ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံရှိ နိုင်ငံတကာ အသိအမှတ်ပြု ရှေ့ဟောင်း ဗုဒ္ဓအဆောက်အအုံတစ်ခုဖြစ်သော ဗုဒ္ဓဂါယာ မဟာဗောဓိ ဘုရားကျောင်းအတွင်း ဆက်တိုက်ဗုံးပေါက်ကွဲမှုဖြစ်ရပ်အပေါ် သီရိလင်္ကာသမ္မတ Rajapasksa သည် ချောက်ချားတုန်လုပ်မိပြီး၊ အလွန်ဝန်းနည်းမိကြောင်း ပြောကြားလိုက်သည်။
Sri Lanka President.Sri Lanka President.
" ၄င်းဖြစ်ရပ်အပေါ် သမ္မတ Rajapaksa သည် တုန်လုပ်ချောက်ချား ဝန်းနည်းမိသည် " ဟု သမ္မတရဲ့ သတင်းတင်ဆက်သူ Wijayananda က ပြောကြားလိုက်သည်။
သီရိလင်္ကာသမ္မတသည် မဟာဗောဒိဘုရားကျောင်း တာဝန်ရှိအကြီးအကဲကို ဆက်သွယ်ပြောဆိုခဲ့ပြီး၊ အိန္ဒိယနိုင်ငံဆိုင်ရာ သိရိလင်္ကာနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် သံရုံးဝန်ထမ်းများကို ဗုဒ္ဓဂါယာဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်နှင့် သူ့ဆီအကြောင်းကြားရန် ညွန်ကြားထားသည်။
ယနေ့နံနက်ပိုင်းက အိန္ဒိယနိုင်ငံ ဘီဟာပြည်နည်ရှိ မဟာဘောဓိ ဘုရားအဆောက်အအုံအတွင်း ပေါက်ကွဲမှု ၄ ကြိမ်အပါအဝင် ဗုဒ္ဓဂါယာဒေသတွင် ရှစ်ကြိမ်ဆက်တိုက် ပေါက်ကွဲခဲ့ပြီး ဘုရားအဆောက်အုအုံအတွင်း ပျက်စီးမှုတချို့နှင့် ဘုန်းကြီးနှစ်ဦးကို ဒဏ်ရာရစေခဲ့သည်။
ဂေါတမဗုဒ္ဓ ပွင့်တော်မူခဲ့သော ဗုဒ္ဓဂါယာဒေသကို ဗုဒ္ဓဘာသာဝင် သီရိလင်္ကာနိုင်ငံသား ထောက်ပေါင်းများစွာတို့သည် နှစ်စဉ်နှစ်တိုင်း လာရောက်ဖူးမျှော်ကြသည်။
ယခုနှစ်အစောပိုင်းကလည်း မဟာဗောဓိဘုရား အသင်းအကြီးအကဲသည် Tamil လူမျိုးဟုယူဆရသည့် လူတစ်စု၏တိုက်ခိုက်မှုကိုလည်း ခံခဲ့ရကြောင်းသိရသည်။
(သတင်းအရင်းအမြစ်- Arakan Times ၊ ရေးသားသူ- မိုးဇော်)