Wednesday, September 4, 2013

ဘင်္ဂလီလူမျိုး (၃)ဦးအား AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့်(၂၁) တောင့်၊ ကျည်ကပ်(၂) ခုနှင့်အတူ ဖမ်းဆီးရမိ

မြိတ်ဆိပ်ကမ်းမှ ရေကြောင်းပြ မီးများ ထွန်းထားခြင်း မရှိဘဲ ပင်လယ်ပြင်ဘက်သို့ စက်တင်ဘာလ (၁) ရက် ည (၁၁း၅၀)နာရီအချိန်ခန့်တွင် မောင်းနှင်လျက်ရှိသော မသင်္ကာဖွယ်လှေတစ်စီးကို တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ မြိတ်ရေပြင်တွင် လုံခြုံရေးနှင့် ပိတ်ဆို့ရေး တာဝန်ထမ်းဆောင်လျက် ရှိသော ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၀၃)မှ မီးအချက်ပြခေါ်ယူ၍ စစ်ဆေးခဲ့ရာ "ကောင်းမြတ်ဟင်္သာ" အမည်ရှိ တရားမ၀င် ကုန်လှေဖြစ်၍ ရေယာဉ်လိုင်စင်မှာ ၂၀၁၃ခုနှစ် ဧပြီလတွင် သက်တမ်း ကုန်ဆုံးလျက်ရှိပြီး ရေယာဉ်စက်မကြီးနှင့် စက်လိုင်စင်ပါ အချက်များမှာ ကွဲလွဲလျက်ရှိကြောင်း သိရှိရသည်။




အဆိုပါ လှေအား ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၀၃)မှ ဗိုလ်မှူး မျိုးထက်ဝင်းနှင့် တပ်ဖွဲ့ဝင်များက အသေးစိတ် စစ်ဆေးခဲ့ကြရာ ရေယာဉ်၏ စက်ခန်းအတွင်း ပုန်းအောင်းလျက်ရှိသော ဘင်္ဂါလီလူမျိုး (၃)ဦးအား AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ တရားခံများ၏ ထွက်ဆိုချက်အရ လှေပိုင်ရှင်မှာ မြိတ်မြို့ ကန်ဖျားရပ်ကွက်နေ ဦးနိုင်စိုက်ချမ်း (မွန်ပြည်သစ် ပါတီခွဲထွက် အလင်းဝင်) ဆိုသူဖြစ်ပြီး ၄င်းမှ ကော့သောင်းမြို့နေ ဦးဆန်းဦး ဆိုသူအား လွန်ခဲ့သော (၅)လခန့် က ငှားရမ်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းလှေ၏ ပဲ့နင်းဖြစ်သူ ဦးမောင်ထွန်းနှင့် ဘင်္ဂါလီ (၃)ဦးအား စစ်ဆေးမေးမြန်းရာ ဘင်္ဂါလီ လူမျိုးများအား (၁)ဦးလျှင် ထိုင်းဘတ် (၅၀၀၀) ဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ မြန်မာ့ရေပိုင်နက်ကိုဖြတ်သန်း၍ ထိုင်းနိုင်ငံ ရှမ်းကျွန်းမဲသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ဦးနိုင်စိုက်ချမ်းမှ AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၂)ခုအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုကဲ့သို့ တရားဝင် ကိုင်ဆောင်ခွင့် မရှိသော သေနတ်အား ကိုင်ဆောင်၍ ဘင်္ဂါလီလူမျိုးများအား ဘင်္ဂလားဒေရှ့် နိုင်ငံမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန်ကြံစည် အားထုတ်ခဲ့ ကြသော ကောင်းမြတ် ဟင်္သာစက်လှေမှ လှေသား(၁၃)ဦး နှင့် ဘင်္ဂါလီ လူမျိုး(၃)ဦးအား မြို့မရဲစခန်း (ပ)၄၄၄/၂၀၁၃ လက်နက် ယာယီ ပြင်ဆင်ချက် ဥပဒေပုဒ်မ၁၉-က ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ ဘင်္ဂါလီလူမျိုး(၃)ဦးမှာ ဦးမောင်မောင်(ခ) လာမြား(ဘ) ဦးခင်မောင် ဘင်္ဂါလီလူမျိုး၊ ပေါက်တောမြို့၊ မိုအာမက်ဖာရု (ခ)မောင်မောင်စိုး (၂၆)နှစ်(ဘ)ဦးကျော်မင်း(ခ)မာမွတ်မွန်နစ် ဘင်္ဂါလီ လူမျိုး၊ မောင်တောမြို့နယ်၊ မိုဟာမက်ဟာရှင်း(၃၀)နှစ် (ဘ)ဦးပေါ်ယာဇူ ဘင်္ဂါလီ လူမျိုး၊ မောင်တောမြို့ နယ် တို့မှဖြစ်ကြောင်း သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- မြိတ်ပုလဲမြေဘလော့ဂ်)

No comments: