Wednesday, August 7, 2013

မြောက်ဦး ဒေသခံ (၅)ဦးကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ အသီးသီးချမှတ်ခံရ

Mrauk-U-Entrace-gate
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အတွင်း အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ရခိုင်-ဘင်္ဂလီ ဆူပူ အကြမ်းဖက်အတွင်း ဖမ်းဆီးခံခဲ့ရသည့် ရခိုင်အမျိုးသား ၅ ဦးကို စစ်တွေ ခရိုင် တရားရုံးက ယနေ့တွင် ထောင်ဒဏ် အသီးသီး ချမှတ်လိုက်သည် ဟု သတင်း ရရှိသည်။ ထောင်ဒဏ်ချမှတ်ခံရသူများမှာ မြောက်ဦးမြို့နယ် ပရိန်ကုန်းကျေးရွာမှ ဦးထွန်းရွှေမောင်၊ မောင်သာကုန်းရွာမှ ဦးမောင်မောင်နိုင်၊ ပန်းမြောင်းကျေးရွာမှ ဦးမြင့်နိုင်၊ ကျောင်းတောင်ကျေးရွာမှ ဦးကံသာအောင်နှင့် မောင်ထွီး စိန်တို့ ဖြစ်သည်။ “ သူတို့ကို ၃ နှစ်ကနေ ၅ နှစ်အထိ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ အသီးသီး ချလိုက်ပါတယ်။ ဒီကနေ့မှာ ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ပုဒ်မမှာ ၃၄၆ မီးရှို့မှု ဖြစ်ပါတယ်” ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ဆရာမ ဒေါ်အေးနုစိန်က ပြောသည်။ ယခု ပြစ်ဒဏ်ချမှတ်ခံရသူများမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက မြောက်ဦးမြို့နယ် ပရိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မူ တွင် ပါဝင်သည်ဟု ဆိုကာ ဖမ်းဆီး အရေးယူ ခံထားကြသူများ ဖြစ်သည်။ ရခိုင်ပြည်နယ် အတွင်း ဇွန်လနှင့် အောက်တိုဘာလ အတွင်းက ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူ အတွင်း ရခိုင်အမျိုးသား အများအပြားလည်း ဖမ်းဆီးခံခဲ့ရပြီး ယခုအခါ သူတို့အား ပြစ်ဒဏ်များ အသီးသီး ချမှတ်နေသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: