Friday, August 9, 2013

အရေးကြီးသတင်း

RSV -(၉.၈.၂၀၁၃၊ ၁၂း၄၀နာရီ)

စစ်တွေမြို့ အုန်းတောကြီး ဒုက္ခသည်စခန်းတွင် ဘင်္ဂလီကုလားများမှ စခန်းလုံခြုံရေး ကင်းတဲအား မီးရှိုးပြီး စခန်းလုံခြုံရေးတာဝန်ယူထားသူများ အား ရန်ရှာမှုများဖြစ်ပွားလျှက်ရှိသည်ဟု သိရှိရသည်။

စခန်းလုံခြုံရေးမှ သေနပ်ပစ်ဖောက်ပြီး လူစုခွဲလျှက်ရှိရာ ဘင်္ဂလီကုလား (၂)ဦး ဒဏ်ရာရရှိသွားသည်ဟု အတည်မပြုနိုင်သော သတင်းအရ သိရှိရသည်။

ယနေ့သည် သောကြာနေ့ ဗလီတက်ရက်ဖြစ်သောကြောင်း လည်းကောင်း၊ အစ္စလာမ်ဘာသာတို့၏ အဒ်နေ့ဖြစ်သောကြောင်းလည်းကောင်း၊ သဲချောင်းဒုက္ခသည်စခန်းတွင်လည်း လှုပ်လှုပ်ရှားရှားများရှိသည်ဟု သဲချောင်းဖက်မှ လာသော သတင်းအရသိရှိရပါသည်။

အုန်းတောကြီး ဒုက္ခသည်စခန်း နောက်ဆက်တွဲ

RSV (သြဂုတ်-၉၊ အရေးကြီးသတင်း)

အုန်းတောကြီး ဒုက္ခသည်စခန်းနှင့် နီကပ်လျှက်ရှိသော စစ်တွေတက္ကသိုလ်ရှိ လုံခြုံရေးအရ ကျောင်းသား/သူများကို လွတ်ပေးလိုက်ပြီး ဖြစ်သည်။

NGO ကားများသည်လည်း ဒုက္ခသည်စခန်းဖက်မှ အမြန်ထွက်ပြေးလာရသည်ဟု ကားမောင်းဒရိုင်ဘာတစ်ဦးမှ ပြောကြားသွားခဲ့ပါသည်။
(ဤသတင်းအား Rakhine Citizens Journalists  ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

No comments: