အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဗုဒ္ဓသာသနာပြုအဖွဲ့မှ ကြီးမှူးပြီး ကျင်းပပေးသော မြန်မာပြည်တွင် ၁၁ ပါးမြောက် ရခိုင်ပိဋကဓရ ဆရာတော် အရှင်အိန္ဒပါလ၏ တရားပွဲတော်ကို စင်တင်ဘာလ ၁ ရက်နေ့က ဒေသစံတော်ချိန် နေ့လယ် ၂ နာရီခွဲတွင် အောင်မြင်စွာ ကျင်းပပြီးသွားခဲ့ကြောင်း သိရသည်။
ရခိုင်ဆရာတော်နှင့် မြန်မာမိသားစုများ အမှတ်တရဓါတ်ပုံ။ ရခိုင်ဆရာတော်နှင့် မြန်မာမိသားစုများ အမှတ်တရဓါတ်ပုံ။
ဆရာတော်၏ တရားပွဲတော်ကို နယူးယောက်ရောက် မြန်မာမိသားစုများမှ လာရောက်ခဲ့ကြပြီး ဆရာတော်၏ တရားဓမ္မနှင့် ဗုဒ္ဓ၏ ဆုံးမသြ၀ါဒများကို နာယူခဲ့ကြကြောင်း သိရသည်။
ဆရာတော် အရှင် အိန္ဒပါလသည် အမေရိကန်ပြည်ထောင်စုသို့ ဗုဒ္ဓသာသနာပြုအဖွဲ့မှ ဆရာတော် ဒေါက်တာအရှင် နာယကနှင့် ဦးဆန်းမြင့်တို့၏ ပင့်ဖိတ်မှုကြောင့် ကြွရောက်လာခဲ့ကြောင်း သိရသည်။
ဆရာတော်၏ တရားပွဲတော်သို့ နယူးယောက်ရှိမြန်မာများမှ လူပေါင်း ၁၀၀ ခန့် လာရောက်ခဲ့ပြီး နေ့လယ် ၂ နာရီခွဲက စတင်ကာ ညနေ ၄ နာရီတွင် အောင်မြင်စွာ ပြီးသွားခဲ့ကြောင်း သိရသည်။
ရခိုင်ပိဋကဓရ ဆရာတော် အရှင်အိန္ဒပါလ၏ နောက်ထပ်တရားပွဲတော်မှာ စက်တင်ဘာ ၇ ရက်နေ့တွင် လောကချမ်းသာကျောင်း၌ သော်လည်းကောင်း၊ စက်တင်ဘာလ ၈ ရက်နေ့တွင် Nadathitsa Theravada Buddhism နှင့် Meditation Center တို့တွင် ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။ ၄င်းအပြင် အခြားပြည်နယ်ဖြစ်သော ကာလီဖိုနီးယားနှင့် မြောက်ကာလိုရိုင်းနားတွင်လည်း တရားဟော ကြွမည်ဖြစ်ကြောင်း သိရသည်။
တိပိဋကဓရဆရာတော်မှာ ရန်ကုန်နှင့် မန္တလေးမြို့တွင် ပရိယတ္တိစာသင်တိုက်များ တည်ထောင်ထားပြီး သာသနာပြုလုပ်ငန်းများ လုပ်ကိုင်လျှက် ရှိကြောင်း၊ မြန်မာတစ် ပြည်လုံးတွင်လည်း မျက်စိဝေဒနာရှင်များအား အခမဲ့ဆေးဝါးကုသပေးသော တိပိဋကစက္ခပါလ အသင်းအား တည်ထောင်ထားပြီး လူနာပေါင်းများတို့ကို ကျွမ်းကျင်သော ဆရာဝန်ကြီးများနှင့် လက်တွဲပြီး ပရဟိတ လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိနေကြောင်းလည်း သိရသည်။