Tuesday, June 4, 2013

ရခိုင်ဒုက္ခသည်စခန်းများရှိ ကလေးပေါင်း ၆၀၀၀ကျော်အတွက်UNICEF မှ ယာယီစာသင်ဆောင်၂၆ဆောင်ဆောက် လုပ်မည်..

ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများရှိ မူလတန်းအရွယ်ကလေးများအတွက် ယာယီစာသင်ဆောင် ၂၆ ဆောင် ဆောက်လုပ်နေပြီး အဆိုပါစာသင်ဆောင်များကို ရခိုင်ပြည်နယ် မြို့နယ်၎ ခုရှိ ဒုက္ခသည်စခန်း ၁၆ ခုမှာခိုလှုံနေသောမူလတန်းအရွယ်ကလေးငယ်ပေါင်း ၆ ထောင်အတွက်ယာယီစာသင်ဆောင် ၂၆ ဆောင်ကို ယခုနှစ်စာသင်ချိန်အမီ UNICEF မှတာဝန်ယူဆောက်လုပ်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင်ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ ခုတွင် အဆိုပါယာယီစာသင်ဆောင်များကို
စတင်ဆောက်လုပ်နေပြီ ဖြစ်သော်လည်းတချို့နေရာများတွင်စာသင်ဆောင်များဆောက်လုပ်ဖို့အတွက်မြေနေရာ ပါမစ်ရရန် စောင့်ဆိုင်းနေရမှုများဖြစ်ပေါ်နေကြောင်းသိရသည်။ ယခုဆောက်လုပ်ပေးမည့် စာသင်ဆောင်
တစ်ဆောင်တွင် ကလေးငယ်ပေါင်း ၆၀ လွတ်လပ်စွာပညာသင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သောဆူပူအကြမ်းဖက်မှုများကြောင့် ပြည်နယ်အတွင်းဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည့်မူလတန်း အဆင့်ကျောင်းနေအရွယ် ကလေးငယ်ပေါင်း ၈ ထောင် ကျော်
ရှိကြောင်း UNICEF ၏စစ်တမ်းအရသိရှိရသည်။

SkyNet TV Browser

(သတင်းအရင်းအမြစ်- အေးချမ်းမွန်၏ ဖေ့ဘွတ် စာမျက်နှာမှ ကူးယူဖော်ပြပါသည်၊


No comments: