မြန်မာအစိုးရအနေဖြင့် ဘင်္ဂလီများကို
သုတ်သင်သတ်ဖြတ်နေသည်ဆိုသည့် စွပ်စွဲချက်ကို မြန်မာသမ္မတ ဦးသိန်းစိန်မှ
ငြင်းဆန်လိုက်ပြီး၊ ၄င်းစွပ်စွဲမှုသည် မြန်မာအစိုးရကို သိက္ခာချဖို့ရန်
တမင်သတ်သတ် လှုပ်ရှားမှုသာ ဖြစ်ခြင်းလို့ ပြောကြားကြောင်း Business Standard
သတင်း ဖော်ပြချက်အရ သိရသည်။

ယခုလို စွပ်စွဲချက်နှင့် ပတ်သက်ပြီး
မြန်မာအစိုးရအနေဖြင့် အပြစ်မရှိကြောင်း၊ သမ္မတဦးသိန်းစိန်က Paris
ကိုရောက်ရှိခဲ့ချိန်၌ ပြင်သစ်ရုပ်မြင်သံကြားတစ်ခုကို ပြောကြားသွားကြောင်း
ဖော်ပြထားသည်။
" ပြည်ပ သတင်းဖော်ပြချက်တွေဟာ
ပုံကြီးချဲ့ပြောဆိုခြင်း၊ လုပ်ကြံဖန်တီးတဲ့ သတင်းတွေသာဖြစ်တယ်။
မြန်မာနိုင်ငံမှာ လူမျိုးစုသုတ်သင်ရှင်းလင်းမှု လုံးဝမရှိခဲ့ပါ။ " ဟု သူကဆိုသည်။
" မြန်မာအစိုးရကို
ဂုဏ်သိက္ခာချလှုပ်ရှားမှု ရှိခဲ့တယ်။ ယမန်နှစ် ရခိုင်ပြည်မှာဖြစ်ခဲ့တာဟာ
လူမျိုးစု သုတ်သင်ရှင်းလင်း သတ်ဖြတ်ခြင်း မဟုတ်ပါဘူး။ " နယူးရောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ " ဘင်္ဂလီ တစ်မျိုးလုံး ရှင်းလင်းသတ်ဖြတ်မှုနဲ့ "
မြန်မာအစိုးရကို ဧပြီလ တုန်းက စွပ်စွဲခဲ့သည်။ အစိုးရ အကြီးအကဲများ၊ လူထု
ခေါင်းဆောင်များနှင့် သံဃာတော်များသည် လုံးခြုံရေးတပ်ဖွဲ့နှင့် ပူးပေါင်း၍
ဘင်္ဂလီ မှုဆလင်ကျေးရွာများကို ၂၀၁၂ အောက်တိုဘာလက တိုက်ခိုက်ဖို့ရန် လူထုကို
စည်းရုံးလှုံ့ဆော်၊ အားပေးခဲ့သည်ဟု HRW မှ စွပ်စွဲထားသည်။
HRW အပြင် တခြားပြည်ပြ သတင်းမီဒီယာနှင့်
နိုင်ငံတကာမှလည်း မြန်မာအစိုးရကို အလားတူ စွပ်စွဲခဲ့မှုများရှိခဲ့ကြောင်း၊
သို့သော် ၄င်းစွပ်စွဲချက်များကို သမ္မတ ဦးသိန်းစိန်မှ ပြတ်ပြတ်သားသား
ငြင်းငြင်းဆန်လိုက်သည်။
ယမန်နှစ် ဒေသန္တရအကြမ်းဖက်မှု၏ အဓိက
အကြောင်းအရင်းကို စုံစမ်းစစ်ဆဲဖို့ အစိုးရမှ လွတ်လပ်သည့် ကော်မချင်တစ်ခုကို
ဖွဲ့စည်းပေးခဲ့ကြောင်း၊ ထိုကော်မရှင်မှ အကြံပြုထုပ်ပြန်ချက်များကိုလည်း
အစိုးရမှ လုပ်ဆောင်နေကြောင်း သမ္မတ ဦးသိန်းစိန်မှ ဆက်ပြောခဲ့သည်။
Ref: Business Standard
မှတ်ချက်။ ။ Business Standard
သတင်းတွင် "ရိုဟင်ဂျာ" ဟုသုံးနှုန်းထားသည်။ သို့သော် ထိုအသုံးအနှုန်းကို
အာရ်ကန်တိုင်းမ်စ်၏ မူအရ လက်ခံသုံးစွဲခြင်း မရှိသည့်အတွက် သတင်းတွင်
"ဘင်္ဂလီ" ဟု သုံးစွဲထားပါသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- အောင်ကျော်မိုး)
No comments:
Post a Comment