
အဆိုပါ အပြန်အလှန် တိုက်ခိုက်ကြမည့် အဓိဂရုဏ်းမှာ စစ်တွေမြို့နယ် ကျက်တောပြင် ရခိုင် ကျေးရွာသားများနှင့် အောင်ဒိုင်ကျေးရွာ အုပ်စု ခေါင်တုတ်ကာ မွတ်ဆလင် ကျေးရွာသားများ အကြားတွင် ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
“ ပထမ ကျက်တောပြင်ရွာထဲကို ဘင်္ဂလီ အုပ်စု တစ်ခုက ၀င်လာတယ်လို့ ပြောတယ်။ အဲသလို ၀င်လာတော့ ရွာသားတွေက ဘာကြောင့် ၀င်လာတာလဲဆိုပြီး သင်္ကာမကင်း ဖြစ်ရာကနေ ဖမ်းတယ်။ တချို့ကို ဖမ်းမိတယ်။ တချို့က လွှတ်သွားတယ်။ လွှတ်သွားတဲ့ လူတွေက ရွာကိုသွားပြီး အကြောင်းကြားတော့ ခေါင်တုတ်ကာ ရွာက လူ ၂၀၀ ခန့် တုတ်တွေ၊ ဓါးတွေနဲ့ တက်လာကြတယ်။ ဒီဘက်ကလည်း အဆင်သင့် စောင့်နေတော့ တပ်က ချင်ချင်း ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရပါတယ်” ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
အရေးအခင်း ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဘင်္ဂလီကျေးရွာသားများနှင့် ရခိုင် ကျေးရွာများ အကြား တရွာနှင့် တရွာ အသွားအလာ မရှိကြဘဲ ရှိနေရာက ဘင်္ဂလီရွာသားများ ရုတ်တရက် ရွာထဲ ၀င်ရောက်လာရာမှ မသင်္ကာသဖြင့် ဖမ်းဆီးပြီး ကျေးရွာသားများက ရဲလက်သို့အပ်လိုက်သည်ဟု ဆိုသည်။
“ အခု လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရွာကို ရောက်သွားပါပြီ။ အချိန်မှီ တားဆီးနိုင်ခဲ့ပါတယ်။ ပြဿနာကတော့ မရှိတော့ဘူးလို့ ကြားရတယ်။ အခြေအနေ ပြန်တည်ငြိမ်သွားပြီလို့ ကြားရပါတယ်” ဟု ဦးအောင်မြကျော်က ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်အောင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ် မေးမြန်းရာ “ ခင်ဗျားဖုံး အသံ မကြားရဘူး။ ဘာမှ မကြားရရဘူး” ဟုဆိုကာ ဖုံးချသွားခဲ့သည်။ နောက်ထပ် ဆက်သွယ်သော်လည်း မရရှိခဲ့တော့ပါ။
ဖမ်းဆီး အရေးယူမူများ ရှိကြောင်း သိရှိရသော်လည်း အသေးစိတ် သိရှိရခြင်း မရှိပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment