Monday, July 8, 2013

ဘင်္ဂလာနယ်စပ်မှ မလေးရှားသို့ တရားမ၀င်သွားရန် စီစဉ်သူ (၁၃)ဦးအဖမ်းခံရ

Bangladeshi boat people
ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှ တဆင့် မလေးရှားနိုင်ငံသို့ ရေကြောင်းလမ်းမှ တရားမ၀င် သွားရောက်ရန်စီစဉ်သူ ၁၃ ဦးကို ဇူလိုင်လ ၄ ရက်နေ့က ဘင်္ဂလား အာဏာပိုင်များက နတ်မြစ်ဝရှိ ရှင်မဖြူကျွန်းတွင် ဖမ်းဆီးလိုက်သည်။ ပင်လယ်ပြင်တွင် ကျောက်ချ ရပ်ထားသော သူတို့အား သယ်ဆောင်မည့် သင်္ဘောသို့ အသွား ကုတို့ဆိပ် တစ်ခုတွင် သတင်းအရ အသင့်စောင့်ဆိုင်းနေသော ဘီဂျီဘီ နယ်ခြားစောင့်တပ်ဖွဲ့မှ သူတို့ ၁၃ ဦးအား ဖမ်းဆီးလိုက်သည်။ သူတို့အားလုံးသည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဂျေးဆိုးခရိုင်၊ စစ်တကောင်းခရိုင်နှင့် ကော့စ်ဘဇား ခရိုင်တို့မှ ဖြစ်ကြသည်။ ဖမ်းဆီးခံရသူအများစုမှာ လူငယ်များ ဖြစ်ကြပြီး အသက် ၂၀ မှ ၄၀ အတွင်း ဖြစ်ကြသည်။ သူတို့အား မလေးရှားသို့ သွားရန် ကြားပွဲစား (လူမှောင်ခိုသမား) များက စီစဉ်ပေးခြင်း ဖြစ်ပြီး လူတစ်ဦးလျှင် မလေးရှား တရောက် တာကာ (၂) သိန်းစီ ပေးရသည်ဟု ဆိုသည်။ တာကာ (၂) သိန်းထဲမှ တာကာ (၂) သောင်းကို ပထမဆုံး ပေးသွင်းရပြီး ကျန်ငွေများကို မလေးရှားရောက်မှ ပေးကြရသည်ဟု ဆိုသည်။ ဖမ်းဆီးခံရသူ ၁၃ ဦးအား သက်ဆိုင်ရာမှ သူတို့၏ နေအိမ်များသို့ ပြန်ပို့လိုက်ပြီး လူပွဲစားများကိုမူ ဖမ်းဝရမ်းထုတ်လိုက်သည်ဟု သိရသည်။ ဘင်္ဂလာဒေခ်ျ့ အစိုးရမှ မလေးရှားသို့ မှောင်ခို လူတင်ပို့နေသည့် ဂိုဏ်များကို ဖမ်းဆီးရန် ညွှန်ကြားချက် ထုတ်ထားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: