ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်နှင့် ဆုံခလာကြား ကားလမ်းမတွင် လွန်ခဲ့သော ၄ ရက်ခန့်က ရခိုင်အမျိုးသားတစ်ဦး ကားတိုက်ခံရ၍ သေဆုံးသွားခဲ့ကြောင်း သူငယ်ချင်းများနှင့် တူဖြစ်သူ ကိုမောင်ဘုပြောပြချက်အရ သိရသည်။
Huai Yai.Huai Yai.
သေဆုံးသူအမည်မှာ ဦးခင်မောင် အသက် (၅၅)နှစ်၊ ဘ ဦးစိန်လုံးခိုင်နှင့် မိ ဒေါ်မသန်းကျီတို့၏ သားဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံကျေးရွာ ဇာတိဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ဦးခင်မောင်မှာ ထိုင်းနိုင်ငံသို့ အလုပ်လာလုပ်နေသည်မှာ (၈) လခန့်သာရှိသေးပြီး ဆုံခလာမြို့ရှိ သူငယ်ချင်းဖြစ်သူ ဦးစောသိန်းထံ သွားရောက်လည်ပတ်ရာကနေ ပျောက်ဆုံးသွားခဲ့ပြီး တူဖြစ်သူက ဒေသခံထိုင်းတစ်ယောက်အပါအဝင် သူငယ်ချင်းများဖြင့် ရဲစခန်းနှင့် ဆေးရုံများတွင် စုံစမ်းကြည့်ရာ သူ၏ ရုပ်အလောင်းကို ဟတ်ယိုင် မအော်ဆေးရုံ၌ တွေ့ရှိခဲ့ကြောင်း တူဖြစ်သူ ကိုမောင်ဘုက ပြောသည်။
" သူက ကံဆိုးတယ်လို့ ပြောရမှာပါ။ ၄ ရက်နေ့က ဆုံခလာမှာရှိတဲ့ သူ့သူငယ်ချင်းဖြစ်သူ ဦးစောသိန်းဆီကို အလည်သွားမယ်ဆိုပြီးတော့ နေ့လည် ၁ နာရီ လောက်မှာ ထွက်သွားတာပါ။ သူ့ကို ကားကဝင်တိုက်သွားတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အမြဲတမ်း ပလက်ဖောင်းက သွားလေ့ရှိတယ်။ ဘယ်ကားတိုက်သွားသလဲဆိုတာကို အခုထိမသိရသေးဘူး။ သူဒဏ်ရာရရှိထားတဲ့ ပုံကလည်း ရှပ်ပြီးတော့ထိတဲ့ ပုံစံဖြစ်နေပါတယ်။ ပြီးတော့ နောက်စေ့လည်း ပွင့်ထွက်သွားတယ်။ " ဟု သူကပြောသည်။
ဦးခင်မောင်၏ ပါ့စ်ပို့အား ဟတ်ယိုင်ရဲစခန်းမှ သိမ်းယူထားပြီး ယခုအချိန်ထိ အဆိုပါသေဆုံးသွားသော ကိစ္စနှင့် ပတ်သက်၍ တစ်စုံတရာ လုပ်ဆောင်ပေးခြင်းမရှိသေးကြောင်း ကိုမောင်ဘုက ဆိုသည်။
ဦးခင်မောင်၏ နာရေးအတွက် ဟတ်ယိုင်နှင့် ဆုံခလာမှ အသိမိတ်ဆွေများစုပေါင်းကာ ကူညီလုပ်ဆောင်ပေးမှုဖြင့် ယနေ့ နေ့လယ် ၂ နာရီတွင် သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ဦးခင်မောင်မှာ ရခိုင်ပြည်၌ ဇနီးနှင့် သားသမီး (၄)ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakan Times၊ ရေးသားသူ- မြတ်နိုးခင်)