ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ပြန်လည်ထွက်ခွာမည့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်
စားလှယ် မစ္စယန်ဟီးလီကို ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် စစ်တွေဒေသခံ ၃ဝဝ ခန့်က ထပ်မံဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများက ပြောသည်။
“သူ့အပြန်ခရီးကို နှုတ်ဆက်လိုက်တာပေါ့။ ကျွန်တော်တို့သတင်းကြားထားတာက သူ ၃
နာရီမှာ ဆင်းလာမယ် လို့လေ။ ဒါကြောင့် လူစုချိန်လည်းမရလိုက်တော့ဘူး။ ၃ဝဝ
လောက်ပဲပြလိုက်နိုင်တယ်”ဟု ဆန္ဒပြရာတွင် ဦးဆောင်ပါဝင် ခဲ့သူ
ရခိုင်လူမှုကွန်ရက်မှ ဦးစိုးနိုင်က ပြောသည်။
ဆန္ဒပြရာတွင် မစ္စယန်ဟီးလီ ရခိုင်သို့ရောက်ရှိခဲ့သည့်နေ့က ပြခဲ့သည့်
ဆိုင်းဘိုးများကို ကိုင်ဆောင်ကာ လေဆိပ် တွင်ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်ြး
ဖစ်သည်ဟု ဆိုသည်။
ယန်ဟီးလီသည် ဇန်နဝါရီလ ၁ဝ ရက်နေ့နံနက်ပိုင်းက စစ်တွေမြို့တွင် အရေးပေါ်
ပေါင်းစပ်ညှိနှိုင်းရေး စင်တာ (ECC)နှင့်တွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းတွင်
စစ်တွေမြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများတွေ့ဆုံခဲ့ေ
ကြာင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြို့မိမြို့ဖဦးသန်းထွန်းက ပြောသည်။
“သူဘက်ကပြောတာကတော့ ဘင်္ဂါလီတွေကို လူသားတစ်ယောက်လို အခွင့်အရေးပေးရမယ်၊ နောက်ပြီး နိုင်ငံသားဖြစ်ခွင့်လျှောက်တဲ့
အခါ အခွင့်အရေးပေးရမယ်လို့ပြောတယ်။ ရခိုင်တွေနဲ့ဘင်္ဂါလီ တည့်မတ်ကြဖို့ အချင်း ချင်း တွေ့ဆုံဆွေးနွေးဖို့လိုတယ်လို့ေ
ပြာတယ်။
ကျွန်တော်တို့ဘက်ကလည်း ပြောတာပေါ့လေ။ လူသားချင်း စာနာမှုအတွက် ကိုတော့
ပြောစရာမလိုပါဘူး။ ဒါပေမယ့် နိုင်ငံသားဖြစ်ခွင့် ပေးရမယ် ဆိုတာ ကတော့
ဘယ်ရမလဲ။ ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဖြစ်ခွင့်ဥပဒေနဲ့ညီတဲ့သူကိုမှ
ပေးလို့ရမှာလို့ ပြန်ပြော လိုက်ပါတယ်”ဟု သူက ဆိုသည်။
တွေ့ဆုံပွဲသို့တက်ရောက်လာသူများ
က ရခိုင်ပြည်နယ်ရှိ
နှစ်ဘက်လူ့အဖွဲ့နှစ်ရပ်ပဋိပက္ခများဆက်လက်မဖြစ် ပွားစေလိုလျှင်
မစ္စယန်ဟီးလီအနေဖြင့် ယခုရခိုင်ခရီးစဉ်နှင့်ပတ်သက်ပြီ
းအစီရင်ခံစာရေးသားရာတွင်
ဘက်လိုက်မှုမရှိဘဲ မျှမျှတတရေးသားပေးရန်လိုအပ်ပြီး
မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးတစ်မျိုး၏အမည်ကို
ဆက်လက်မသုံးစွဲရန်လိုသည်ဟု ယန်ဟီးလီကိုတိုက်တွန်းပြောကြား
ခဲ့ကြကြောင်းလည်း သိရသည်။
ယန်ဟီးလီသည် ရခိုင်ပြည်နယ်သို့ ဇန်နဝါရီလ ၈ ရက်နေ့ကရောက်ရှိနေခဲ့ခြင်းဖြစ်
ပြီး စစ်တွေနှင့် မြေပုံမြို့များရှိ နှစ်ဘက် လူ့အဖွဲ့အစည်းများ၏ ဒုက္ခသည်စခန်းများအပြင် နှစ်ဘက်လူ့အသိုင်းအဝိုင်းများနှ
င့်တွေ့ဆုံခဲ့ပြီး ဇန်နဝါရီလ ၁ဝ ရက်နေ့၊ ညနေ ၃ နာရီခွဲခန့်တွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာသွား
ခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment