မြန်မာနိုင်ငံသည်တောင်အာရှနှင့် အရှေ့တောင် အာရှ၏ အဓိကထွက်ပေါက်ဖြစ် သည့်အတွက် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ထားဝယ်ရေ နက်စီမံကိန်း၊ ကျောက်ဖြူအ ထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံ ရေးနှင့် မြန်မာနိုင်ငံ၏ စက်မှုဇုန် များတွင် ရင်းနှီးမြှုပ်နှံရေးတို့ကို သမ္မတဦးသိန်းစိန်နှင့် အိန္ဒိယ၀န် ကြီးချုပ် နရန်ဒရာမိုဒီတို့ သီးသန့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
သမ္မတဦးသိန်းစိန်နှင့် တွေ့ ဆုံဆွေးနွေးမှုမှာ ကျေနပ်ဖွယ် ကောင်းကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေးအရ မျှော်မှန်းချက် အမျိုးမျိုးတွင် ရေရှည်တည်တံ့စေ မည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ ကြောင်းနှင့် ယဉ်ကျေးမှု၊ ကုန် သွယ်မှုနှင့် ကူးသန်းရောင်းဝယ် ရေး၊ ဆက်သွယ်သွားလာရေးတို့ တွင် ခိုင်မာသည့် ပေါင်းကူးဆက် သွယ်မှုများ ဖြစ်ပေါ်လာရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ၀န်ကြီးချုပ် မိုဒီက တွေ့ဆုံမှုအပြီး နာရီပိုင်း အတွင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ရေးသားထားသည်။
ထို့အပြင် ၀န်ကြီးချုပ် မိုဒီ ပြည်နယ် ၀န်ကြီးချုပ် လက်ထက်က ဂူဂျာရတ်ပြည်နယ်တွင် အောင်မြင်ခဲ့သည့် ဆင်းရဲနွမ်းပါး မှု လျှော့ချရေးလုပ်ငန်းစဉ်နှင့် ဆို လာစနစ်ဖြင့် ကျေးလက်မီးလင်း ရေးဆောင်ရွက်မှုများကို သမ္မတ ဦးသိန်းစိန်က ဆွေးနွေးခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြော သည်။
‘‘အဓိကက နှစ်နိုင်ငံကြားကုန်သွယ်မှုမှာ ၁ ဒသမ ၆ ဘီလီ ယံပဲရှိသေးလို့ ဒါကို မြှင့်တင်ရေး၊ အသေးစား၊ အလတ်စား စက်မှု လုပ်ငန်းနဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးပါတယ်။ မြန်မာက အ ချက်အချာကျတော့ ဒီထားဝယ် တို့၊ ကျောက်ဖြူတို့မှာ သူတို့စက် ရုံတွေ လာတည်ပြီး ပစ္စည်းတွေ ပို့မယ်ဆို ပိုနီးသွားတာပေါ့။ ဒါကို အဓိက ဆွေးနွေးပါတယ်’’ ဟု ၎င်းက ပြောသည်။
ထို့ပြင် အိန္ဒိယနှင့် နယ်နိ မိတ်ထိစပ်နေသည့် ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ တွင် အခြေခံအဆောက်အအုံ ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူမှု စီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ပြည်နယ်အချင်းချင်း ပူး ပေါင်းဆောင်ရွက်ရေးနှင့် ညီအစ် မမြို့တည်ထောင်ရေး၊ နယ်စပ် ကုန်သွယ်ရေးဂိတ်များ ထပ်မံဖွင့် လှစ်ရေးနှင့် ချင်းတောင်ကို လမ်း ပန်းဆက်သွယ်ရေး ပိုကောင်းရန် အိန္ဒိယက အကူအညီပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။ နှစ်နိုင်ငံ နိုင်ငံခြားရေးမူဝါဒ ကို သီးသန့်မဆွေးနွေးဘဲ ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက်ကို လက်ခံသည့် နိုင်ငံ အချင်းချင်းဖြစ်၍ မူဝါဒ ကွာခြား မှုမရှိကြောင်း ၎င်းက ပြောသည်။
(သတင်းအရင်းအမြစ်- 7 Days News၊ ဓာတ်ပုံ- သမ္မတရုံး)
No comments:
Post a Comment