Wednesday, August 7, 2013

ဗြိတိန် အောက်လွှတ်တော်ဥက္ကဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် RNDP ကိုယ်စားလှယ်များ ယနေ့တွေ့ဆုံမည်

 မြန်မာ အစိုးရ အရာရှိများမှ H.E.Mr.John Bercow ကို ရန်ကုန် လေဆိပ်တွင် ကြိုဆိုနေစဉ်။ ( ဓါတ်ပုံ- မြ၀တီ)
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဗြိတိန်နိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr.John Bercow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ ရန်ကုန်မြို့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးလှစောနှင့် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေး ရာဝန်ကြီး ဦးဇော်အေးမောင်တို့မှ ရခိုင်ကိုယ်စားလှယ် အဖွဲ့အား ဦးဆောင်မည်ဟု သိရသည်။ အဓိကအားဖြင့် ရခိုင်ပြည်နယ်၏ လက်ရှိ အခြေအနေများနှင့် ရခိုင်ပြည်သူများ၏ အမြင်သဘောထားများကို တင်ပြ ဆွေးနွေးမည်ဟု ၀န်ကြီး ဦးဇော်အေးမောင်က ပြောသည်။ ပကတိ ဖြစ်ရပ်မှန်များကို အရှိကို အရှိ အတိုင်း တင်ပြ ပြောဆိုမည် ဖြစ်သဖြင့် တစ်စုံတစ်ရာ အကျိုးရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း သူက ဆိုသည်။ (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
(ဤသတင်းသည် သြဂုတ်လ ၁ ရက်နေ့ကတည်းပင်ဖော်ပြထားသောသတင်းဖြစ်ပါသည်)

No comments: