Friday, August 9, 2013

ဘင်္ဂလာမှ မောင်တော ရောက် ရခိုင်ဒုက္ခသည်များအတွက် နှစ်လစာ ရိက္ခာအကူအညီလိုအပ်ဆဲ


ဘင်္ဂလာမှ မောင်တော ရောက် ရခိုင်ဒုက္ခသည်များအတွက် နှစ်လစာ ရိက္ခာအကူအညီလိုအပ်ဆဲ
=================

By Kaw Kar Nu

မောင်တော ၊ ၀၈ သြဂုတ် ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ဘင်္ဂလာဒေ့ရှ်တွင် လူများစု ဘင်္ဂါလီ မူဆလင်များ၏ ဒဏ်ကြောင့် မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းခိုလှုံလာကြသော ရခိုင်မျိုးနွယ် ဒုက္ခသည် (၁၃၀၀) ခန့်တို့အတွက် စပါးမပေါ်မီ နောက်ထပ်အနည်းဆုံး နှစ်လစာ ထောက်ပံ့ကြရဦးမည် ဖြစ်ရာ ထောက်ပံ့ကူညီမှု အဆက်မပြတ်သွားစေရန် မောင်တောလှုပ်ရှားသူများ အသိုင်းအ၀ိုင်းက နှိုးဆော်နေကြသည်။

“ဒုက္ခသည်အိမ်ထောင်စုပေါင်း (၃၀၄) စု၊ လူဦးရေအားဖြင့် (၁၂၆၉) ယောက်ကို မောင်တောမြို့နယ်အတွင်းက ကျေးရွာပေါင်း (၁၃) ကိုခွဲဖြန့်ချထားပေးပြီးဖြစ်တယ်။ မိသားစုတစ်စုကို လယ်တစ်ဧကစီလုပ်ကိုင်စားသောက်ဖို့ ပေးထားတဲ့အတွက် လယ်ထွန်ထား စပါးစိုက်ထားကြတယ်။ စပါးမပေါ်ခင်မှာ အဲဒီမိသားစုတွေ စားသောက်နိုင်ဖို့ အနည်းဆုံး နောက်ထပ် နှစ်လစာ ထောက်ပံ့ကြရဦးမယ်။ သြဂုတ်လကုန်အထိ လူတစ်ယောက်ကို တစ်လ ဆန် ခုနစ်ပြည်ခွဲနှုန်း နဲ့တွက်ချက် ထောက်ပံ့ပေးထားတယ်။ နောက်ထပ် အနည်းဆုံး စက်တင်ဘာ နဲ့ အောက်တိုဘာ နှစ်လစာ ပေးရဦးမယ်။ အဲသည်လို လူထောင့်သုံးရာအတွက် နှစ်လစာ ဆန် ပေးနိုင်ဖို့အတွက် အလှူရှင်တွေကို နှိုးဆော်ဖို့ လိုအပ်နေတယ်” ဟု တစ်ဘက်နိုင်ငံမှ ကူးဝင်လာသူ ရခိုင်မျိုးနွယ်များ လာရောက်ခိုလှုံကြသည့် မောင်တောမြို့ ဗဟိုကျောင်းတိုက် ဆရာတော် ဦးအာစာရ က Coral Arakan News အား ပြောကြားသည်။

မောင်တောမြို့ ရပ်မိရပ်ဖများ၊ ဒေသအာဏာပိုင်များ နှင့် ဌာနဆိုင်ရာများ၏ စည်းဝေးညှိနှိုင်းထားချက် များအားဖြင့် ထိုဒုက္ခသည်များ ရောက်လာလျှင် ပထမဦးစွာ ဆရာတော်၏ ဗဟိုကျောင်းတွင် ခေတ္တနေထိုင်စေပြီး ဒုတိယအဆင့်အဖြစ် လ၀က က စာရင်းလာစစ်ကာ တတိယအဆင့်အဖြစ် နတလ က အိမ်ယာများချထားပေးသည်။ ယခု နောက်ဆုံးအသုတ် ရောက်ရှိလာသော ရခိုင်မိသားစု ခြောက်စုအနက် နှစ်စုကို ချထားပေးသည့် အိမ်ရာများသို့ ပေးပို့ပြီးဖြစ်ပြီး အိမ်ထောင်စု လေးစုမှာ ဗဟိုကျောင်းတွင် ကျန်ရှိနေဆဲဖြစ်သည်။

ကျေးရွာအသီးသီးသို့ ရောက်ရှိသွားကြသည့် ဒုက္ခသည်မိသားစုများအတွက် မောင်တောမြို့ပေါ် လှုပ်ရှားသူများ နှင့် ဆရာတော်ဦးအာစာရတို့ စီစဉ်ဆောင်ရွက်နေကြသည်ဖြစ်ရာ စပါးမပေါ်မီ နှစ်လစာ ရိက္ခာအတွက် ၄င်းတို့က ထိုကဲ့သို့ စိုးရိမ်ကြောင့်ကြနေကြခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း လာရောက်လုပ်ကိုင်နေကြသော နိုင်ငံတကာအဖွဲ့အစည်းများမှာ ဘင်္ဂါလီများ ကောင်းစွာ မျိုးပွား၊ ကြီးထွား၊ ကြီးပွားနိုင်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် နှစ်ပေါင်း နှစ်ဆယ်နီးပါးခန့် ဘင်္ဂါလီများကို ထောက်ပံ့ကူညီစောင့်ရှောက်ခဲ့ကြသော်လည်း ဤရခိုင်ဒုက္ခသည်များအား အနည်းငယ်မျှပင် ကူညီထောက်ပံ့ သည်ကို မတွေ့ရပေ။

ယခု သြဂုတ်လအစပိုင်းကလည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်း ဒေသတွင် လာရောက်အခြေချသူ ဘင်္ဂါလီ မူဆလင်များက မူရင်းနယ်ခံ သက်၊ ထရိပူရ နှင့် ရခိုင်မျိုးနွယ်များ အားတိုက်ခိုက်ကြသည့်အတွက် တိုင်းရင်းသားရွာခြောက်ရွာ မီးလောင်ပြာကျပြီး တိုင်းရင်းသား လေးဦးသေဆုံးကာ တိုင်းရင်းသား အိမ်ခြေ (၄၀၀) ကျော် ပျက်စီးဆုံးဆုံးမှုဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် တိုင်းရင်းသား (၁၈၀၀) ခန့်တို့ နီးစပ်ရာ အိန္ဒိယနယ်စပ်သို့ ထွက်ပြေးသွားကြရာ ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက လုံခြုံရေးကို အာမခံချက်ပေးသဖြင့် မူရင်း ကျေးရွာများသို့ ပြန်လာခဲ့ကြသည်။

ဘင်္ဂါလီမူဆလင်ကုလားများက အခွင့်ရလျှင်ရသလို မီးရှို့ မုဒိမ်းကျင့် လူသတ်ခြင်းအားဖြင့် မူရင်းတိုင်းရင်းသားများကို သက်ဆိုင်ရာနယ်မြေများအတွင်းမှ ခြောက်လန့်ထွက်ပြေးစေပြီး နယ်မြေများကို သိမ်းပိုက်ယူခြင်းမှာ အစဉ်အဆက်ဖြစ်ရပ်များဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ တိုက်ခိုက်မှုဖြစ်ရပ်များကြောင့် ရခိုင်ဘာသာစကားပြော တိုင်းရင်းသားမျိုးနွယ်များ မြန်မာနိုင်ငံဘက်သို့ ဆက်လက်ကူးပြောင်းဝင်ရောက်လာနိုင်ခြေရှိနေသည် ဟု ခန့်မှန်းထားကြသည်။

ဒုက္ခသည်များအတွက် ငွေအား ပစ္စည်းအားဖြင့် ကူညီထောက်ပံ့လိုပါက မောင်တောမြို့ ဗဟိုကျောင်းတိုက် ဆရာတော် ဦးခေမာစာရ ထံ ဖုန်းနံပါတ် ၀၉၄၂၁၇၂၃၉၈၃ ကို ဆက်၍ ဆက်သွယ်လှူဒါန်း နိုင်ပါသည်။

( Coral Arakan News အတွက် ကော်ကာနု ရေးသားသည်။ )

ဓါတ်ပုံ - kohtoohtoo nyuntlwin

=================

နောက်ဆက်တွဲ။

မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာ ဆယ့်သုံးရွာသို့ နေရာချထားပေးပြီးသော ဒုက္ခသည်မိသားစုများ ၏ ကျေးရွာအလိုက် အရေအတွက်။

(၁) ကိုင်းကြီး - ၂၃ စု
(၂) ခရေမြိုင် - ၈၂ စု
(၃) ရွှေရင်အေး - ၄ စု
(၄) ဗောဓိကုန်း - ၄ စု
(၅) ကံသာယာ - ၇ စု
(၆) ကံပြင်သာစည် - ၂ စု
(၇) အောင်သာယာ - ၁၅ စု
(၈) လောင်းဒုံ - ၃၂ စု
(၉) မြို့သစ် - ၂၄ စု
(၁၀) တောင်ပြိုလက်ဝဲ - ၃၃ စု
(၁၁) နယ်မြေ (၁) - ၃၈ စု
(၁၂) နယ်မြေ (၂) - ၂၉ စု
(၁၃) ကင်းချောင်း - ၁၁ စု

(ဤသတင်းအား Coral Arakan News ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

No comments: