Friday, March 22, 2013

တပ်မတော်(ရေ)အပါအ၀င် ပူးပေါင်းအဖွဲ့မှ ဘင်္ဂလီလူမျိုး (၇၉)ဦးအား မြိတ်မြို့နယ်အတွင်းတွင် ဒုတိယအကြိမ်ဖမ်းဆီးရမိ

တပ်မတော်(ရေ)အပါအဝင် ပူးပေါင်းအဖွဲ့မှ ဘင်္ဂါလီလူမျိုး (၇၉) ဦးအား မြိတ်မြို့နယ်အတွင်းတွင် ဒုတိယအကြိမ် ထပ်မံဖမ်းဆီးရမိ

ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂါလီလူမျိုး (၇၉) ဦးအား ၂၀၁၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့နှင့် (၁၉) ရက်နေ့များတွင် ပြည်သူများ၏ သတင်းပေးမှုဖြင့် တပ်မတော်(ကြည်း) ၊ 

တပ်မတော် (ရေ)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြိတ်မြို့နယ်အတွင်း ထပ်မံ ဖမ်းဆီးရမိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ကွမ်းသီးချောင်းကျေးရွာအနီး ချောင်းအတွင်း ဘင်္ဂါလီအများအပြား ရောက်ရှိနေကြောင်း သတင်းအရရှာဖွေ ဖမ်းဆီးခဲ့ရာတွင် ဘင်္ဂါလီ (၅၃) ဦးအား လည်းကောင်း၊

 နေ့လည်ပိုင်းတွင် စန္ဒ၀တ်ကျေးရွာအုပ်စု၊ ကျွဲကူးရွာ မြေပေါ် လွန်းကျင်းတွင် ဘင်္ဂါလီ (၁၀) ဦးအား လည်းကောင်း၊ အခြားနေရာများမှ (၈) ဦးအား လည်းကောင်း စုစုပေါင်း (၇၁) ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသော ဘင်္ဂါလီများအား စစ်ဆေးချက်အရ ဘင်္ဂါလီများ ကျန်ရှိနေသေးကြောင်း သိရှိရသဖြင့် မြိတ်မြို့နယ်အတွင်း ဆက်လက်ရှာဖွေခဲ့ကြရာ မတ်လ (၁၉) ရက်နေ့ ည (၇) နာရီ အချိန်ခန့်တွင် မြိတ်မြို့ မဇောကျေးရွာအုပ်စု၊ 

ရှမ်းထိန်ကျေးရွာအနီး ချောင်းကမ်းစပ် ဓနိတောများအတွင်းမှ ဘင်္ဂါလီ အမျိုးသမီး (၈) ဦးအား ၄င်းတို့ စီးနင်းအသုံးပြုခဲ့သည့် အလျား (၅၀) ပေ ၊ အနံ (၁၂) ပေ အရွယ်ရှိ မြင်းကောင်ရေ (၂၅) ကောင် တရုတ်အင်ဂျင်စက် (၂) လုံးတပ် သစ်သားလှေတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ကလည်း မြိတ်မြို့သို့ ခိုးဝင်လာသည့် ဘင်္ဂါလီလူမျိုး (၆၅) ဦးခန့်အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တဆင့် စစ်တွေမြို့ သက်ကယ်ပြင်ကျေးရွာနေ ဦးရှော်ဘီထံ အခကြေးငွေပေးပြီး ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်အတွက် သွားရောက်ရန် စက်လှေဖြင့် ထွက်ခွာလာစဉ် မြိတ်မြို့သို့ ရောက်ရှိလာခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သတင်းရရှိသည်။

Source- မြိတ်ပုလဲမြေ

Posted From Myanmar Navy

(သတင်းအရင်းအမြစ်- လေးမြို့ Webpages)

No comments: