ရခိုင်ပြည် ကျောက်ဖြူမြို့နှင့် ၅ မိုင်ခန့်အကွာတွင်ရှိသော လိပ်ခမော်ကျေးရွာအနီးရှိ တောတောင်များနှင့် မြေယာများကို မြို့ပေါ်က သူဌေးများတချို့က စီးပွားရေးလုပ်ရန် မြေဂရမ်လုပ်ဖို့ကြိုးစားနေကြသောကြောင့် အနီးအနားတ၀ိုက်ရှိ ကျေးလက်ဒေသမှ သံဃာတော်များနှင့် ရွာ ၉ ရွာက ကိုယ်စားလှယ်များမှ ဘိုးဘွားပိုင် ကျန်ရှိဘိုးဘွားစဉ်ဆက်မပြတ် မှီခိုလာခဲ့ကြသော တောတောင်များ၊ မြေယာများကို ထိန်းသိမ်းစောင့်ရှောက်ရန် သြဂုတ်လ ၄ ရက်နေ့က ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဓာတ်ငွေ့သန့်စင်စက် တ၀ိုက်မှကျေးရွာများ ၄င်းတို့ ရွာပတ်ဝန်းကျင်ရှိ ဘိုးဘွားစဉ်ဆက် မှီခိုလာခဲ့ကြသော မြေများတောတောင်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ဆွေးနွေးခဲ့ကြသည် ဆရာတော် ၁၀ ပါးနှင့် ဒေသခံ ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ဂေါ်တူတောင်တန်းနှင့် ဒေသတွင်းရှိ တောင်များကို မည်သည့် ကုမ္ပဏီးအဖွဲ့အစည်း အာဏာပိုင်တဦး တယောက မျှလာရောက် ကျူးကျော်ခြင်းကို လက်မခံနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ (ဓါတ်ပုံ - Arakan Civil Society Network Facebook)ဓာတ်ငွေ့သန့်စင်စက် တ၀ိုက်မှကျေးရွာများ ၄င်းတို့ ရွာပတ်ဝန်းကျင်ရှိ ဘိုးဘွားစဉ်ဆက် မှီခိုလာခဲ့ကြသော မြေများတောတောင်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ဆွေးနွေးခဲ့ကြသည် ဆရာတော် ၁၀ ပါးနှင့် ဒေသခံ ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ဂေါ်တူတောင်တန်းနှင့် ဒေသတွင်းရှိ တောင်များကို မည်သည့် ကုမ္ပဏီးအဖွဲ့အစည်း အာဏာပိုင်တဦး တယောက မျှလာရောက် ကျူးကျော်ခြင်းကို လက်မခံနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ (ဓါတ်ပုံ - Arakan Civil Society Network Facebook)
ဆွေးနွေးပွဲကို လိပ်ခမော်ရွာဟေင်း ဘုန်းကြီးကျောင်း၌ နေ့လယ် ၁ နာရီတွင်ပြုလုပ်ပြီး အနီးအနားမှ သံဃာတော် ၁၀ ပါးနှင့် လိပ်ခမော်ရွာဟောင်း/ရွာသစ်၊ ဂိုဒူ၊ ချောင်းဝ စသော ရွာ ၉ ရွာမှ စုစုပေါင်းလူ ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဒေသခံတို့၏ ဘိုးဘွားစဉ်ဆက် မှီခိုလာခဲ့ကြသော ဂေါ်တူတောင်တန်းနှင့် ဒေသတွင်းရှိ တောင်တန်းများကို မည်သူမှလာပြီး မြေဂရမ်လုပ်လို့ မရခြင်းကို ဟန့်တားမည် အကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ကျောက်ဖြူလူမှုကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းလွင်က ပြောသည်။
" ဒီဂရမ်လုပ်တာကတော့ မြို့က ပိုက်ဆံရှိတဲ့လူတွေက အာဏာပိုင်တွေနဲ့ မြေစာရင်း စာရေးတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်တယ်လို့ ယုံကြည်ရပါတယ်။ တချို့တွေကလည်း ဒေသခံကိုယ်တိုင်ပါဝင်ပြီးတော့ အဲဒီမြေတွေကို ဂရမ်လုပ်တာတွေ ရှိနေပါတယ်။ အခု ဒီတိုင်စိုက် ဟိုတိုင်စိုက် လာစိုက်ကြတယ်။ မြို့ကလူတွေက မြေစာရင်း စာရေးတွေဘာတွေနဲ့ ဆွေးနွေးပြီးမှ လာလုပ်တာပေါ့။ သူတို့မှာ အတွေ့အကြုံရှိပါတယ်။ မြေစာရင်းတွေနဲ့ ညှိနှိုင်းပြီးတော့ ငွေရှိတဲ့လူတွေ လာလုပ်တဲ့ကိစ္စပါ။ အဲဒါကို ကျနော်တို့က ဘိုးဘွားအဆက်ဆက်ပိုင်ဆိုင်လာခဲ့တာ မှီခိုလာခဲ့ကြတဲ့အတွက် ကျနော်တို့က ဟန့်တားရမယ်။ ဘယ်သူမှ လာလုပ်လို့မရဘူးဆိုတဲ့သဘောပေါ့။ ဆွေးနွေးခဲ့ကြတာပါ။ " ဟု ပြောသည်။
ဂေါ်တူတောင်တန်းသာမက အခြားနေရာများတွင်ရှိသော စေတီရှိတောင်းတန်းများကိုပါ သိမ်းဆည်းဖို့ လူတချို့ရှိနေကြောင်း၊ နောက်တစ်ခါ ဒေသခံမဟုတ်သည့် အဝေးကလာသော ငွေရှိတဲ့လူတချို့ကလည်း ပါဝင်နေကြောင်း၊ အဓိကအားဖြင့် အဆိုပါ ကမ်းနားတစ်လျှောက်လုံးကို စီးပွားရေးလုပ်ကိုင်လိုသူများတချို့မှ မျက်စိကျနေကြကြောင်း သူကဆိုသည်။
အဆိုပါ တောင်တန်းများနှင့် မြေယာများတွင် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများမှာ ရာသီအလိုက် ကောက်ပဲသီနှံများ စိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုလျှက် ၄င်းတောင်ယာမြေများကို မှီခိုကာ မိသားစု စားဝတ်နေရေးများကို အခက်အခဲပေါင်းများစွာဖြင့် ဖြေရှင်းနေကြရသည်ဟု ဦးထွန်းလွင်က ပြောသည်။
" အဲဒီတောင်တန်းတွေနဲ့ မြေယာတွေမှာ လယ်လုပ်ကြပါတယ်။ ရာသီသီးနှံတွေ စိုက်ပျိုးကြပါတယ်။ သူတို့မှာက လယ်မြေ ဧရိယာက နည်းပါတယ်။ မိုးရာသီဆိုရင် စပါးစိုက်ကြပါတယ်။ နွေရာသီဆိုရင်တော့ ခရမ်း၊ ငရုပ်နဲ့ ခရမ်းချဉ်သီးတွေ စိုက်ကြပါတယ်။ မြစ်ကမ်းနဲ့နီးပေမယ့် ရေလုပ်ငန်းကတော့ နည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပင်လယ်ကမ်းနားဖြစ်တဲ့အတွက်ကြောင့် ဆိပ်ကမ်းက သိပ်မကောင်းဘူးပေါ့။ ဒေသခံတွေကတော့ ဘိုးဘွားတွေမှာ ကျန်ခဲ့တဲ့ အဲဒီတောတောင်မြေယာတွေကိုပဲ မှီခိုအားကိုးနေရတာပေါ့။ " ဟု သူက ဆိုသည်။
(သတင်းအရင်းအမြစ်-  Arakantimes)