Friday, August 9, 2013

ရခိုင်ပြည်နယ်တွင် ကျောက်ပြားထုတ်လုပ်ခွင့်ကို ပြည်နယ်အစိုးရမသိဘဲ ပေးထားဟုဆို


ရခိုင်ပြည်နယ်တွင် ကျောက်ပြားထုတ်လုပ်ခွင့်ကို ပြည်နယ်အစိုးရမသိဘဲ ပေးထားဟုဆို
------------------------------
----------------------
ရန်ကုန် ၊ သြဂုတ် - ၇

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အတွင်းရှိ နေပူတောင်မှ အလှဆင် အိမ်ခင်းကျောက်ပြားများ ထုတ်လုပ်ရန် နိုင်ငံခြားကုမ္ပဏီတစ်ခုကို သက်ဆိုင်ရာမှ လုပ်ကိုင်ခွင့်ပေးထားသည့် ကိစ္စအား ရခိုင်ပြည် နယ် အစိုးရအဖွဲ့က မသိရှိသေးကြောင်း ပြည်နယ် အစိုးရအဖွဲ့၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သန်းတင်က ပြောသည်။ ဝန်ကြီး ဦးအောင်သန်းတင် က ''ဒေသခံတွေရဲ့သဘောထားနဲ့ ကျွန်တော်တို့ ပြည်နယ်အစိုးရ အဖွဲ့ရဲ့ သဘောထားတွေကို ပြည် ထောင်စု ဝန်ကြီးဌာနဆီ တင်ပြထားတုန်းပဲ ရှိပါသေးတယ်။ အဲဒီ ကလဲ ဘာမှ ကျွန်တော်တို့ကိုအ ကြောင်းပြန်ထားတာ မရှိသေးဘူး'' ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်း စာသို့ ပြောသည်။

ဗီယက်နမ် - မြန်မာဖက်စပ် ကုမ္ပဏီတစ်ခုဖြစ်သော Myanmar SIMCO Song Da Limited Joint Stock Company သည် လက်ရှိတွင် နေပူတောင်မှ အလှဆင် အိမ်ခင်းကျောက်ပြားများ ထုတ်လုပ်နိုင်ရန် လုပ်ငန်းများစတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အ တည်ပြုပြောသည်။ အဆိုပါတာဝန်ရှိသူက ''အဲဒီကုမ္ပဏီက ဒီနှစ်အစောပိုင်းကပဲ စတင်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်'' ဟု ဆိုသည်။

ဗီယက်နမ် နိုင်ငံမှ အမေရိကန် ဒေါ်လာ၁၈သန်း ရင်းနှီးမြှုပ်နှံ ၍ ယင်းသို့ကျောက်ပြားများထုတ် လုပ်နိုင်ရန် အဆိုပါကုမ္ပဏီမှလုပ် ငန်းများ စတင်နိုင်ရန်အတွက် ယခု နှစ်အစောပိုင်းက အဆိုပါတောင် အား လေ့လာမှုများ ပြုလုပ်ခဲ့ ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ သိရသည်။

သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဒီကုမ္ပဏီ ကို ၂၀၁၂ခုနှစ်အတွင်းက ကျွန်တော်တို့ ဌာနကနေ လုပ်ကိုင်ခွင့် ပေးထားပြီးသားပါ'' ဟု ရန်ကုန် တိုင်းမ် နေ့စဉ်သတင်းစာသို့ ဩဂုတ် ၅ရက်တွင် ထုတ်ဖော်ပြောသည်။
ယင်းကုမ္ပဏီ အနေဖြင့် လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး ကုမ္ပဏီတွင် နိုင်ငံခြားသားများ ပါဝင်လုပ်ကိုင်နေကြသည့် အတွက် လုပ်ငန်းခွင်ကို နှောင့်ယှက်မှု တစ်စုံတစ်ရာမရှိစေရန် ယခုအခါ အဆိုပါ နေပူတောင်တစ်ဝိုက် တွင် တောင်ကုတ် အခြေစိုက်တပ်မ မှ အင်အား၅၀ခန့် လုံခြုံရေး တာဝန်ယူထားရကြောင်း တောင်ကုတ် မြို့ခံများ၏ပြောပြချက်အရ သိရသည်။

ကျောက်ပြားများ ထုတ်ယူမည်ဆိုပါက ကုန်ချောအဖြစ် ထုတ်ယူရန် ဒေသခံများက ပြည်နယ် အစိုးရထံ တင်ပြတောင်းဆိုထားပြီး ယင်းသို့ ကုန်ချောထုတ်လုပ် ပါက စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်လာရမည် ဖြစ်ကာ မြို့နယ်တွင်းရှိ ဒေသခံ ၅၀၀ခန့် အလုပ်အကိုင် ရရှိစေမည် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

မာန်ယုကျော် (ရွှေဝမြေ)
(ှသတင်းအရင်းအမြစ်- Yangon Times)

No comments: