Friday, December 19, 2014

မလေးရှားသို့ တရားမ၀င် သွားမည့် ဘင်္ဂလီများကို နယ်စပ်တွင် ကယ်တင်

ဖမ်းဆီးမိသော ဘင်္ဂလီ ၁၂ ဦးနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များ ( ဓါတ်ပုံ- The Daily Star)
ဖမ်းဆီးမိသော ဘင်္ဂလီ ၁၂ ဦးနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များ ( ဓါတ်ပုံ- The Daily Star)
မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းကနေ တရားမ၀င် သွားရောက်မည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၂ ဦးကို  လူမှောင်ခိုသမားများလက်မှ ဘင်္ဂလာ အာဏာပိုင်များက ကယ်တင်နိုင်ခဲ့သည်ဟု ဘင်္ဂလာဒေရှ့် အရာရှိများက ပြောသည်။
သူတို့အား ဘင်္ဂလာဒေ့ရှ် နိုင်ငံ မော်ချော့ခါလီကျွန်း (ရခိုင်အခေါ် မဟားဇိုးကျွန်း) မှ အိမ်တစ်အိမ်တွင် မလေးရှားသို့ စက်လှေဖြင့် ထွက်ခွာသွားရန် စုရုံးနေကြစဉ် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
သူတို့အား ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်စောစောပိုင်း ၁ နာရီ ၃၀ မိနစ်တွင် ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သူတို့ ၁၂ ဦးမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ ဖြစ်ကြပြီး ယင်းအထဲတွင် ၆ ဦးမှာ Sirajganj ဖြစ်ပြီး ၄ ဦးမှာ Narsinghdi ဖြစ်ကြောင်း ကျန် ၂ ဦးမှာ and Satkhira ဖြစ်ကြောင်း ဖေါ်ပြသည်။
သူတို့အား မော်ချော့ခါလီ ရဲစခန်းသို့ လွှဲပြောင်းလိုက်သည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: