေးကို စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း၊ လုံခြုံရေးကို အမြင့်ဆုံးအနေဖြင့် အနီရောင်အဆင့်အဖြစ် သတ်မှတ် ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။
နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ် မှ တာဝန်ရှိသူတစ်ဦးက ''အခုဆို အင်တာပိုလ်နဲ့လဲ ပူးပေါင်းပြီး လုံခြုံ ရေးအရ ရေဆိပ်၊ လေဆိပ်တွေမှာ ဆောင်ရွက်နေပါတယ်။ အမြင့်ဆုံး အနေအထားပေါ့။ လုံခြုံရေးအပိုင်း ကို စစ်တပ်ကလဲ တာဝန်ယူထားတာ တွေ ရှိပါတယ်''ဟု ပြောသည်။
ထို့အပြင် နိုင်ငံ့ခေါင်းဆောင် များ၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဝင်းနိုင်ထွန်း ဦးစီးပြီး ရဲမှူးကြီး ၁၈ဦးကို နိုင်ငံ့ ခေါင်းဆောင် တစ်ဦးချင်းစီအလိုက် လုံခြုံရေးလုပ်ဆောင်ရန် စီစဉ်ဆောင် ရွက်ထားကြောင်း သိရသည်။
၂ဝ၁၂ခုနှစ် နိုဝင်ဘာလအ တွင်းက အမေရိကန်သမ္မတ မြန်မာ နိုင်ငံသို့ လာရောက်စဉ် အချိန်က လည်း မြန်မာ့ပင်လယ်ပြင်မုတ္တမကွေ့ သို့ အမေရိကန်ရေတပ်မှ စစ်ရေ ယာဉ်တစ်စင်း လာရောက်ခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Yangon Media Group၊ ဓာတ်ပုံ- Myanma NAVY)

No comments: