Friday, August 9, 2013

အာဖဂန် အကြမ်းဖက်ခေါင်းဆောင် က လက်မှတ်ရေးထိုးပေးထားသော ရခိုင်ပြည်က ကုလားတစ်ဦးအတွက် ထောက်ခံစာ

အာဖဂန် အကြမ်းဖက်ခေါင်းဆောင် က လက်မှတ်ရေးထိုးပေးထားသော ရခိုင်ပြည်က ကုလားတစ်ဦးအတွက် ထောက်ခံစာ
=========================

By Yu Thandar Khin

စစ်တွေ ၊ ၀၉ သြဂုတ် ၂၀၁၃ ၊ Coral Arakan News ၊ [ Digging the past ]

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ Rohingya Islamic Front ၏ ခေါင်းဆောင် အဗ္ဗဒ္ဒူဟာမစ် ဆိုသူမှာ အာဖဂန်နစ္စတန် ဂျီဟဒ် စစ်ပွဲဆင်နွှဲရာတွင် အဓိကနေရာမှ ပါဝင်လှုပ်ရှားခဲ့သူ မူဂျာဟစ်ဒင် ညီအစ်ကိုတော်တစ်ဦး ဖြစ်ကြောင်းကို အာဖဂန်နစ္စတန်မှ တာလီဘန်လိုလားသူ အကြမ်းဖက် ခေါင်းဆောင် Jalaluddin Haqqani က လက်မှတ် ရေးထိုးပေးထားသော ထောက်ခံစာ တစ်စောင်ဖြစ်သည်။ မူရင်း နှင့် အင်္ဂလိပ်ဘာသာပြန်ကို ယှဉ်တွဲ ဖော်ပြထားသည်။

ထောက်ခံချက် လက်မှတ်ထိုးပေးသူ Jalaluddin Haqqani မှာ အာဖဂန်နစ္စတန် နှင့် ပါကိစ္စတန် ဒေသတစ်ခွင်တွင် အသေခံ ဗုံးဖောက်ခွဲခြင်းစနစ်ကို စတင် ကျင့်သုံးခဲ့သူဖြစ်သည် ဟု ကျွမ်းကျင်သူ အချို့က ယူဆကြသည်။

ထောက်ခံစာတွင် ၁၉၉၇-ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့ရက်စွဲတပ်ထားပြီး ထောက်ခံပေးခြင်း ခံရသူ အဗ္ဗဒ္ဒူဟာမစ် သည် ဆိုဗီယက် ကျူးကျော်စစ်ဆန့်ကျင်ရေး တိုက်ပွဲအချို့ကို ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည် ဟု ဖော်ပြထားသည်။

အဗ္ဗဒ္ဒူဟာမစ် နှင့် ၄င်း၏ရဲဘော်များသည် ‘Arakani Muslims’ ဆိုသူများ အသက်ဘေးမှ လွတ်မြောက်ကြစေရန်အလို့ငှာ မြန်မာ-ဘင်္ဂလာ နယ်စပ်တွင် ဆင်းရဲဒုက္ခခံကာ တိုက်ပွဲဝင်နေကြသည့်အတွက် မူဆလင်ညီအစ်ကိုတော်များ အနေဖြင့် နည်းမျိုးစုံဖြင့် အကူအညီပေးကြပါမည့် အကြောင်းကို Haqqani က ထောက်ခံရေးသားပေးထားသည်။

ပါကိစ္စတန်ထောက်လှမ်းရေး များ လျှို့ဝှက်ရုံးဖွင့်ခဲ့သည် ဟု ဆိုသည့် အာဖဂန်နစ္စတန်နိုင်ငံ ခြံဝင်းတစ်ခုအတွင်းမှ အမေရိကန်တပ်များက ဤစာကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

( Coral Arakan News အတွက် ယုသန္တာခင် ရေးသားသည်။ )
(ဤသတင်းအား Coral Arakan News ၏ facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

No comments: