Thursday, July 11, 2013

ရခိုင်ဒုက္ခသည်များ ကျွေးမွေးစရိတ် ဒီဇင်ဘာအထိသာ ကျန်ရှိ

ရန်ကုန် - ဇူလိုင် - ၉ ။             ။ ရခိုင်ပြည်နယ်ရှိ နှစ်ဘက်ဒုက္ခသည်များကို ထောက်ပံ့ပေးနိုင်ရန် ကန်ဒေါ် လာ ၁၃သန်းကျော် လိုအပ်နေ ကြောင်း နယ်စပ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက ပြောသည်။ ဇူလိုင်၉ရက် က ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ယင်းကဲ့သို့ပြောကြားခြင်း ဖြစ်သည်။ ''ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာ က အကူအညီပေးရေးအဖွဲ့တွေ နဲ့ပူးပေါင်းပြီး တော့ လုပ် နေတာ တွေရှိပါ တယ်။ ဒီမှာရှိတဲ့ဒုက္ခသည် တွေအတွက် ကန်ဒေါ်လာ ၈၀ ဒသမ ၁၄သန်းလောက် ကုန်ကျ မယ်လို့ ခန့်မှန်းထားပါတယ်''ဟု ဆိုသည်။
ရခိုင်ပြည်နယ် တွင် ၂၀၁၂ ခုနှစ်အတွင်း နှစ်ကြိမ်တိုင်တိုင်ဖြစ် ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်ကြောင့် နှစ်ဘက်ဒုက္ခရောက်ခဲ့သူပေါင်း ၇၅ဝဝဝခန့်အထိရှိခဲ့ပြီး ယင်းဒုက္ခ သည်များကို ယခုအချိန်ထိ နိုင်ငံ တကာအကူအညီပေးရေး အဖွဲ့ အစည်း ၁၆ခုမှ ထောက်ပံ့ငွေ ကန် ဒေါ်လာ ၆၆ဒသမ ၇၆သန်း ဖြင့် ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ် ရာ နောက်ထပ်ကန်ဒေါ်လာ ၁၃ ဒသမ ၃ရ သန်းလိုအပ်နေသေး ကြောင်း ယင်းကထပ်မံပြောသည်။  ယင်းနှင့်ပတ်သက်၍ ရခိုင် ပြည်နယ် အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဦးလသိန်း က ''လောလောဆယ်သိန်းပေါင်း ၅ သောင်းသုံးထားပြီးပြီ။ အဲဒီသိန်း ပေါင်း ၅သောင်း ကလည်းကုန်ခါ နီးနေပြီ။ ရှေ့ဆက်လို တာကတော့ အသေးစိတ်မသိဘူး။ တွက်ချက် ပြီး တင်ပြတောင်းခံနေတာတွေရှိ တယ်၊ အများကြီးလိုဦးမယ်''ဟု ဆိုသည်။ ယခုလိုအပ်နေသည့် ငွေ ကြေးများမှာ ၂၀၁၂ ခုနှစ်၊ ဇွန်လ မှ ၂၀၁၃ ခုနှစ်၊ ဇွန်လအထိတွက် ချက်ထားသည့် စာရင်းများ အရ ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်များကို အရေးအခင်း ဖြစ်ပြီးသည့်နောက်ပိုင်းမှစတင် ကာ နိုင်ငံတော်နှင့် နိုင်ငံတကာအ ဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီ ပေးမှုဖြင့် ယင်းတို့၏ ကျန်းမာရေး အပါအဝင် လုံခြုံစွာစားသောက် နေထိုင်ရေး အတွက် နိုင်ငံတော်က ဆောင်ရွက်ခဲ့ရကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏သတင်းထုတ် ပြန်ထားချက်အရသိရသည်။  နယ်စပ်ရေးရာ ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီးဗိုလ်ချုပ်ဇော်ဝင်း က ''ဒုက္ခသည်တွေသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေ ပေးနိုင်အောင် နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး တော့ဆောင်ရွက်နေပါတယ်''ဟု ပြောသည်။
လက်ရှိတွင် အဆိုပါဒုက္ခ သည်များကို ကျွေးမွေးမည့်စရိတ် မှာလာမည့် ဒီဇင်ဘာလအထိသာ ကျန်ရှိတော့ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏ သတင်းထုတ် ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ် ကော်မတီ ဥက္ကဋ္ဌဦးလှသိန်း၏ ပြောပြချက်အရ သိရသည်။ ရခိုင်ပြည်နယ်အတွင်း ယင်း သို့နှစ်ကြိမ်တိုင်တိုင် ဆူပူအကြမ်း ဖက်မှုများဖြစ်ပွားခဲ့သည့်အတွက် နှစ်ဘက်လူဦးရေ ၁၉၂ ဦးသေဆုံး ပြီး ၂၆၅ဦးဒဏ်ရာရရှိခဲ့ကာ နေ အိမ်အဆောက်အဦပေါင်း ၈၆၁၄ ခု ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ရခိုင် ပဋိပက္ခစုံစမ်းစစ်ဆေးရေးအစီရင် ခံစာတွင် ဖော်ပြထားသည်။
(Source: Yangontimes- www.theyangontimes.com)
 

No comments: