Friday, March 8, 2013

ကမ်းထောင်းကြီးတွင် ထွေလာဂျီမှောက်၍ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အပိုင် ကမ်းထောင်းကြီးကျေးရွာတွင် မတ်လ ၆ ရက်နေ့က ထွေလာဂျီတစ်စီး ချောက်ထဲကို ထိုးကျ တိမ်းမှောက်သွားသဖြင့် ကျေးရွာသား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။
 ဆေးရုံတွင် သတင်းမေးလာသူများကို တွေ့ရစဉ်။
ဆေးရုံတွင် သတင်းမေးလာသူများကို တွေ့ရစဉ်။
“ ရွာမှာက ရှင်ပြုပွဲရှိပါတယ်။ ရှင်ပြုပွဲအတွက် ငှက်ပျောပင်သွားခုတ်လို့ အပြန်မှာ တောင်စောင်းကအဆင်း လက်ကိုင် ပြုတ် ပြီး ထိန်းမရဘဲ ထော်လာဂျီပါ၊ လူတွေပါ တခါတည်း တောင်ချောက်ထဲကို ကျသွားခဲ့တာ ဖြစ်ပြီး တစ်ဦးသေပြီး သုံးဦး ဒဏ်ရာ ရသွားခဲ့ပါတယ် ” ဟု ကမ်းထောင်းကြီး ကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။
သေဆုံးသွားသူမှာ ကမ်းထောင်းကြီး ကျေးရွာမှ အဘ ဦးတင်ချေ ၏ သား အသက် (၃၀နှစ်)အရွယ် ဇော်သန်းချေ ဆိုသူဖြစ်သည်။
ထွေလာဂျီ တိမ်းမှောက်စဉ် ယာဉ်ပေါ်တွင် မောင်းနှင်သူ တဦး အပါအ၀င် စုစုပေါင်း ၅ ဦး စီးနှင်း လိုက်ပါလာသည်ဟု ဆိုသည်။
ထွေလာဂျီ မောင်သူမှာ လမ်းခုတ်လတ်မှ  ခုန်ဆင်းကျန် လိုက်သဖြင့် တစ်စုံတစ်ရာ ထိခိုက်ခိုက်မူ မရှိခဲ့သော်လည်း ထွေလာဂျီနှင့် အတူ ပါသွားသူ ၄ ဦးထဲတွင် တစ်ဦးသေပြီး သုံးဦး ဒဏ်ရာ ရသွားခြင်း ဖြစ်သည်။
“  ဒဏ်ရာရတဲ့ လူ ၄ ဦးထဲက ဒဏ်ရာပြင်းတဲ့ လူနှစ်ဦးကို အမ်း ဆေးရုံကို ယူသွားပါတယ်။ သေဆုံးသွားတဲ့သူက မင်းဘူးဆေးရုံကို ယူဆောင်စဉ်မှာ လမ်းမှာ ဒီကနေ့ မှာဘဲ ဆုံးသွားတာဖြစ်ပါတယ်။ ကျန်တဲ့ ဒဏ်ရာရသူ ၂ ဦးကိုတော့ ကမ်းထောင်းကြီး ဆေးရုံမှာ ဆေးကုသ နေပါတယ်” ဟုဆိုသည်။
ဒဏ်ရာ ရသူများ အထဲမှ မောင်သောင်းခင်မှာ အမ်း ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကိုသက်ခင်နှင့် ကိုလမုမောင်မှာ ကမ်းထောင်းကြီးဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိ ကြောင်း သိရသည်။
ယခုအခါ ထွေလာဂျီ မောင်းနှင်သူမှာ ထွက်ပြေးသွားပြီး သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းစစ်ဆေးမှု
 များပြုလုပ်နေသည်ဟု သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန- မောင်ရမ္မာ)

No comments: