ရခိုင်ပြည် မြောက်ဦးမြို့ရှိ နန်းတော်ရာကုန်းနှင့် အရှေဘက် တစ်မိုင်ခန့်အကွာတွင် ကိန်းဝပ်လျှက်ရှိနေသည့် ရန်နိုင်/ ရန်ကာဘုရားခေါ် အရှေ့ရန်နိုင်ဘုရားနှင့် အနောက်ရန်နိုင်ဘုရားနှစ်ဆူတို့ကို မြောက်ဦးမြို့မှ အလှူရှင်များ၏ ပြန်လည်ပြုပြင်ပေးမှုကြောင့် ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
မြောက်ဦးမြို့ နန်းရာကုန်းမြောက်ဦးမြို့ နန်းရာကုန်း၎င်းဘုရားမှာ မောင်သာကုန်းကျေးရွာ၏ အရှေ့မြောက်ဘက် နှစ်ဖာလုံခန့်အကွာ တောင်ကုန်းတစ်ခုပေါ်တွင် ချုံနွယ်ပိတ်ပေါင်းများအောက်၌ နှစ်ပေါင်းများစွာပြိုပျက်လျှက်ရှိနေခဲ့ရာ ၂၀၁၃ ခုနှစ် ဇန္န၀ါရီလ (၁)ရက်နေ့တွင် ဆင်အိုးကြီးကျေးရွာသားတချို့က ချုံနွယ်များထဲတွင် တွေ့ရှိလာခဲ့သည့်အတွက် (၁၃) ရက်နေ့တွင် ဆင်အိုးကြီး ကျေးရွာ၊ ရွာဟောင်းတောကျေးရွာမှ ရွာသူရွာသားများနှင့် ယခုပြုပြင်သူ (၃)ဦး ဖြစ်သည့်ဦးစောရွှေမောင်၊ ဦးအေးသန်း၊ ဦးမောင်မောင်တို့က ဆင်းတုတော် ကြီးတည်ရှိရာ တောင်ကုန်းကိုရှင်းလင်းပြီး အရှေ့ဘက်သို့ မျက်နှာမူနေသော ဆင်းတုတော်မှာ အကောင်းအတိုင်း ပက်လက်လှန်ကာတွေ့ရှိရပြီး တခြားဆင်းတုတော်တို့၏ ပျက်စီးကျိုးပဲ့နေသော အပိုင်းအစများကိုပါ တွေ့ရှိရကြောင်းသိရသည်။
၎င်းနေရာတွင် ဆင်းတုတော် နှစ်ပါးရှိကြောင်းနှင့် ယင်းဘုရားများမှာ ရန်နိုင်/ရန်ကာဘုရားများဖြစ်ကြာင်းနှင့် မြောက်ဦးခေတ်တွင် ဘုရင်မင်းဗာကြီး တည်ထားကိုးကွယ်ခဲ့သည့် ဘုရားနှစ်ဆူဖြစ်ကာ တစ်ပါးမှာအရှေ့ဘက်ကို မျက်နှာမူလျှက်ဖြစ်ပြီး တစ်ပါးမှာ အနောက်ဘက်ကို မျက်နှာမူ၍ဖြစ်ကြောင်း ရှေးဟောင်းသုတေသန ဒုတိယညွှန်ကြားရေးမှူးဟောင်း ရခိုင်သမိုင်းပညာရှင် ဦးကျော်ထွန်းအောင်၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ဘုရားများမှာ ရခိုင်ပြည်၏ ရန်အပေါင်းတို့မကျရောက်စေရန် ကာကွာစောင့်ရှောက်နိုင်ရန်အတွက် တည်ထားခဲ့သည့် ဘုရားများဖြစ်ကြောင်းသိရ၍ ပြန်လည်ပြုပြင် ထားခြင်းဖြစ်သည်။
ဆင်းတုတော်များမှာ မြောက်ခေတ်လက်ရာ ကျောက်ညိုဆင်းတုတော်များဖြစ်ပြီး အရှေ့ရန်နိုင်ဘုရား၏ ညာဏ်တော်မှာ (၂၃၀) စမ (၇ ပေ ၆ လက်မခွဲ) ရှိပြီး အနောက်ရန်ကာဘုရားမှာ (၂၅၃) စမ (၈ ပေ ၄ လက်မ) ရှိသည်။ (၁၉) ရက်နေ့တွင် မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနမှ ခွင့်ပြုချက်ဖြင့် ပက်လက်လန်နေသော ဆင်းတုတော်ကို လူအင်အား (၃၀၀) ခန့်ဖြင့် ဆွဲထူခဲ့ကြကာ (၂၄) ရက်နေ့တွင် နောက်တစ်ပါး၏ အစိတ်အပိုင်း (၃၇) တို့ကိုစုကာ ဆက်စပ်ပြီး ရှေးမူမပျက်တည်ထားပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
ထို့ပလ္လင်တော်မှာ မြေထဲတွင်နစ်မြုပ်နေသည့်အတွက် (၄) ပေခန့်တူဖေါ်ခဲ့ရကြောင်းသိရသည်။
မူလဆင်းတုတော်တို့မှာ ကျောက်လှိုဏ်ဂူအတွင်း ကိန်းဝပ်တော်မူခဲ့ကြသော်လည်း ယခုအခါ ကျောက်ဂူမှာ ပြိုပျက်သွာခဲ့ပြီးဖြစ်သည့်အတွက် မူလကျောက်ဂူအတိုင်း တည်ထားရန်လိုအပ်လျှက်ရှိသည်။
အဆိုပါဘုရားများအား ပြုပြင်နေစဉ်ကာတွင် အနီးတဝိုက်တွင်ရှိကြသည့် ချောင်းသစ်၊ ရွာဟောင်းတော၊ မောင်သာကုန်း၊ ပီးပင်ကုန်း၊ စေတီးကုန်း၊ ပရိန်ကုန်း၊ မြက်ရိတ်ကျွန်း၊ ဆင်အိုးကြီး၊ ဆင်အိုးချေ ကျေးရွာများမှ တာဝန်ခွဲဝေလျှက် ဘုရားဖူးလာကြသူများအား နေ့စဉ်နေ့တိုင်း ရခိုင်ရိုးရာမုန့်အမျိုးမျိုးတို့ဖြင့် ကျွေးမွေးလှူဒါန်း ကုသိုလ်ပြုခဲ့ကြသည်။
M U MM U M
ရှေးဟောင်းမင်းနေ မြို့တော်တစ်ခုဖြစ်သော မြောက်ဦးမြို့၏ အနီးပတ်ဝန်းကျင်၌ သုတေသနဌာနအနေဖြင့် လက်လှမ်းမမီနိုင်သော ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများ ရာနှင့်ချီ၍ ပြိုလဲပျက်စီးပြီး အဂါရဝ အခြေအနေသို့ ရာက်လျှက်ရှိကာ ယင်းသို့ပျက်စီးနေသောဘုရားပုထိုးများအား ချုံနွယ်များ ရှင်းလင်းပြုပြင်ပြီး ကား၊ သုံးဘီး၊ဆိုင်ကယ်၊ မြင်းလှည်းတို့သွားလာနိုင်ရန် ကျောက်ခင်းလမ်းငယ်တစ်ခု ဖောက်လုပ်ပေးနိုင်လျှင် ခရီးသွားရာသီ တွင်ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသည်များ သွားရောက်လေ့လာဖူးမျှော်နိုင်သည့် ယဉ်ကျေးမှု ပြတိုက်ငယ်တစ်ခု ဖြစ်လာနိုင်ပေသည်။