
“ ဘုရားဂေါပမှာ ရံပုံငွေနည်းနေတဲ့အတွက် ဒီနှစ် သျှစ်သောင်း ဘုရားပွဲတော်ကို မကျင်းပနိုင်ဘူးလို့ ပြောတယ်။ နှစ်စဉ် အစဉ်အလာမပျက် ကျင်းပနေတဲ့ ဘုရားပွဲတော်ကို ရံပုံငွေ အခက်အခဲကြောင်း မကျင်းပနိုင်ဘူးဆိုရင် ဒါက မဖြစ်သင့်ဘူးလေ။ ဒါကြောင့် ဘုရားပွဲတော် ကျင်းပရေးကို မြို့လူထုက လွဲပြောင်း ယူလိုက်ပြီး ဒီနှစ်မှာ အထူး စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပွဲတော်တွင် ပါဝင်သော ရခိုင်ရိုးရာ လှေပြိုင်ပွဲ (ပြိုင်လောင်းပွဲ)၊ ကျင်ပွဲနှင့် ဘော်လုံးပွဲများကို မြောက်ဦးမြို့ပေါ်ရှိ စီပွားရေး လုပ်ငန်းရှင်များနှင့် တက်ကြွသော မြို့မိမြို့ဖများမှ အဖွဲ့လိုက် တာဝန်ခွဲဝေယူကာ ကျင်းပသွားမည်ဟု ဆိုသည်။
“ ပွဲတော်ကို မေလ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ ၅ ရက်တိုင်တိုင် ကျင်းပမှာ ဖြစ်ပါတယ်။ ညဥ့်ပွဲတော့ ကျင်းပမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြိုင်ပွဲတွေရဲ့ ဆုကြေးတွေကိုတော့ နှစ်ဆ သုံးဆတိုးမြှင့် ချီးမြှင့်သွားပါမယ်” ဟု ဆိုသည်။
ယခင်က ဘော်လုံးပြိုင်ပွဲတွင် ပထမဆုကို ကျပ်ငွေ (၂) သိန်းသာ ချီးမြှင့်ခဲ့သော်လည်း ယခုနှစ်တွင် ပထမဆုကို ကျပ် (၇) သိန်းထိ တိုးမြှင့် ချီးမြှင့်မည် ဖြစ်ပြီး ဒုတိယဆုကို ကျပ် (၄) သိန်းနှင့် တတိယဆုကို ကျပ် (၃) စီ ချီးမြှင့်သွားမည်ဟု ဆိုသည်။
၎င်းပြင် ရခိုင်ရိုးရာ ကျင်ပွဲတွင်လည်း ပထမဆုကို ရွှေသား တစ်ကျပ် အလေးချိန် တိတိ ချှီမြှင့် သွားမည် ဖြစ်ကြောင်း၊ ဒုတိယ ဆုကို (၈) ပဲအထိ ချီးမြှင့် မည် ဖြစ်ကြောင်း ကျင်ပွဲ ကျင်းပရေး ကော်မီတီ အဖွဲ့ဝင် ဦးအောင်သိန်းက ပြောသည်။
မြောက်ဦးမြို့တွင် နှစ် စဉ်ကျင်းပလေ့ရှိသော ဘုရားပွဲတော်ကို သျှစ်သောင်းဘုရားပွဲတော်ဟု အများက ခေါ်ဆိုသော်လည်း အမှန်မှာ ထုက္ကန်သိမ်၊ အံတော်သိမ် ဘုရားများကိုပါ တပါတည်း ကျင်းပ ပြုလုပ်ကြသည်ဟု သိရသည်။
မြောက်ဦး သျှစ်သောင်း ဘုရားပွဲတော်မှာ အထူး စည်ကားသော ရခိုင်ပြည်နယ်ထဲမှ ဘုရား ပွဲတော် တစ်ခု ဖြစ်ပြီး မိုးရာသီ မလာမှီ ကျင်းပသော သွေ့ခြောက် ရာသီ တစ်ခု၏ နောက်ဆုံးပွဲတော် ဖြစ်သဖြင့် အထူး စည်ကားသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment