Wednesday, June 19, 2013

ဘင်္ဂလားဒေ့ခ်ျအစိုးရအနီးကပ်စောင့်ကြည့်ခံရတဲ့ နိုင်ငံခြားကျောင်းသားတွေအထဲမှာ

- See more at: http://www.narinjara.com/burmese/?p=5903#sthash.gFDVPd3p.dpuf
ဘင်္ဂလာဒေခ်ျ့
 အစိုးရရဲ့ အနီးကပ် စောင့်ကြည့်ခံရတဲ့ နိုင်ငံခြား ကျောင်းသားတွေ အထဲမှာ
မြန်မာဘက်က လာတဲ့ ကျောင်သားတွေလည်း ပါဝင်တယ်လို့ ဇွန်လ ၉ ရက်နေ့ထုတ်  The
New Age သတင်းစာမှာ ဖေါ်ပြပါတယ်။<br />
<a href="http://www.narinjara.com/burmese/wp-content/uploads/2013/06/asian-university-of-bangladesh-aub.jpg"><img alt="asian-university-of-bangladesh-aub" class="alignright size-medium wp-image-5904" src="http://www.narinjara.com/burmese/wp-content/uploads/2013/06/asian-university-of-bangladesh-aub-300x225.jpg" height="225" width="300" /></a>ဘင်္ဂလာဒေခ်ျ့
 အစိုးရက သက်ဆိုင်ရာ ပြည်ထဲရေးနဲ့ ပညာရေး ၀န်ကြီးဌာနတွေ အနေနဲ့
နိုင်ငံခြား ကျောင်းသားတွေကို သူတို့ရဲ့ နိုင်ငံကူ လက်မှတ်နဲ့ ဗီဇာတွေကို
စစ်ဆေးဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်လိုက်ပြီးတဲ့ နောက်မှာ နိုင်ငံခြားက
စာလာသင်တဲ့ ကျောင်းသားတွေကို အခုလို အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်နေတာ
 ဖြစ်တယ်လို့ ဆိုပါတယ်။<br />

ဒါ့ပြင် ဘင်္ဂလာဒေခ်ျ့ အစိုးရက နိုင်ငံခြား ကျောင်းသားတွေရဲ့ လူပ်ရှားမူတွေကို မျက်ခြေမပြတ် စောင့်ကြည့်ရန်နဲ့ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေရဲ့ ဗီဇာ သက်တမ်း ရှိမရှိကို စစ်ဆေးဖို့ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ ပညာရေး ၀န်ကြီးဌာနကို ညွှန်ကြားလိုက်တယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။
ဒါပြင် သက်ဆိုင်ရာ ကျောင်းအုပ် ဆရာကြီးတွေ အနေနဲ့ ကျောင်းသားတွေ  အတွက် စစ်သွေးကြွ ဆန့်ကျင်တဲ့ အခမ်းအနားတွေ၊ ဆွေးနွေးပွဲနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မူတွေကို ဖန်တီး ကြံဆောင်တဲ့ ဆွေးနွေးပွဲတွေကိုလည်း ပြုပ်လုပ်ပေးဖို့လည်း တောင်းဆိုထားတယ်လို့ ပြောပါတယ်။
ဘင်္ဂလာဒေခ်ျ့က တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ ဆေးကျောင်းတွေနဲ့ ပုဂ္ဂလိက ကျောင်းတွေမှာ စာလာသင်တဲ့  နိုင်ငံခြားက ကျောင်းသား အရေအတွက်ဟာ ၂၀၁၂ ခုနှစ် ဒီဖင်္ဘာလ ၃၁ ရက်နေ့ထိ ၃၅၀၀ ခန့် ရှိပြီး သူတို့တွေဟာ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ ပါကိစ္စတန်၊ ယီမင်၊ ဂါနာ၊ သီရိလင်္ကာ၊ ဘူတန်၊ ပါလက်စတိုင်း၊ ကနေဒါ၊ ဂျော်ဒန်၊ သြစတြေလျ၊ တရုတ်နဲ့  အမေရိကန် နိုင်ငံတို့ ဖြစ်ကြပါတယ်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ အစိုးရ တက္ကသိုလ် ၃၄ ခုရှိပြီး ပုဂ္ဗလိက တက္ကသိုလ် ၇၂ ခုရှိတယ်လို့ ပြောပါတယ်။ ဒီအထဲမှာ အိုအိုင်စီ (အစ္စလာမစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့) က ထောက်ပံ့ငွေနဲ့ ဂါဇီပူရ်မြို့မှာ ဖွင့်ထားတဲ့ တက္ကသိုလ် တစ်ခုနဲ့ တစ်ခြား စစ်တကောင်းမှာ ဖွင့်လှစ်ထားတဲ့ Asian University for Women  ပါဝင်ပါတယ်။
အများစု နိုင်ငံခြား ကျောင်းသားတွေဟာ စစ်တကောင်းမှာ တည်ရှိတဲ့ နည်းပညာ တက္ကသိုလ်နဲ့ နိုင်ငံတကာ အစ္စလာမ်မစ် တက္ကသိုလ်မှာ သင်ကြားကြပြီ ဒက္ကားမြို့မှာရှိတဲ့ အာရှ တက္ကသိုလ်နဲ့ အမေရိကန် နိုင်ငံတကာ တက္ကသိုလ်တွေမှာ သင်ကြားကြသူတွေ များတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံကလာတဲ့ ကျောင်းသားတွေ အများဆုံးကတော့ အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ Darul Ihsan တက္ကသိုလ်လို့ ဖေါ်ပြတဲ့ ကျောင်းမှာ သင်ကြားနေကြတယ်လို့ ပြောပါတယ်။ သူတို့ဟာ အဲဒီ တက္ကသိုလ်မှာ အမြဲတန်း နေထိုင်ကြသူတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူတို့ရဲ့ နိုင်ငံကူ လက်မှတ်နဲ့ ဗီဇာတွေကို စစ်ဆေးဖို့လည်း ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ အများစု ကျောင်းသားတွေကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်က လာတဲ့ မွတ်ဆလင် ကျောင်းသားတွေ ဖြစ်ကြပြီး သူတို့တွေဟာ ဘင်္ဂလာဒေခ်ျ့ကို ဘယ်လို ၀င်ရောက်လာကြတယ်ဆိုတာကိုတော့ သတင်းမှာ ဖေါ်ပြထားခြင်း မရှိပါဘူး။
၂၀၀၉ ခုနှစ် အစောပိုင်းကလည်း ပြည်တွင်း နိုင်ငံရေးတွေမှာ ပါဝင်ပတ်သက်မူရှိတဲ့ အတွက် ဆော်ဒီအရေဗီယားနဲ့ ကူဝိတ်နိုင်ငံက ကူညီငွေ ကုဋေ ၁၀၀ နဲ့ တည်ဆောက်ထားတဲ့ စစ်တကောင်းမြို့က ပုဂ္ဂလိက တက္ကသိုလ် တစ်ခုကို လည်း ဘင်္ဂလာ အစိုးရက ဖျက်သိမ်းပစ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို အစိုးရက နိုင်ငံခြားက စာလာသင်တဲ့ ကျောင်းသားတွေကို အနီးကပ် စောင့်ကြည်ဖို့ ဖြစ်လာတာက အစိုးရကို ဆန့်ကျင်တဲ့ ဘာသာရေးဆိုင်ရာ လူပ်ရှားမူတွေမှာ တချို့ ကျောင်းသားတွေဟာ ထည့်ထည့် ၀င်ဝင် ပါဝင် ပတ်သက်မူတွေ ရှိလာတဲ့ အတွက် ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

asian-university-of-bangladesh-aubဘင်္ဂလာဒေခ်ျ့ အစိုးရက သက်ဆိုင်ရာ ပြည်ထဲရေးနဲ့ ပညာရေး ၀န်ကြီးဌာနတွေ အနေနဲ့ နိုင်ငံခြား ကျောင်းသားတွေကို သူတို့ရဲ့ နိုင်ငံကူ လက်မှတ်နဲ့ ဗီဇာတွေကို စစ်ဆေးဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်လိုက်ပြီးတဲ့ နောက်မှာ နိုင်ငံခြားက စာလာသင်တဲ့ ကျောင်းသားတွေကို အခုလို အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

- See more at: http://www.narinjara.com/burmese/?p=5903#sthash.G5Nkq0m1.dpuf
ဘင်္ဂလာဒေခ်ျ့ အစိုးရရဲ့ အနီးကပ် စောင့်ကြည့်ခံရတဲ့ နိုင်ငံခြား ကျောင်းသားတွေ အထဲမှာ မြန်မာဘက်က လာတဲ့ ကျောင်သားတွေလည်း ပါဝင်တယ်လို့ ဇွန်လ ၉ ရက်နေ့ထုတ်  The New Age သတင်းစာမှာ ဖေါ်ပြပါတယ်။

No comments: