01B23 ဆိုင်ကလုန်းမုန်တိုင်းဟာ ဆက်လက်အားကောင်းနေပါတယ်။ ပထမပိုင်းမှာ မြန်မာနိုင်ငံရှိရာ အရှေ့မြောက်ဖက်ကို ဦးတည်ရွေ့လာနေတဲ့အတွက် မြန်မာ့ကမ်းရိုးတန်းအတွက် Urgency and Emergency လုပ်ငန်းတွေ လှုပ်လှုပ်ရွရွဖြစ်သွားခဲ့ရပါတယ်။
အခုတော့ မြန်မာနိုင်ငံနဲ့ဝေးရာ အနောက်မြောက်- မြောက်အနောက်ယွန်းယွန်းကို ဦးတည်ရွေ့နေပါပြီ။ ဒါပေမယ့်လည်းဒါဟာ မေလ(၁၂)ရက် (တနင်္ဂနွေနေ့) နေ့လည်ပိုင်းလောက်အထိသာ သွားမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အရှေ့မြောက်ဖက်ကို ပြန်လည်ကွေ့ပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံကြား ကမ်းခြေကို ဦးတည်ရွေ့လျားပါလိမ့်မယ်။
မေလ(၁၅)ရက်နေ့ ညနေပိုင်းမှာ မောင်တော(မြန်မာနိုင်ငံ)နဲ့ စစ်တကောင်း (ဘင်္ဂလားဒေ့ခ်ျ) မြို့များ ကြားက ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဖြတ်ကျော်စဉ်မှာ အင်အား ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ၀င်ရောက်မှာဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် (၉၅-၁၀၅) မိုင်နှုန်း လောက်ရှိတဲ့ လေများ တိုက်နိုင်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းကမ်းခြေများကို မုန်တိုင်းဒီရေ အမြင့် (၅-၇)ပေခန့်တက်နိုင်ပါတယ်။
ဒေါက်တာထွန်းလွင် (MCCW)
No comments:
Post a Comment