Friday, August 16, 2013

ကျောက်ဖြူတွင် စက်တင်ဘာလ မကုန်ခင် အချိန်အတွင်း တစ်ယူနစ် ၃၅ ကျပ်နုန်းဖြင့် လျှပ်စစ်မီးပေးရန် ၀န်ကြီးချုပ်ပြောကြား


ကျောက်ဖြူတွင် စက်တင်ဘာလ မကုန်ခင် အချိန်အတွင်း တစ်ယူနစ် ၃၅ ကျပ်နုန်းဖြင့် လျှပ်စစ်မီး ၂၄ နာရီ ပေးရန် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ဒေသခံပြည်သူများသို့ နေ့ ပြုလုပ်သော အစည်းအဝေးတွင် ပြောကြား ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ကျောက်ဖြူဒေသခံများနှင့် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်းကြီး ဦးသာလူချေနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့အပါအ၀င်ဝန်ကြီးဦးကျော်ခင်တို့က ပြည်သူများနှင့်တိုက်ရိုက်

တွေ့ဆုံပြောကြား ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လယ်ယာမြေဆုံးရှုံးများအတွက်လည်း မနက်ဖြန်မှစတင်ပြီး ၀န်ကြီးဦးသာလူချေ ကျောက်ဖြူမြို့တွင် ရုံးထိုင်ကာ ဒိုင်ခံဖြေရှင်း ပေး သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ သို့ရာတွင် ဖြေရှင်း၍ ရနိုင်သော မြေယာများကိုသာ ဖြေရှင်းပေးမည်ဖြစ်ပြီး ဘိုးဘွားပိုင် မြေနှင့် စားကျက်မြေအမျိုးအစား မြေယာများကိုမူ ပြေလည်အောင်ဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်းလည်း အစည်းအဝေးသို့ တက်ရောက်ခဲ့သော ဒေသခံများထံမှ သိရသည်။

သြဂုတ်လ ၂ ရက်နေ့က ပိုက်လိုင်းဖြစ်သန်းသွားရာ ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံများက စုပေါင်းလက်မှတ်ရေးထိုးပြီး အချက် ငါးချက်ဖြင့် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ထံသို့ တင်ပြတောင်းဆိုခဲ့ခြင်းများရှိခဲ့သည်။ ပြည်နယ် အစိုးရ နေဖြင့် ဒေသခံများတောင်းဆိုသည့်အချက် ငါးချက်ထဲမှ အထက်ဖော်ပြပါ အချက်နှစ်ချက်ကို ဖြေရှင်းရန် ၀န်ခံဂတိပြုခဲ့ သော်လည်း ကျေးရွာချင်းဆက် လမ်းများဖောက်လုပ်ရေး ၊ ရေသန့်ရရှိရေးနှင့် ကျေးလက်စာသင်ကျောင်း၊ဆေးပေးခန်းများ တည် ဆောက်ပေးရေး စသည့်အချက်များကို ဖြေရှင်းပေးရန် တစ်စုံတရာပြောကြားခြင်းမရှိသေးကြောင်းလည်း ဒေသခံများက ပြော ဆိုကြပါသည်။

တစ်နှစ်လျင် ဒေါ်လာ ၈ သိန်းအား CNPC ကုမ္ပဏီမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ရည်ရွယ်ပြီး ကူညီလှူဒါန်းသွားမည်ဖြစ် ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အခန်းအနားတွင်ထည့်သွင်းပြောကြားခဲ့ပါသည်။

“ကျွန်တော်တို့မြင်တာက ဒေသခံပြည်သူတွေ့ရဲ့ခံစားချက်ကို ဒီနေ့မှ ပြည်နယ်ဝန်ကြီးချုပ်အပါအ၀င် အခြားဝန်ကြီးတွေ သဘော ပေါက်သွားတယ်လို့ မြင်မိတယ်။ အယင်တုန်းက သူတို့ဟာ ကွင်းဆင်းလေ့လာမှု အားနည်းခဲ့တဲ့အတွက် ဘာမှမသိသလိုမျိုး ဖြစ် နေတယ်။ ဒါပေမယ့် ၁ နာရီခန့်က စတဲ့အစည်းအဝေးဟာ ၅ နာရီမှပြီးတယ်။ ကျွန်တော်တို့ အပြန်အလှန် အများကြီးပြောဖြစ် တယ်။ အဲဒါကို ၀န်ကြီးတွေ အခုမှ နားလည်ပုံပေါက်တယ်။ ပြဿနာတွေ အဖြေရှင်းပေးရင် ၊ ကျွန်တော်တို့ ဒေသခံတိုင်းရင်းသား တွေရဲ့ အခွင့်ရေးတွေ ဆုံးရှုံးနေတာတွေကို ကာကွယ်ပေးဖို့၊ ကူညီပေးဖို့ ပြည်နယ်အစိုးရမှာလည်း တာဝန်ရှိတယ်ဆိုတာကို သူတို့သိ သွား တယ်လို့ သုံးသပ်မိပါတယ်”ဟု ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သောလူ ဒေသခံတစ်ဦးက သူအမြင်ကို သုံးသပ်ပြောဆိုခဲ့ပါသည်။

(ဤသတင်းအား RSV မှ ကူးယူဖော်ပြပါသည်)

No comments: