
“လှည့်ကင်းပတ်တဲ့အခါ မသင်္ကာလို့စစ်ဆေးရာကနေ အခုလိုဖမ်းမိလိုက်တာပါ”ဟု ရဲမှူးမြင့်သောင်းက နိရဉ္စရာသို့ ပြောကြားသည်။
ယခုဖမ်းမိခဲ့သည့်ဆယ်ကျော်သက်နှ စ်ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာမှ စိုးနိုင် (၁၆ နှစ်)နှင့် မောင်မောင်ထွန်း (၁၅ နှစ်) တို့ဖြစ်ပြီး ယင်းတို့နှစ်ဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၄ နာရီ ခန့်က မြောက်ဦးမြို့၊ ကံလှရပ်ကွင်းအတွင်းရှိ ကံလှတံတားပေါ်တွင် ဆိုင်ကယ်တစ်စီးအပါအဝင် လက်ကိုင်မိုဘိုင်းဖုန်း ၃ လုံးတို့ နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မြောက်ဦးမြို့မရဲစခန်းမှ ရဲအုပ်ကျော်စိုးက ထပ်မံ အတည်ပြု ပြောဆိုသည်။
“ဆိုင်ကယ်နဲ့ ဟန်းဆတ်တွေကို သူတို့ ပုဏ္ဏားကျွန်းကနေခိုးလာတာပါ” ဟု ယင်းက ဆက်ပြောသည်။
ဖမ်းဆီးရမိသူများနှင့်ပါရှိသော ဆိုင်ကယ်မှာ Lourjia အမျိုးအစား(အနက်ရောင်ပေါ်တွင် အပြာစတေ ကာကပ်)ဖြစ်ပြီး နံပါတ်မှာ ၃၃ယ/၈၂၁၄၇ ဖြစ်သည်ဟု ဆိုသည်။
အလားတူ လက်ကိုင်ဖုန်း ၃ လုံးမှာ Hello အမျိုးအစား ၁ လုံး၊ HTC အမျိုးအစား ၁ လုံးနှင့် HUAWEI အမျိုးအစား ၁ လုံးတို့ဖြစ်ကြောင်း သိရသည်။
“ဟန်းဆတ်တွေမှာ Sim Card တွေတော့ မပါဘူး။ Sim Card တွေကို ဖျက်ပစ်ခဲ့တာဖြစ်နိုင်တယ်”ဟု ရဲအုပ်ကျော်စိုးက သုံးသပ်ပြောသည်။
ဖမ်းဆီးရမိသူနှစ်ဦးကို လောလောဆယ် မြောက်ဦးမြို့မရဲစခန်းတွင် အမှုဖွင့် ထိန်းသိမ်းထားသော်လည်း သူတို့နှစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်မှဖြစ်သည့် အတွက် ပုဏ္ဏားကျွန်းမြို့နယ်သို့အမှုလွှဲ ပြောင်းပေးနိုင်ရန် စီစဉ်နေ ကြောင်း မြောက်ဦးမြို့မရဲစခန်းမှ ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment