Tuesday, August 13, 2013

ကင်တားနား ခရီးစဉ်သတင်းသုံးသပ်ချက် အပိုင်း (၂)

Photo
ရခိုင်ပြည်နယ်သို့ကန်တားနားသြဂုတ်လ၁၂ရက်နေ့က ရောက်ရှိလာခဲ့သည်။သူ၏ပထမဦးဆုံးခရီးစဉ်အဖြစ် ဘူးသီးထောင်အကျဉ်းထောင်သို့ သွားရောက်ခဲ့သည်။
ဘူးသီးတောင် အကျဉ်းထောင်တွင် ထိန်းသိမ်း ခံထားရသည့် ဘင်္ဂလီများနှင့် သွားရောက်တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါအကျဉ်းထောင်တွင် ရှိနေသည့် ဘင်္ဂလီများမှာ မောင်တောအကြမ်းဖက်ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများဖြစ်သည်။
ကန်တားနားသည် ရခိုင်ခရီးစဉ် ရောက်လာတိုင်း ဘင်္ဂလီများနှင့်သာတွေ့ဆုံပြီး သူတို့၏မဆုံးနိုင်သည့် လုပ်ကြံမှုများကို ကမ္ဘာသို့ လူအခွင့်အရေးရှုထောင့်မှ မဟုတ်မမှန် တင်ပြလေ့ရှိပြီး မြန်မာအစိုးရအား အပြစ်ဖို့စကား ဖိအားပေးစကားကိုပြောဆိုလေ့ရှိသည်။
ကန်တားနားအနေဖြင့် ရခိုင်သို့လာရောက်ပြီး ဘင်္ဂလီများ ၏ ငိုမြည်တိုင်တန်းချက်များအား ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းသို့ အစီရင်ခံလေ့ရှိသဖြင့် ရခိုင်တို့ ၏ခံစားချက်တို့အား လျစ်လျူရှုကာ ဘင်္ဂလီတို့၏လုပ်ကြံမှုများ အား အဟုတ်ထင်ကာ ဘန်ကီမွန်းကိုယ်တိုင် မြန်မာအစိုးရအား ဘင်္ဂလီတို့အား တိုင်းရင်းသားအဖြစ် လက်ခံပေးရန် ဖိအားပေးတောင်းဆိုလာသည်ကိုတွေ့ရှိခဲ့ရသည်။
ယခုတစ်ဖန် စတုတ္ထခရီးစဉ်အဖြစ် ကန်တားနားရောက်ရှိလာခဲ့ပြီဖြစ်သည်။ ပထမနေ့ ခရီးစဉ်သည်ပင် သူမည်သည့်ဘက်က ရပ်တည်နေသလဲ၊မည်သည့်လူမျိုးများအတွက်လူ့အခွင့်အရေးရရှိရေးဆောင်ရွက်နေသလဲ ဆိုတာ ပေါ်လွင်ပါသည်။
သို့အတွက် ကန်တားနားလာရောက်ခြင်းအား ရခိုင်ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းဖြင့် ကြိုဆိုခဲ့ကြသည်။
ကန်တားနား ရခိုင်ခရီးစဉ်မတိုင်မီကတည်းက စစ်တွေဘင်္ဂလီကယ်ဆယ်ရေးစခန်းများတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားအောင်ဖန်တီးခဲ့သည်။ ဘင်္ဂလီတို့အတွက်ကင်တားနားအား ပြောပြရန် အကြောင်းများ တစ်ပုံတစ်ပင်ကြီး ရှိနေပြီလည်းဖြစ်သည်။ ယင်းရုန်းရင်းဆန်ခတ်မှုသာမဖြစ်ခဲ့လျင် ကန်တားနားမှာသူ့ခရီးစဉ်အတွင်း မြင်တွေ့ခဲ့ရမှုများအား အစီရင်ခံရာတွင် ပြည်နယ်အစိုးရ၏ အမိုးအကာအောက်ရောက်ရှိအောင် လုပ်ဆောင်မှုများသာဖြစ်မည်ပင်ဖြစ်သဖြင့် ယင်းသို့မဖြစ်ရအောင် အစိုးရမှ ဘင်္ဂလီများအား ပစ်ခတ်နေသည်ဟု ကမ္ဘာသို့သတင်းလွှင့်နိုင်ရန် ကြိုတင်ပြင်ဆင်ခဲ့သည်။
မနက်ဖြန်တွင် စစ်တွေမြို့နယ်ရှိ ဘင်္ဂလီများနှင့်သီးခြားတွေ့ဆုံမည်ဖြစ်ပြီး အစိုးရအဖွဲ့ ၊ဒေသခံလူမှုအဖွဲ့အစည်း၊ မြို့မိမြို့ဖများနှင့်လည်း တွေ့ဆုံရန်ရှိကြောင်းလည်းသိရသည်။
ကန်တားနားသည် မနက်ဖြန်တွင်ပင် ရန်ကုန်သို့ပြန်မည်ဖြစ်ပြီး သူ၏ခရီးစဉ် အတွင်းအတွေ့အကြုံများ အား ရန်ကုန်တွင် ရှင်းလင်းမည်ဟုသိရှိရသည်။ကန်တားနားသည် လူ့အခွင့်အရေးကိုယ်စားလှယ် တစ်ဦးဖြစ်သော်လည်း သူကိုယ်တိုင်လူ့အခွင့်အရေးအား ချိုးဖောက်နေသည်ဟုဆိုလျင် လွဲမည်မဟုတ်ပါကြောင်း RSV မှသုံးသပ်လိုက်ရပါသည်။

(ဤသတင်းအား RSV မှကူးယူဖော်ပြပါသည်)

No comments: