Thursday, August 29, 2013

ရခိုင်အမျိုးသမီးတစ်ဦး ပေါက်တောမြို့နယ်တွင် အသတ်ခံရ

Pauk-taw-township-gate
 
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ အမျိုးသမီး တစ်ဦး ယမန်နေ့ သြဂတ်စ်လ ၂၄ ရက်နေ့က အသတ်ခံရသည်။

အသတ်ခံရသူ အမျိုးသမီးမှာ ပေါက်တောမြို့နယ် ပိန္နဲချောင်း ကျေးရွာအုပ်စု မုညင်းကိုင်း ကျေးရွာနေ မလှသန်းစိန် (ဘ) ဦးမောင်ကျော်ဦး (၄၁) နှစ် ဖြစ်သည်။

မလှသန်းစိန်သည် သြဂတ်စ်လ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် လယ်ယာမြေ ကြည့်ရှု့ရန် ရွာမှ ထွက်ခွာသွားရာ မုညင်းကိုင်း အောက်ရွာနှင့် ကြိမ်နီပြင် ဘင်္ဂလီ ဒုက္ခသည် စခန်းအကြား ညောင်ပင်ချိုင် ချောင်းစပ်အနီးတွင် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

ကျေးရွာသားများမှ ညနေ ၅ နာရီထိ မလှသန်းစိန် အိမ်သို့ ပြန်မရောက်သဖြင့် လိုက်လံရှာဖွေရာ ညနေ ၇ နာရီခန့်တွင် ညောင်ပင်ချိုင် ချောင်းစပ် အနီး လယ်ကွင်းထဲတွင် မှောက်လျှက် သေဆုံး၍ တွေ့ရှိရသည်ဟု သိရသည်။

ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်မှ မလှသန်းစိန် သတ်ဖြတ်ခံရခြင်းမှာ မှန်ကန်ကြောင်း ယခုအခါ အလောင်းမှာ ပေါက်တောမြို့နယ် ဆေးရုံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း ပြောကြားသည်။

၎င်းပြင် သူက အလောင်းတွင် တွေ့ရှိရသော ဒဏ်ရာများနှင့် ပတ်သက်ပြီး ယခုလို ပြောကြားသည်။

“ သေဆုံးသူ မလှသန်းစိန်ရဲ့ ညာဖက်မျက်လုံးထဲက သွေးထွက်တာကိုတွေ့ရတယ်။ ဒါပြင် မှေးစေးက ပွန်းပဲ့ ဒဏ်ရာ တစ်ခုကိုလည်း တွေ့ရတယ်။ သူမကို ညောင်ပင်ချိုင် ချောင်းစပ် လယ်ကွင်းထဲမှာ ဗိုက်မှောက်သေနေတာကို တွေ့ရပါတယ်” ဟု ပြောသည်။

သေဆုံးရခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရဲတပ်ဖွဲ့မှ ဆက်လက် စစ်ဆေးမူများ ပြုလုပ်နေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: