ရခိုင်ပြည် အနောက်ဘက် နယ်စပ်ဒေသ ဘူးသီးတောင်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း(အထက)တွင် ဆရာ၊ ဆရာမများက ဘင်္ဂလီ မူဆလင်ကျောင်းသားများနှင့် ဗုဒ္ဓဘာသာ ကျောင်းသားများအား ခွဲခြားဆက်ဆံသည်ဟု အွင်လိုင်းပေါ်ပြန့်နှက်နေသော သတင်းမှာ မှန်ကန်မှုမရှိသလို ခွဲခြားဆက်ဆံခြင်းမှာလည်း လုံးဝမရှိကြောင်း ကျောင်းဆရာ၊ ဆရာများက ပြန်လည်ငြင်းဆိုလိုက်သည်။
အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(၂) တွင် စစ်ဝတ်ပြောက်ကျား ဂျာကင်(၁) ထည်၊ တောစီးဖိနပ်(၁) ရံ၊ တောဆောင်းဦးထပ် (၁)လုံး၊ ခြေအိတ်(၁) စုံနှင့် စွပ်ကျယ်(၁)ထည်ကို ကျောင်းဝင်းရှေ့ အုတ်ထရံအနီးတွင် လာရောက်ချထားကာ ခြိမ်းခြောက် ခဲ့ကြောင်း ကျောင်းဆရာတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(၂) တွင် စစ်ဝတ်ပြောက်ကျား ဂျာကင်(၁) ထည်၊ တောစီးဖိနပ်(၁) ရံ၊ တောဆောင်းဦးထပ် (၁)လုံး၊ ခြေအိတ်(၁) စုံနှင့် စွပ်ကျယ်(၁)ထည်ကို ကျောင်းဝင်းရှေ့ အုတ်ထရံအနီးတွင် လာရောက်ချထားကာ ခြိမ်းခြောက် ခဲ့ကြောင်း ကျောင်းဆရာတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဘင်္ဂလီ မူဆလင် ကျောင်းသားများ၏ မိဘများဟု ယူဆရသူတချို့က သူတို့၏ ကလေးများကို ကျောင်းဆရာ၊ ဆရာမများမှ ခွဲခြားဆက်ဆံသည်ဟုဆိုကာ ပြည်နယ်အစိုးရထံ အွင်လိုင်းကနေတစ်ဆင့် ယခုလို တိုင်းကြားထားကြောင်း အခြေခံပညာ အထက်တန်းကျောင်း (အထက)မှ အမည်မဖေါ်လိုသူ ဆရာမတစ်ဦးက ပြောသည်။
" တိုင်စာတွေ တက်လို့ရှိပါတယ်။ အခု ကျမတို့ အ.ထ.က ကျောင်းက ဆရာမတွေကို တိုင်းထားတာက ကုလားနဲ့ ရခိုင်တွေကို ခွဲခြားဆက်ဆံတယ်ဆိုပြီးတော့ တိုင်ထားတာရှိပါတယ်။ သူတို့ကို စာမပြ၊ နောက်ပြီးတော့ ရိုက်ပုတ်တယ်လို့လည်း တိုင်ထားတာ ရှိပါတယ်။ အင်တာနက် မှာတော့ အဲဒီလိုမျိုး အတိုင်ခံထားရပါတယ်။ အင်တာနက် သတင်းကိုတော့ တိတိကျကျ မဖတ်ရသေးပါဘူး။ " ဟု ပြောသည်။
အွင်လိုင်းပေါ်တွင် ပျံ့နှံ့နေသော တိုင်စာမှာ ဆရာမများဖြစ်ကြသော ဒေါ်လှလှခိုင်၊ ဒေါ်အောင်မြသာ၊ ဒေါ်မကျော့ဦးနှင့် ဒေါ်သန္တာဦးတို့ လေးယောက်နာမည်ကို အဓိကဖော်ပြထားကြောင်း ၄င်းက ဆိုသည်။
အဆိုပါ တိုင်းကြားခြင်းနှင့် ပတ်သက်၍ " ဆရာ၊ ဆရာမတွေက အမြဲတမ်းသူတို့ကို သတိနဲ့ ပြောဆိုဆက်ဆံရပါတယ်။ မျှမျှတတဖြစ်အောင်တော့ ပြောဆိုဆက်ဆံပါတယ်။ ကျမတို့ ဆရာ/မတွေဘက်ကတော့ လွန်လွန်ကျူးကျူး တစ်ဖက်စောင်းနှင်း ပြောဆိုဆက်ဆံတာမျိုးတော့ မရှိပါ။ သူတို့ တိုင်ထားတဲ့ ခွဲခြားဆက်ဆံတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ " ဟု ဆရာမက ဆိုသည်။
အမည်မဖေါ်လိုသည့် ကျောင်းဆရာတစ်ဦးကလည်း ယခုလိုမဟုတ်မမှန် အကြေားအရာများကိုတိုင်ကြားပြီး လိမ်လည်သတင်းများကို အင်တာနက်ပေါ်မှာ တင်တိုင်းသာ အပေါ်ကလာစစ်ဆေးနေမည်ဆိုပါက " ခွေးဟောင်တိုင်းသာ ထကြည့်နေရင် အိပ်ရေးပျက်ရုံပဲပေါ့" ဟု ပြောကြားလိုက်သည်။
ယခုတိုင်းကြားခံရသော ကိစ္စနဲ့ ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးမှ မည်သည့်ပုံစံမျိုးဖြင့် ဖြေရှင်းချက်ပေးသည်ကို မေးမြန်းခဲ့ရာ " အခုအချိန်ထိတော့ ဆရာမကြီးကတော့ ဖြေရှင်းချက် အဲဒီလိုမျိုးလည်း မဟုတ်ဘူးပေါ့လေ ကိုယ့်ဆရာမတွေက ဟုတ်မဟုတ်ဆိုတာကိုတော့ စစ်ဆေးတဲ့အဆင့်လောက်ပဲ ရှိပါတယ်။ ကျမတို့ ဆရာမတွေက အဲဒီလိုမျိုး စိတ်ထားမရှိပါဘူး။ ဆရာမကြီးကလည်း ကိုယ့်ဆရာမတွေရဲ့ အကြေားကို သိပါတယ်။ " ဟု ဆရာမက ပြောသည်။
ပြည်နယ်အစိုးရထံ ကျောင်းဆရာ၊ ဆရာမများနှင့် ပတ်သက်၍ အမျိုးမျိုးမဟုတ်မမှန် လိမ်လည်တိုင်တန်းမှုများကြောင့် စာသင်ပြရတွင် စိတ်ထိခိုက်ရကြောင်း၊ ၄င်းအပြင် ကျောင်းသားများမှာ တစ်ယောက်နှင့် တစ်ယောက် ရန်ဖြစ်ကြသည့် အခက်အခဲကို ကြုံတွေ့ရကြောင်း သိရသည်။
" စာသင်ရတဲ့အခါ အခက်အခဲကတော့ သူတို့တွေကို ရောလို့နှောလို့ သင်ကြားရတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြပါတယ်။ ကလေးဆိုတော့လည်း တစ်ယောက်နဲ့တစ်ယောက် နောက်ကြတယ်ပေါ့။ အချင်းချင်း စကားများရန်ဖြစ်လို့ မိဘတွေက လာတိုင်ကြားတာမျိုး အဲဒီလို အခက်အခဲတွေ ရှိပါတယ်။ " ဟု အမည်မဖေါ်လိုသည့် ဆရာမက ဆက်လက်ပြောကြားခဲ့သည်။
အ.ထ.က ကျောင်းတွင် ကျောင်းသား/သူအားလုံး ၂၀၀၀ ရှိသည့်အထဲတွင် ၁၇၀၀ ကျော်က ဘင်္ဂလီ မူဆလင်ကျောင်းသား/သူများဖြစ်ပြီး ဗုဒ္ဓဘာသာ ကျောင်းသား/သူများမှာ ၃၀၀ ခန့်သာ ရှိပြီး၊ အများစုက ဘင်္ဂလီများဖြစ်ကြသည့်အတွက် မဟုတ်မမှန် အင်တာနက်များတွင် ဖေါ်ပြမှုများသည် ကျောင်းသားများနှင့် ဆက်စပ်နေသည့် အကြမ်းဖက် ဘင်္ဂလီများဖြစ်နိုင်ကြောင်း မြို့ခံများက ပြောဆိုနေကြသည်။
ဘူးသီးတောင်မြို့ပေါ်ရှိ ကျောင်း ဆရာ၊ ဆရာမများအား ဘင်္ဂလီများက အမျိးမျိုးခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်မှုများနှင့် မဟုတ်မမှန် လိမ်လည် တိုင်းတန်းမှုများတိုးလာနေကြောင်း၊ အ.ထ.က ကျောင်းမှာ အမှတ်(၁)ရပ်ကွက်တွင် တည်ရှိပြီး အောက်တိုဘာလ ၁၈၊ ၁၉ နေ့များကလည်း ဗုံးဖေါက်ခွဲမည့် သတင်းများကြောင့် အ.ထ.က ကျောင်း အပါအဝင် မြို့ပေါ်ကျောင်းများတွင် လုံခြုံရေးတင်းကျပ်စွာ ချထားခဲ့ရကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)