Monday, July 8, 2013

ကုလားများထံ ကျည်ဆံသွားရောင်းသည်ဆိုသည့် ရခိုင်အမျိုးသမီးထံမှ ကျည် အတောင့် သုံးရာ ဖမ်းမိ


ကုလားများထံ ကျည်ဆံအတောင့် သုံးရာ သွားရောက်ရောင်းချသည်ဟု စွပ်စွဲခံရသူ ရခိုင်အမျိုးသမီးကို ကျည်ဆံများနှင့်တကွ ကျောက်တော်မြို့ထဲတွင် ယနေ့မွန်းလွဲ (၄) နာရီခန့်က ကျောက်တော် အမျိုးသမီးကွန်ရက်က ဖမ်းဆီးကာ ပြည်သူ့ရဲတပ်ဖွဲ့ထံအပ်နှံခဲ့ကြောင်း သိရသည်။

ကျည်အတောင့်သုံးရာကို သိုဝှက်သယ်ဆောင်လာသူ မအေးကြည်မှာ ဖခင် ပန်ပဲဆရာဦးဘလှိုင်ပြုလုပ်သော ဂျင်ကလိများကို ကုလားများထံသွားရောက်ရောင်းချဖူးသည့် သာဓကများရှိသည့်အတွက် အမျိုးသမီးကွန်ရက်က မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာမှ ယင်းသို့ ဖမ်းမိခဲ့သည် ဟု ဆိုသည်။

မအေးကြည်၏ အစ်မဖြစ်သူ မနန်းရီမှာ ကျောက်တော်အခြေစိုက် ၃၇၄-တပ်ရင်းမှ တပ်ကြပ်ကြီးကျော်ဝေ ဆိုသူဖြစ်ပြီး ဖမ်းဆီးရမိသည့် ကျည်အတောင့်သုံးရာတိတိမှာ ၄င်းနှင့် မည်သို့ပတ်သက်ကြောင်းမသိရပေ။

မအေးကြည်တို့မိသားစုမှာ ကျောက်တော်မြို့တစ်ဘက်ကမ်း လမ်းမတော်ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြပြီး၊ ပိုက်သည် ကုလားရပ်ကွက်ကြီးသို့သွားရန် တစ်ဘက်ကမ်း လမ်းမတော်ကနေ ကျောက်တော်မြို့တွင်းသို့ လာရောက်ဖြတ်သန်းနေစဉ် မအေးကြည်မှာ ဖမ်းဆီးခံရခြင်းဖြစ်သည် ဟု ဆိုသည်။

( Coral Arakan News အတွက် ဥတုခင်စိုင်း ရေးသားသည်။ )

(သတင်းအရင်းအမြစ်- Coral Arakan News ၏ Facebook စာမျက်နှာ)

No comments: