Wednesday, February 4, 2015

ဝှိုက်ကတ် ကိုင်ဆောင်သူများ မဲပေးခွင့်ပြုခြင်း အပေါ် ရခိုင်အမျိုးသားပါတီမှ ကြေငြာချက်ထုတ်ကန့်ကွက်

statement-of-anp-on-3-feb
ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပြသည့် ပြည်ထောင်စုလွတ်တော်တွင်  ပြည်လုံးကျွတ် ဆန္ဒမဲထည့်ရာ တွင် နိုင်ငံသား ဟုတ် မဟုတ်ကို စိစစ်နေသည့် အဖြူရောင်ကတ် ကိုင်ဆောင်သူများ မဲပေးခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည့်အပေါ် ရခိုင်အမျိုးသား ပါတီမှ ကြေငြာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။
အဆိုပါ ကြေငြာချက်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကြေငြာချက်တွင် အချက် (၄) ချက်ကို အဓိက ဖော်ပြထားသည်။
ခေတ်အဆက်ဆက် တိုင်းပြည်နှင့် လူမျိုး၏ ရည်ရှည် အကျိုးကို မကြည့်ဘဲ ရွေးကောက်ပွဲ တစ်ပွဲ အနိုင်ရရှိရေးကိုသာ ရှေ့ရှု လုပ်ဆောင်သော ညံ့ဖျင်းနိမ့်ကျသည့် နိုင်ငံရေးသမား အမည်ခံများ၏ ကိုယ်ကျိုးကြည့် လုပ်ဆောင်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ခိုးဝင်ဘင်္ဂလီများအရေးသည် ဤမျှကြီးထွားလာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ကိုယ်ကျိုးကြည့်သော နိုင်ငံရေးသမားအမည်ခံများကသော်လည်းကောင်း၊ လက်ရှိ လွှတ်တော် အသီးသီးက သော်လည်းကောင်း မည်သို့ပင်ဆုံးဖြတ်စေကာမူ ရခိုင်အမျိုးသားပါတီ အနေဖြင့် အဖြူကတ်ကိုင်ဆောင်သော ခိုးဝင် ဘင်္ဂါလီများ မဲပေးခွင့် မရရှိရေးနဲ့ ပတ်သက်၍ မလျှော့စတမ်း တိုက်ပွဲဝင်သွားမည်ဟု ဖေါ်ပြထားသည်။
ပြည်ထောင်စုလွတ်တော်တွင် ရခိုင်အမျိုးသားပါတီ လွတ်တော်ကိုယ်စားလှယ်များနှင့် အတူရည် တည်ပြီး ကန့်ကွက်မဲ ပေးခဲ့ကြသည့် ကိုယ်စားလှယ်များ နိုင်ငံရေးပါတီများကိုလည်း ကျေးဇူးတင်ကြောင်းနှင့် ဤအရေးတွင် လက်တွဲ တိုက်ပွဲဝင်ကြရန် ရခိုင်အမျိုးသားများသာမက မြန်မာ ပြည်တရပ်လုံးကိုလည်း တိုက်တွန်း နိုးဆောင် ရေးသားထားသည်။
အလားတူ ၀ှိုကတ် ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသည့်အပေါ် နာမည်ကြီးသတင်းစာ တစ်စောင်ဖြစ်သည့် Eleven Media Group မှလည်း အပြင်းအထန် ကန့်ကွက်ကြောင်း အချက် ၅ ချက်ပါ ကြေငြာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။
Eleven Media Group ၏ ကြေငြာချက်တွင် နိုင်ငံသားစိစစ်ဆဲ နိုင်ငံခြားသားများအား နိုင်ငံသားတို့၏ အမြင့်ဆုံး အခွင့်အရေးဖြစ်သော မဲပေးခွင့် ပေးအပ်ခြင်းမှာ တရားမဝင် နိုင်ငံခြားသားများအား နိုင်ငံသားအဖြစ် သွယ်ဝိုက် အသိအမှတ်ပြုခြင်း ဖြစ်သကဲ့သို့  နယ်စပ်ဒေသများမှ တဆင့် တရားမဝင် နိုင်ငံခြားသား အမြောက်အများ ဝင်ရောက်လာရန် ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေသည်ဟု ဖော်ပြထားသည်။
ယင်းအပြင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ကဲ့သို့ တစ်ဖက်နိုင်ငံမှ တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှု များပြားသော ပြည်နယ်များရှိ တိုင်းရင်းသားများ၏ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့်အား နိုင်ငံသား မဟုတ်သူများ၏ ဆန္ဒမဲ များဖြင့် ဖိနှိပ်ကန့်သတ်သကဲ့သို့ ဖြစ်စေပါသည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ အဖြူကတ် ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုသည့်အပေါ် ရခိုင်အမျိုးသားပါတီမှ မြေပုံမြို့ နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း သူ၏ ဖေ့စ်ဘုတ်တွင် “ဤဖြစ်ရပ်သည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများ တည်တံ့ရေးအတွက် ရခိုင်လူမျိုးများအနေဖြင့် ကိုယ့်ကံကြမ္မာကို ကိုယ်သာ ဖန်တီးရတော့မည်ဖြစ်ကြောင်း နောက်ထပ်အချက်ပြလိုက်သော သာဓကတစ်ခုပင်ဖြစ်ပါသည်” ဟု ရေးသားထားသည်။
အလားတူ စစ်တွေမြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်ကလည်း သူ၏ဖေ့စ်ဘုတ်တွင် “ ရိုဟင်ဂျာအမည်ခံလျက် သန်ကောင်စာရင်း အကောက်မခံခဲ့သော ၀ှိုက်ကတ်သူ ကုလားများကို ဆန္ဒမဲပေးခွင့်ပြုခြင်းသည် မိမိထွေးထားသော တံတွေးကို ပြန်လည်ကောက်ယူ မျိုချရာရောက်နေကြောင်း သိရှိသင့်၏” ဟု ရေးသားထားသည်။
ဖော်ဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပသည့် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့တွင် ၀ိုကဒ်ကိုင်ဆောင်သူ ဘင်္ဂါလီလူမျိုးများ ပြည်သူဆန္ဒခံယူပွဲတွင် မဲပေးခွင့်ကိစ္စ ဆွေးနွေးရာတွင် ရခိုင် အမျိုးသားပါတီမှ လွတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးဘရှိန်၊ ဒေါ်ခင်စောဝေ၊ ဦးထွန်းအောင်ကျော်၊ ဒေါက်တာအေးမောင်တို့မှ မဲပေးခွင့် မရရှိရေး အတွက် ကန့်ကွက်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုးရေးပါတီမှ ဘူးသီးတောင်မြို့နယ် လွတ်တော်ကိုယ်စားလှယ် ဘင်္ဂလီလူမျိုး ဦးရွှေမောင်၊ “၀”ကိုယ်စားလှယ် တစ်ဦးနှင့် မိုင်းလားကိုယ် စားလှယ် တစ်ဦးမှ ထောက်ခံကြောင်း ဆွေးနွေးခဲ့ကြသည်။
နောက်ဆုံး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ ၃၂၈ ဦး၊ ကန့်ကွက်သူ ၇၉ ဦး၊ ကြားနေသူ ၁၉ ဦး ရှိခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: