Friday, May 31, 2013

ရှမ်းတွေလည်း လူရိုင်းတွေ ဖြစ်ကုန်တော့မယ်

ရခိုင်အရေးအခင်း ဖြစ်တုန်းက ပြဿနာရဲ့ ဇစ်မြစ်ကို အသေအချာ မလေလ့ာဘဲ ရခိုင်တွေကိုဘဲ တဘက်သတ် လူရိုင်းတွေ၊ မယဉ်ကျေးသူတွေ၊ ရန်လိုသူတွေ  အဖြစ် သတင်းဌာနကြီး တချို့က ပုံဖေါ် ပြောဆိုခဲ့တာတွေ ရှိသလို၊ အဖွဲ့အစည်း တချို့၊ လူပုဂ္ဂိုလ် တချို့ကလည်း ဒီလိုဘဲ ထပ်တူ ပြောဆိုမူတွေ ရှိခဲ့ပါတယ်။
poster_for_shan_national_dayအဲဒီတုန်းက ရခိုင်ဘက်မှာ ပြဿနာတွေနဲ့ မီးဟုန်းဟုန်းတောက်လောင်နေတဲ့ အတွက် ဘာမှ တုန့်ပြန် မပြောခဲ့ဘဲ တိတ်တိတ်ကလေးသာ နေခဲ့ပါတယ်။ ပြောချင်စရာတွေက ရင်ထဲ အပြည့်ပါ။ ပြန်ပြောရင်လည်း အင်အားနည်းနေတဲ့ ရခိုင်တွေကိုဘဲ အပြစ်တွေ ထပ်တင်လာကြမှာမို့ ဆိတ်ဆိတ် ကလေး နေခဲ့ပါတယ်။
ရခိုင်ပြဿနာပြီးတော့ မိတ္ထိလာမှာ ဖြစ်တယ်။ အဲဒီကတဆင့် နေရာ အတော်များများကို ကူးစက် ပျံ့နှံ့ပြီး ပဲခူး တိုင်းဒေသကြီး  အနောက်ခြမ်း နေရာတချို့နဲ့  ဥက္ကံမြို့မှာ ထပ်ဖြစ်တယ်။ အခု တစ်ခါ ရှမ်းပြည်နယ် လားရှိုးမှာ ထပ်ဖြစ်တယ်။
ပြောချင်တာကတော့ ရခိုင်တွေကို ဘင်္ဂါလီ မွတ်ဆလင် ဘာသာဝင်တွေနဲ့ အဓိဂရုဏ်းတွေ ဖြစ်တဲ့ အတွက် အရိုင်းတွေ၊ မယဉ်ကျေးတဲ့သူတွေ၊ ရန်လိုသူတွေလို့ အဲသလိုမျိုး ပုံဖေါ် စွပ်စွဲ သတ်မှတ်ရင် ဗမာတွေကော ယဉ်ကျေးပါရဲ့လား။ အခုတော့ ရှမ်းပြည်နယ်မှာ ထပ်ဖြစ်တယ်။ ရှမ်းတွေကော ယဉ်ကျေးပါရဲ့လား။
ဒီအတိုင်းဆို ရှမ်းတွေလည်း လူရိုင်းတွေ ဖြစ်ကုန် ကြပါတော့မယ်။
တရုတ်မှာ ဟန်တရုတ်တွေနဲ့ ၀ိဂါ မူဆလင်တွေ ဖြစ်ကြတယ်။ သေကြတယ်။ မီးရှို့ ဖျက်ဆီး ခံကြရတယ်။ အများကြီးပါဘဲ။ တရုတ်တွေကို မယဉ်ကျေးတဲ့သူတွေ၊ အရိုင်းတွေလို့ သတ်မှတ်လို့ ရနိုင်ပါ့မလား။ အိန္ဒိယမှာ ဟိန္ဒူနဲ့ မွတ်ဆလင်တွေ ဘာသာရေး အဓိဂရုဏ်းတွေ ဖြစ်နေကြတာ ခဏခဏ ပါဘဲ။ အစ္စလာမ်ဘာသာဝင်တွေ အကြားမှာတောင် ဆိုနီနဲ့ ရှီယက် ကိုးကွယ်သူတွေ အကြားမှာ တိုက်ကြ၊ ခိုက်ကြ၊ သေနေကြတာ နေ့တိုင်းပါဘဲ။ သူတို့ကိုကော မယဉ်ကျေးတဲ့ သူတွေလို့ သတ်မှတ် ပြောဆိုလို့ရနိုင်ပါ့မလား။
လူမျိုးရေး ဘာသာရေး အဓိဂရုဏ်း ဖြစ်တယ်ဆိုတာ လူမျိုး တစ်မျိုး ယဉ်ကျေးတယ်၊ မယဉ်ကျေးမူ ဆိုတာနဲ့ မသက်ဆိုင်ပါဘူး။ လူမျိုးရေး ဘာသာရေး အဓိဂရုဏ်း ဆိုတာ လူသား မျိုးနွယ် တစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် လူမျိုးရေး ဘာသာရေး အဓိဂရုဏ်း ဖြစ်တိုင်း ပြဿနာရဲ့ အရင်းအမြစ်ကို အသေအချာ မလေ့လာ မဆန်းစစ်ဘဲ အရိုင်းအစိုင်းတွေ၊ လူ့ယဉ်ကျေးမူတွေကို နားမလည်တဲ့သူတွေလို့ ပုံဖေါ်စွပ်စွဲ ပြောဆိုမယ် ဆိုရင် မှားသွားနိုင်ပါတယ်။ အကယ်၍ စွပ်စွဲမယ်ဆိုရင်တော့ ဒါဟာ တရားနည်းလမ်း မကျဘူးလို့ ပြောဆိုရမှာ ဖြစ်ပါတယ်။
အခု လားရှိုးမှာ ဖြစ်တဲ့ ဖြစ်စဉ်ကို ကြည့်ပါ။  ဓါတ်ဆီရောင်းနေတဲ့ ဗုဒ္ဓဘာသာ ဗမာ အမျိုးသမီး တစ်ဦးကို မွတ်ဆလင် တစ်ဦးက ဓါတ်ဆီ သွန်ပြီး မီးရှို့တိုက်ခိုက်တယ်။ ဒဏ်ရာပြင်းထန်တဲ့ အတွက် ဆေးရုံကို အတွင်းလူနာ အဖြစ် တင်လိုက်ရတယ်။ ဒီလို ကျူးလွန် စော်ကားမူ အပေါ်မှာ ဘာသာ တူတွေက မခံရပ်နိုင် ဖြစ်ကြတယ်။ ဗလီတွေ ဈေးဆိုင်တွေကို လက်တုန့်ပြန်တိုက်ခိုက်ကြတယ်။ ခုလို ပြဿနာမျိုး  အစ္စလာမ်ဘာသာဝင်တွေ အများစုနေတဲ့ တိုင်းပြည် တစ်ခုမှာ ဖြစ်ကြည့်ပါလား။ မွတ်ဆလင် အမျိုးသမီး တစ်ဦးကို ဗုဒ္ဓဘာသာ တစ်ဦးက ဓါတ်ဆီ သွန်ပြီး မီးရှို့ကြည့်ပါလား။ ဘာဖြစ်သွားမလဲ။ ( မယုံရင် စမ်းကြည့်ပါ)
ပဋိပက္ခ ဖြစ်စဉ်တိုင်းမှာ အကြောင်းနဲ့ အကျိုး အစဉ် အမြဲ ဆက်စပ် ဒွန်တွဲ ရှိနေတတ်ပါတယ်။ ဒါကြောင့် ဘာသာရေး လူမျိုးရေး အဓိဂရုဏ်းဖြစ်တိုင်း လူရိုင်းတွေ၊ မယဉ်ကျေးတဲ့သူတွေ အဖြစ် စွပ်စွဲ လက်ညိုး ထိုးမယ်ဆိုရင်တော့ ကမ္ဘာကြီး တစ်ခုလုံးကို မယဉ်ကျေးသေးတဲ့ ကမ္ဘာအဖြစ် လက်ညိုး ထိုးကြရမှာ ဖြစ်ပါတယ်။ လူမျိုး တစ်မျိုး အပေါ်မှာသာ ခုလို စွပ်စွဲမူ ဝေဖန် ပြစ်တင်မူတွေ ရှိနေရင်တော့ ဒါဟာ လူမျိုးရေး အရ တမင်သက်သက် စော်ကား မူတစ်ခုလို့ဘဲ သတ်မှတ်ကြရမှာ ဖြစ်ပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- ကွန်ချုပ်ကေ(စစ်တွေ)
---------------------------------------------------------------------------------------------------------------------
ယခုဖော်ပြထားသောအကြောင်းအရာများမှာ စာရေးသူ၏ အာဘော်သာဖြစ်ပြီး ဘလော့ဂ်ရေးသူ၏ သဘောထားအာဘော်များမဟုတ်ပါကြောင်း ရှင်းလင်းတင်ပြပါသည်။

No comments: