Monday, July 8, 2013

စစ်တွေဆေးရုံကြီးမှ ၀န်ထမ်းများ ငွေတောင်းပက်စက်ကြောင်း ရေးသားထားသော Facebook ပိုစ်တွင် ရည်ညွှန်းဖော်ပြပါရှိသည့် မိုးကြိုးပစ်ခံ လူနာအား ဆေးရုံမှ ဆင်းခိုင်း

Photo 
Rakhine News Group အမည်ခံ ဖေ့စ်ဘွတ် စာမျက်နှာတစ်ခုတွင် စစ်တွေ ဆေးရုံကြီး၌ ၀န်ထမ်းများသည် တွန်းလှည်းတွန်းခကအစ အဆင့်တိုင်း အဆင့်တိုင်းတွင် ပိုက်ဆံတောင်းနေကြကြောင်း ရေးသားထားသော post တစ်ခုကို တာဝန်ရှိ ၀န်ထမ်းများနှင့် အထူးကု ဆရာဝန်ကြီးတို့ ဖတ်ရှုမိပြီးနောက် နောက်တစ်နေ့တွင် ပိုစ်ရေးသူက ရည်ညွှန်း ရေးသားထားသော မိုးကြိုးပစ် ဒဏ်ရာရ လူနာအား ဆေးရုံမှ ဆင်းခိုင်းလိုက်သည် ဟု ဆိုသည်။

ပေါက်တောမြို့နယ် ကြိမ်ခမော်ကျေးရွာမှ ကိုထွန်းထွန်းဝင်းဆိုသူသည် ဇွန်လ (၂၉) ရက်နေ့တွင် မိုးကြိုးပစ်ခံရပြီးနောက် ဆေးရုံတက်ရာတွင် ဆေးရုံစာရင်းသွင်းခ၊ လက်တွန်းလှည်း တွန်းပေးခကအစ ခွဲခန်းဝင်ခအလယ် ပတ်တီးလှယ် ဆေးထည့်ပေးခအဆုံး တို့အား မိမိဘက်က ဆေးဝါးခတို့အားကျခံစိုက်ထုတ်ပေးရသည့်အပြင် အဆိုပါဝန်ဆောင်ခတို့ကို ပေးဆောင်နေရကြောင်း ပို့စ်ရေးတင်သူက ကိုထွန်းထွန်းဝင်းကို နမူနာပြရေးသားသွားခဲ့သည်။

သို့အတွက် ကိုထွန်းထွန်းဝင်းကို နမူနာပြမောင်းထုတ်ခြင်း ဟုတ်မဟုတ်ကို မသိရသော်လည်း ထိုပို့စ်တင်ထားသည်ကို သိသွားသော ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာသန်းထွဋ်အောင်က “မင်းလား၊ မိုးကြိုးအပစ်ခံရတဲ့ ထွန်းထွန်းဝင်းဆိုတာ” ဟု မေးမြန်းပြီး အင်တာနက်မှာ ရေးတယ်၊ မင်းတို့ကောင်တွေ ငါတို့စေတနာနဲ့ မတန်ဘူး ဟု ပြောခဲ့သည် ဟု ဆိုသည်။

အလားတူပင် အခြား နာ့စ်မ အငယ်အကြီးများ ဆရာဝန်ငယ်များကလည်း ၄င်အား စေတနာနှင့် မတန်ဘူး ဟု အသီးသီးကြုံလျှင် ကြုံသလို ပြောသွားကြသည်ဟု ဆိုသည်။

ဆင်းရဲသား ပညာမတတ် အင်တာနက် ဆိုသည်မှာ ဘာမှန်းမသိသော ကိုထွန်းထွန်းဝင်းမှာ ထိုသူတို့ဘာကို ဆိုလိုသည်ကို ဘာကိုမှနားလည်ခြင်းမရှိပေ။

နောက်တစ်နေ့ကျမှ နင်သက်သာသွားပြီ ဆေးရုံက ဆင်းလို့ရပြီ ဆိုသောအခါကျမှ တစ်ခန္ဓာလုံးနှင့် ခြေလက်တို့တွင် ဒဏ်ရာအပြည့်တို့အား ပတ်တီးစည်းထားသော ကိုထွန်းထွန်းဝင်း၏ မိသားစုမှာ အထုပ်အပိုးသိမ်းကာ ဆေးရုံမှ ဆင်းလာခဲ့ကြပြီး စစ်တွေမြို့ ကုန်တန်းရပ်ကွက် စစ်ကဲ ဘုန်းကြီးကျောင်းတွင် ကပ်ခို၍ နေနေကြသည်ဟု ဆိုသည်။

သက်လည်းမသက်သာ၊ ဆေးရုံလည်းမတက်ရ၊ ဆေးခန်းသွားရန် ပိုက်ဆံလည်းမရှိသဖြင့် ယောင်နနဖြင့် ဘုန်းကြီးကျောင်း၏ ဆောက်လက်စ အဆောက်အအုံ၏ အပေါ်ထပ်ကြမ်းပြင်တွင် တစ်ကိုယ်လုံးနီးကပါး ပတ်တီးစည်းထားသောလူတစ်ယောက်ကို ၀န်းရံလျက် ကိုထွန်းထွန်းဝင်း၏ မိန်းမ၊ ယောက္ခမ၊ မိခင် နှင့် ဖခင် တို့မှာ ငုတ်ထုတ်ထိုင်နေကြလေသည်။ သူတို့ဘာကိုမှ နားလည်နိုင်ပုံ မပေါ်ပေ။

နားလည်နိုင်သူတစ်ယောက်တော့ ရှိလေသည်။

သူ့အမည်ကား ဒေါက်တာသန်းထွဋ်အောင်။ သူကား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးလှမောင်တင်၏ မယားညီအစ်ကို အရင်းခေါက်ခေါက်ပင်တည်း။

( Coral Arakan News အတွက် ယုသန္တာခင် ရေးသားသည်။ )

============================

စစ်တွေ ဆေးရုံကြီးတွင်ဖြစ်ပျက်နေပုံတို့ကို ရေးသားထားသော Rakhine News Group အမည်ခံ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်တို့ကို မူရင်းအတိုင်း ကူးယူဖော်ပြပါသည်။

စစ်တွေ ဆေးရုံကြီးမှ ၀န်ထမ်းများ ဆင်းရဲသူဆင်းရဲသားများထံမှ ငွေတောင်းပက်စက်
--------------------------

စစ်တွေဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေကြသော ဆင်းရဲသူဆင်းရဲသားများကို ၀န်ထမ်းများက နည်းမျိုးစုံဖြင့် ပိုက်ဆံတောင်းကာ နှိပ်စက်ကလူပြုနေကြကြောင်းကြားသိရသည်။

ပေါက်တောမြို့နယ် ကြိမ်ခမော်ကျေးရွာသား လယ်သမားငယ် ကိုထွန်းထွန်းဝင်းမှာ ထိုကဲ့သို့ ခံစားရသူများအနက်မှ တယောက်ဖြစ်သည်။

ပြီးခဲ့သော (၂၉-၆-၂၀၁၃) နေ့ နံနက် ကိုးနာရီခန့်က ကြိမ်ခမော်ရွာအနီး လယ်ကွင်းထဲတွင် လယ်ထွန်နေစဉ်မိုးကြိုးပစ်ခြင်းခံရသူ ကိုထွန်းထွန်းဝင်း (အသက် ၃၂နှစ်)သည် လက်နှစ်ဘက် ခြေထောက်နှစ်ချောင်းစလုံးနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများရခဲ့သည်။

၎င်းအား ထိုနေရာမှ စက်လှေဖြင့် ခေါ်လာပြီး စစ်တွေဆေးရုံကြီးသို့ မွန်းလွဲတနာရီတွင်ရောက်ရှိသည်။

စစ်တွေဆေးရုံကိုရောက်သည်နှင့် ဆေးရုံတက်ဖို့ စာရင်းသွင်းခ ၅၀၀ ကျပ်ပေးရသည်။

ထို့နောက်တွန်းလှည်းဖြင့် ကုတင်သို့တွန်းပို့ပေးသည့်အတွက် တွန်းလှည်းသမားကို ၅၀၀ ကျပ်ပေးရသည်။

လူနာကို ခွဲခန်းထဲကို သွင်းကာ ကုသခံခွင့်ရသည့်အတွက် ၅၀၀၀ ကျပ်ပေးရသည်။

Operation အခန်ထဲမှာ ၀တ်ဆင်ခဲ့သော အင်းဂျီကို လျှော်ဖွတ်ခ ၅၀၀၀ ကျပ်ပေးရသည်။

တနင်းလာနေ့ရောက်တော့ ပတ်တီးခြေပေးပြီး အသစ်လဲသည်ကို လုပ်ဆောင်ပေးခ သက်သက် ၇၀၀၀ ကျပ်ပေးရသည်။ ပတ်တီးခ နှင့် ဆေးဖို့ဝါးခများကို မိမိထံမှ စိုက်ခံရသေးသည်။ ဆေးရုံမှ ပေးသည်မှာ ဒရိတ် ပုလင်း လောက်သာပေးသည် ဟု ဆိုသည်။

ကိုထွန်းထွန်းဝင်း မသိသေးသည်မျာကား ဆေးရုံမှ ဆင်းလျှင် ဆေးရု့းဆင်းခွင့်ရဖို့ အနည်းဆုံး တစ်သောင်းကျပ် ပေရဦးမည်ကို သူမသိသေးပေ။

ထို့အပြင် သွေးဖောက်စစ်ဆေးခ (တစ်ထောင်ကျပ်)၊ သွေးအုပ်စုခွဲခ(ငါးထောင်ကျပ်)၊ ဓါတ်မှန်ရိုက်ပါက (တထောင်မ၊ှ သုံးထောင်ကျပ်) စသည်ဖြင့် .---- လုပ်ဆောင်မှု အဆင့်တိုင်းမှာ ဆေးဖိုးအပြင် ၀ါးခ နှင့် ၀န်ဆောင်ခ ပေးကြရသည့်အတွက် ဆင်းရဲသူ ဆင်းရဲသားများ ဆေးရုံလာတက်ပါက စီးပွားပျက်သည့် အဆင့်ဖြစ်သွားလောက်အောင် တောင်းစားနေကြပါကြောင်း တင်ပြလိုက်ရပါအိ။

ဆေးရုံဝက ဆေးဆိုင်မှာလည်း အပြင်ဆေးဆိုင်များထက် အများကြိး ဈေးကြီးသည်ကိုလည်း တင်ပြလိုက်ရပါသည်။

-----------------------------

https://www.facebook.com/photo.php?fbid=619813698038208&set=a.537044512981794.123895.536963452989900&type=1&relevant_count=1

No comments: