Wednesday, September 4, 2013

ရခိုင်အမျိုးသားသမဂ္ဂ ၂၅ နှစ်မြောက်နေ့ ကျင်းပ

rakhine-federation-day-305.JPG
ရခိုင်အမျိုးသားသမဂ္ဂရဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမမှာကျင်းပခဲ့စဉ်
photo: RFA/ Thiha Tun
၁၉၈၈ ခုနစ်ကဖွဲ့စည်းခဲ့တဲ့ ရခိုင်အမျိုးသားသမဂ္ဂရဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းနားကို ဒီနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ပါတယ်
ရခိုင်အမျိုးသားသမဂ္ဂအနေနဲ့ တရားဝင်မှတ်ပုံတင်ခြင်း မရှိတာကြောင့် အခမ်းနားကျင်းပခွင့်ကို အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့တဲ့အတွက် ဒီနေ့ကျင်းပတဲ့အခမ်းနားကို ရခိုင်တိုင်းရင်းသားများတွေဆုံပွဲ အဖြစ် ပြောင်းလဲကျင်းပခဲ့ရတာဖြစ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
အခမ်းနားကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်အမျိုးသားသမဂ္ဂ အခမ်းအနားဆြိုီး ကျင်းပခွင့်မရှိတာနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ တာဝန်ရှိသူတွေကို တင်ပြပေးသွားမယ်လို့ RFA ကို ပြောပါတယ်။
နာမည်ပြောင်းခိုင်းတာလည်း ကျနော်မသိလိုက်ဘူး၊ ပါမစ်လာထုတ်သွားတယ်လို့ပဲ ကျနော်ကြားလိုက်ရတယ်၊ ခေါင်းစဉ်ပြောင်းခိုင်းရင် ALD က ကျနော့်ဖြစ်ဖြစ် အကူအညီတောင်းရင် ဝန်ကြီးချုပ်ကို ပြောလို့ရတာပေါ့၊ ၈၈ ကျောင်းသားဟောင်းများကိုတောင် လုပ်ခွင့်ပေးတာပဲ၊ အရေးအခင်းကာလာမှာပေါ်ခဲ့တဲ့ ရခိုင်သမဂ္ဂ ဆိုတဲ့နာမည်ကိုလည်း ဥပဒေနဲ့အညီ ခွင့်ပြုသင့်တယ်လို့ ကျနော်ကတင်ပြရမှာပဲ”
ရခိုင်အမျိုးသားသမဂ္ဂဟာ စတင်ဖွဲ့စည်းကတည်းက ရခိုင်အမျိုးရေးကိစ္စတွေမှာ တက်တက်ကြွကြွဆောင်ရွက်ခဲ့ပြီး ၈၈ လူထုအရေးတော်ပုံမှာလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့ဟာ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိပေဲ့ အာဏာပိုင်တွေဘက်က ကျင်းပခွင့်ပိတ်ပင်ခံရတာနဲ့ ပတ်သက်ပြီး အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အခုလိုဝေဖန်ပြောဆိုပါတယ်။

ဒီကနေ့ အခမ်းနားကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ရခိုင်တိုင်းရင်းသားပါတီတွေက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဆရာတော် သံဃာတော်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။
(သတင်းအရင်းအမြစ်- RFA)

No comments: