Thursday, July 11, 2013

ရိုဟင်ဂျာတို့သဘောထားတင်းမာသည့်အဖွဲ့များမှ အထောက်အပံ့တောင်းခံခဲ့ဟု ဆို

ရိုဟင်ဂျာတို့သဘောထားတင်းမာသည့်အဖွဲ့များမှ အထောက်အပံ့တောင်းခံခဲ့ဟု ဆို
=============================================

ဂျကာတာ ဇူလိုင် ၁၁

ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ ( RSO ) မှ ခေါင်းဆောင်နှစ်ဦးသည် အင်ဒိုနီး ရှား နိုင်ငံသို့ မကြာသေးခင်က လာရောက်၍ အကြမ်းဖက်မှုဆိုင်ရာ အထောက်အပံ့များ ရရှိရေးအတွက် သဘောထား တင်းမာသည့် အဖွဲ့အစည်း များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု
ဂျကာတာပို့စ် သတင်းစာက ရေးသားဖော်ပြထားသည်။

RSO မှ ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဘာသာရေး ခေါင်းဆောင် Abu Arif နှင့် စစ်သွေး ကြွခေါင်းဆောင် Abu Shafiyah တို့သည် တိုက်ခိုက်ရေးသမား ၊ လက်နက် ၊ ငွေကြေးနှင့် ဗုံးလုပ်နည်းညွန်ကြားပေးမည့်သူများကို လာရောက်အကူအညီးတောင်းခံခဲ့ခြင်း ဖြစ်သည်
ဟု ဆိုထားသည်။

ထို့အပြင် ရိုဟင်ဂျာများကို နှိပ်ကွပ်မှု ပြုနေသော ဗုဒ္ဓဘာသာဝင်များအား ပြန်လှန် တိုက်ခိုက်ရန်အတွက် ရိုဟင်ဂျာ ၃၀၀ ခန့် ကို ရခိုင်ပြည်နယ်အတွင်း၌ ပင် စစ်သင်တန်း ပို့ချလျက်ရှိကြောင်း ဖော်ပြထားသည်။

၎င်းတို့၏ ခရီးစဉ်အကြောင်းကို အစွန်းရောက် တို့၏ Ar Rahmah Medai Network ၀က်ဘ်ဆိုက် တွင် ဖော်ပြထားခြင်း ဖြစ်သည်။ထို့အတူ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအား စစ်သင်တန်းပေးနေသည်ဆိုသော ဓာတ်ပုံ ၂၈ ပုံ ကိုလည်း အဆိုပါဝက်ဘ်ဆိုက်ဒ်တွင်
လွှင့်တင်ခဲ့ပြီး ယင်းသည် ကမ္ဘာအနှံမှ မွတ်ဆလင်ဘာသာဝင်များအား ရခိုင်ပြည်နယ်ကို ဘာသာရေးစစ်ပွဲစတင်ဆင်နွဲရန် တွန်းအားပေးနိုင်လိမ့်မည်ဟုလည်း ယင်းဝက်ဘ်ဆိုက်ဒ် တွင် ဆိုထားသေးသည်။

KYL

Ref : http://www.thejakartapost.com/news/2013/07/11/2-rohingya-leaders-go-shopping-terror-indonesia.html
(ဤသတင်းကို  Popular Myanmar News Journal ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

No comments: