Wednesday, August 21, 2013

ပုဏ္ဏားကျွန်းစက်မှုဇုံကို ငွေအားအလုံးအရင်းဖြင့် အကောင်အထည်ဖော်မည်

ရခိုင်ပြည်နယ်အတွင်း စက်မှုဇုံများတည်ဆောက်သွားမည်ဖြစ်ရာ ပုဏ္ဏားကျွန်း စက်မှုဇုံကို ငွေအားလုံးအရင်းဖြင့် တည်ဆောက်သွားမည်ဖြစ် ပြီး အလုပ်သမားထောင်ရှိ အလုပ်အကိုင် အခွင့်အလမ်း များရရှိနိုင် မည်ဖြစ် ကြောင်း သိရသည်။
ယင်းသို့ရရှိနိုင်ရန်အတွက် ဒေသ
ခံများ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများ ကိုလည်း လေ့လာထားသင့်ကြောင်းသိရသည်။ အလုပ်အကိုင်အခွင့် အလမ်း နည်းပါးသော ရခိုင်ပြည်နယ်အတွင်း စက်မှုဇုံများတည်ဆောက် လာ ပါက အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိလာမည်ဖြစ်ကြောင်း လည်းသိရသည်။ ယင်းနှင့်ပတ်သက်ပြီး ၀န်ကြီး ဦးအောင်သန်းတင်က လည်း မီဒီယာများနှင့်ပြောကြားရာတွင် အလုပ်အကိုင် ရရှိရေးအတွက် ဦး စားပေးသင့်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ပုဏ္ဏားကျွန်းစက်မှုဇုံသည် ပုဏ္ဏားကျွန်းမြို့တစ်ဘက်ကမ်းရှိ မြေ ကွက်တွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ သို့သော်လည်း ယင်းမြေ နေရာ များအတွက် သင့်တော်သော မြေဈေးနုန်းများကို လယ် သ မားများထံသို့ ပေးဆောင်ရမည်ဖြစ်ကြောင်းလည်းသိရသည်။
လယ်သမားများအနေဖြင့် စက်မှုဇုံမြေကွက်အတွက် လျှော်ကြေးငွေများ ရရှိ မှုနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ မသိရသေးကြောင်းလည်းသတင်းရရှိပါသည်။
(ဤသတင်းအား RSV မှ ကူးယူဖော်ပြပါသည်။)

No comments: