Friday, August 9, 2013

ရှစ်လေးလုံး ငွေရတုအရေးတော်ပုံ အိန္ဒိယရောက် ဒီမိုကရေစီ အင်အားစုများ သဘောထားထုတ်ပြန်

အိန္ဒိယနိုင်ငံတွင်၂၅ နှစ်မြောက် ရှစ်လေးလုံး ပြည့်သူ့အရေးတော်ပုံနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲ။ အိန္ဒိယနိုင်ငံတွင်၂၅ နှစ်မြောက် ရှစ်လေးလုံး ပြည့်သူ့အရေးတော်ပုံနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲ။

၂၅ နှစ်မြောက် ၈၈၈၈ ပြည်သူ့အရေးတော်ပုံ အထိမ်းအမှတ် ထုတ်ပြန်ကြေငြာချက်
နေ့ စွဲ ၈-၀၈-၂၀၁၃
ယနေ့ ၈.၈.၂၀၁၃ သည် လွန်ခဲ့သည့် ၂၅ နှစ်က တစ်ပြည်လုံးတွင် မဆလ အာဏာရှင်စနစ်ကြီးအား ဆန့်ကျင်တွန်းလှန် တိုက်ထုတ်ပစ်ခဲ့သည့် ဖျောက်ဖျက်၍မရသော သမိုင်းဝင် ဒီမိုကရေစီအရေး တော်ပုံကြီး၏ နှစ်ပါတ်လည်နေ့ ဖြစ်ပေသည်။ ၎င်း အရေးတော်ပုံကြီးအတွင်း အာဏာရှင် နေဝင်း ဦးဆောင်သော စစ်အာဏာရှင်များမှ ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့အား ရက်ရက်စက်စက် ပစ်သတ်နှိမ်နှင်းခဲ့သည့် နေ့တနေ့လည်း ဖြစ်ပေသည်။ ဤနေ့ဤရက်သည် တစ်တိုင်းပြည်လုံး ကံဆိုးမိုးမှောင်ကျခဲ့ရသည့် နေ့တစ်နေ့ဖြစ်သလို အမှောင်ကိုခွင်း၍ ဒီမိုကရေစီအလင်းကို လူတိုင်း၏ အသိ ဥာဏ်အတွင်းသို့ စတင်ထွန်းညှိ ခဲ့သည့် နေ့တစ်နေ့လည်း ဖြစ်ပေသည်။
သမိုင်းတလျောက် တိုင်းရင်းသား ပြည်သူအားလုံး လိုလားတောင်းဆိုခဲ့သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို လျှစ်လျှူရှု့ထားဆဲဖြစ်သည်။
ယခု အချိန်တွင် ရွေးကောက်ပွဲများ ကျင်းပခြင်း၊ အရပ်သားအစိုးရ ဖွဲ့စည်းခြင်း၊ လွတ်တော် ခေါ်ယူခြင်း အစရှိသည့် ဟန်ပြလုပ်ဆောင်မှုများ ရှိနေသော်လည်း ၈.၈.၈၈ အရေးတော်ပုံကြီး၏ မူလပန်းတိုင်ဖြစ်သော စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ဒီမိုကရေစီရရှိရေးသည် မပြီးဆုံးသေးပေ။
ထို့ကြောင့်
(၁) ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံအတွင်း ဒီမိုကရေစီတောင်းဆိုသည့် ပြည်သူ လူထုကြီးအပေါ် ပြစ်မှုကျူးလွန် သတ်ဖြတ်ခဲ့သော သူများအား အမှုမှန် စုံစမ်းဖော်ထုတ် အပြစ်ဒဏ်ပေးရေး။
(၂) ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းပြီး ဒီမိုကရေစီစံနှုန်းနှင့်ညီသော လူထုထောက်ခံသည့် ဖွဲ့စည်းပုံရေးဆွဲရေး
(၃) စစ်မှန်သောပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး။
(၄) တိုင်းရင်းသားများ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးနိုင်သည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး
စသည့်ပြည်သူ့ဆန္ဒများကို မရမချင်း ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။
အိန္ဒိယရောက် ဒီမိုကရေစီ အင်အားစုများ
အိန္ဒိယနိုင်ငံတွင်၂၅ နှစ်မြောက် ရှစ်လေးလုံး ပြည့်သူ့အရေးတော်ပုံနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲ။ အိန္ဒိယနိုင်ငံတွင်၂၅ နှစ်မြောက် ရှစ်လေးလုံး ပြည့်သူ့အရေးတော်ပုံနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲ။

(သတင်းအရင်းအမြစ်- Arakantimes)


No comments: