အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း
တက္ကဆက်ပြည်နယ် အမာရီလိုမြို့ မြန်မာတိုင်းရင်းသားများ၏
နှစ်စဉ်ကျင်းပလျက်ရှိသော နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဧပြီလ (၁၄)ရက်
တနင်္ဂနွေနေ့တွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပကြမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
ထိုသို့
စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပနိုင်ရန်အတွက် သင်္ကြန်ပွဲတော်
ဖြစ်မြောက်ရေးကော်မတီတရပ်ကို လွန်ခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ထဲတွင်
အမာရီလိုမြို့ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးကျောင်း ၌ မြန်မာတိုင်းရင်းသား မိသားစုများက
အောင်မြောင်စွာဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရှိရသည်။
သင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက် ထူးခြားစည်ကားစေရန် သင်္ကြန်ပွဲဖြစ်မြောက်ရေးကော်မတီကို လုပ်ငန်းကော်မတီခြောက်ရပ်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီ၏ ဒုတာဝန်ခံ ဦးညီညီလွင်က အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
သင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက် ထူးခြားစည်ကားစေရန် သင်္ကြန်ပွဲဖြစ်မြောက်ရေးကော်မတီကို လုပ်ငန်းကော်မတီခြောက်ရပ်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီ၏ ဒုတာဝန်ခံ ဦးညီညီလွင်က အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
" ဒီနှစ်သင်္ကြန်ပွဲကို ထူးထူးခြားခြားနဲ့
အပြောင်းအလဲတွေဖြစ်အောင် သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီကို
လုပ်ငန်းကော်မတီခြောက်ခုနဲ့ အားဖြည့်ထားပါတယ်။ ဘဏ္ဍာငွေရှာဖွေရေး၊
ဖြေဖျော်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ စည်းကမ်းထိမ်းသိမ်းရေး၊
သတင်းနှင့်ပြန်ကြားရေးကော်မတီနှင့် သက်ကြီးပူဇော်ပွဲကော်မတီ ဆိုပြီးတော့
ကော်မတီခြောက်ရပ်ဖြင့် အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အမာရီလိုမြို့အနီးတ၀ိုက်မှာ ရောက်ရှိနေကြတဲ့ ကျနော်တို့
တိုင်းရင်းသားတွေကလည်း မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုအကအလှတွေကို
ထုတ်ဖော်ပြသဖျော်ဖြေကြမှာဖြစ်ပြီးတော့ တိုင်းရင်းသားရိုးရာ
အစားအသောက်တွေနဲ့လည်း ဧည့်ခံကျွေးမွေးကြမှာဖြစ်ပါတယ်။ " ဟု ဦးညီညီလွင်က ပြောဆိုသည်။
နှစ်သစ်အတာသင်္ကြန်ပွဲတော်နဲ့အတူ
သက်ကြီးပူဇော်ပွဲကိုပါ မြန်မာတိုင်းရင်းသားများ၏ ရိုးရာအစဉ်အလာနဲ့အညီ
တွဲဖက်ကျင်းပ ပူဇော်ကြမည်ဖြစ်ကြောင်း ဦးညီညီလွင်က ဆက်လက်ပြောကြားသည်။
" ကျနော်တို့တွေ ဘယ်နေရာ
ဘယ်ဒေသကိုရောက်ရောက် ကြီးသူကိုရိုသေဆိုတဲ့ မြန်မာတိုင်းရင်းသားတွေရဲ့
ရိုးရာယဉ်ကျေးမှုအစဉ်အလာ ထိန်းသိမ်းစောင့်ရှောက်မှုနဲ့အညီ
သက်ကြီးဝါကြီးရွယ်အိုတွေကို သင်္ကြန်ပွဲတော်ရက်မှာပဲ အခမ်းအနားပြုလုပ်ပြီး
လက်သည်းခြေသည်း ညှပ်ပေးခြင်းနှင့် လက်ဆောင်ပစ္စည်းများနဲ့
ရှိခိုးပူဇော်ကန်တော့ကြမှာပါ။ မြန်မာတိုင်းရင်းသား မျိုးဆက်သစ်လူငယ်များက
ကောင်းတဲ့ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေကို လေးစားအားကျ အတုယူတတ်လာအောင်ရယ်
ဒီပွဲကိုရောက်ရှိလာကြမယ့် နိုင်ငံခြားသားတွေကိုပါ ကျနော်တို့
မြန်မာတိုင်းရင်းသားတွေဟာ ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေကို
ထိန်းသိမ်းစောင့်ရှောက်ထားကြတယ်ဆိုတာကို သိရှိစေလိုတဲ့
ဆန္ဒရည်ရွယ်ချက်တွေလည်း ပါဝင်ပါတယ်။ " ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ ပွဲတော်အခမ်းအနား ဖြစ်မြောက်ရေးအတွက်
ခန်းမငှားရမ်းခ ကုန်ကျစရိတ်ငွေကို ဦးအေးနိုင်+ဒေါ်စမ်းလွင် (အေးဇမ်ဗျူ
မြန်မာကုန်စုံဆိုင်)မှ ပါဝင်လှူဒါန်း ကူညီအားဖြည့်ထားပြီး ရွှေဗွီဒီယို
ထုတ်လုပ်ပြသရေးမှ ဧပြီလ (၁၄)ရက် တနင်္ဂနွေနေ့တွင် အချိန်နဲ့တပြေးညီ
တိုက်ရိုက်ထုတ်လွင့် ပြသသွားမည်ဖြစ်ကြောင်း ဦးညီညီလွင်က ပြောကြားသွားသည်။
(သတင်းအရင်းအမြစ်- Arakantimes written by အာရ်ကန်တိုင်းမ်စ်)
No comments:
Post a Comment