Monday, September 2, 2013

ရခိုင်ပြည်နယ်အစိုးရ၏ဆောင်ရွက်ချက်ကိုကမ္ဘာသိအောင်လုပ်ဖို့ မစ္စတာနမ်ဗီးယားအကြံပြု

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ရခိုင်ဒေသပဋိပက္ခနှင့်ပတ်သက်၍ မိမိတို့၏
ဆောင်ရွက်ချက်များကို ကမ္ဘာကသိအောင်လုပ်ဆောင်ရန်လိုအပ်ကြောင်းကုလသမဂ္ဂအထွေထွေ     အတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာဗီဂျေး နမ်ဗီးယားက အကြံပြုပြောကြားသည်။

မစ္စတာနမ်ဗီးယားသည် စက်တင်ဘာ ၁ရက်နေ့ နံနက်ပိုင်းကရခိုင်ပြည်နယ်၊စစ်တွေမြို့သို့ရောက်ရှိလာခဲ့ပြီး၊
ပြည်နယ်အစိုးရရုံး၌အစိုးရအဖွဲ့နှင့်တစ်နာရီကျော်ကြာတွေ့ဆုံစဉ်ယခု လိုပြောဆိုလိုက်ခြင်းဖြစ်သည်။

“မြန်မာအစိုးရကရခိုင်ပြည်နယ်အရေးမှာအများကြီးအကူညီဖြည့်ဆည်းလုပ်ဆောင်ပေးနေတာကိုတွေ့ရတယ်။ ဒါပေမယ့်ပြည်ပမီဒီယာတွေမှာရခိုင်ပြည်နယ်အစိုးရလုပ်ဆောင်ချက်တွေကိုမတွေ့ရဘူး။ ဒါကြောင့် ပြည်နယ် အစိုးရရဲ့ဆောင်ရွက် ချက်တွေကို နိုင်ငံတကာကသိအောင် လုပ်ဖို့လို တယ်”ဟု သူက ဆိုသည်။

လက်ရှိရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ကိစ္စရပ်များသည် ဒေသတွင်းဘာသာရေးအသွင်သို့ကူးပြောင်း
သွားနိုင်ခြေရှိသဖြင့်ထိုသို့ဖြစ်လာမည်ကိုသူ့အနေနှင့်အထူးစိုးရိမ်မိကြောင်း၊ဆက်သွယ်ရေးစနစ်တဖြည်းဖြည်းတိုးတက်ကောင်းမွန်လာသည်နှင့်အခြားတစ်ဖက်မှာသတင်းမှားတစ်ချို့ပြည်ပမီဒီယာများသို့ပျံ့နှံ့ရောက်ရှိသွားခြင်းနှင့်အောက်ခြေ၌လာဘ်စားမှုများကိုလည်းအထူးသတိထားရန်လိုသည်ဟု မစ္စတာနမ်ကဆက်ပြောသည်။

အဆိုပါ အစိုးရရုံးတွေ့ဆုံမှုတွင် မစ္စတာနမ်ဗီးယားနှင့်အတူ လိုက်ပါလာခဲ့သည့်နယ်စပ်ရေးရာဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးသက်နိုင်ဝင်း၊လူဝင်မှုကြီးကြပ်ရေးပြည်ထောင်စုဝန်ကြီးဦးခင်ရီတို့လည်း တက်ရောက် ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပဋိပက္ခကိုကျော်လွှားနိုင်မည့်နည်းလမ်းတစ်ရပ်ဖြစ်သည့်လူဦးရေစာရင်းကောက်ယူရေးမှာ
စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရပြီး၊ စာရင်းကောင်ယူခြင်းကို ဘင်္ဂလီများကကန့်ကွက်နေသဖြင့် လုပ်ငန်း ဆောင်များနှောင့်နှေးနေရကြောင်းကိုပေါက်တောမြို့နယ် “ကြယ်နီပြင်ဒုက္ခသည် စခန်း”မှ ဘင်္ဂလီများက
မူလနေရာသို့ရွှေ့ပြောင်းရန်ငြင်းဆန်နေမှုအား သာဓကထား၍ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးလှမောင်တင်ရှင်းလင်းရာတွင်“တစ်ချို့ဘင်္ဂလီတွေကရွှေ့မယ်၊တစ်ချို့ကမရွှေ့ဘူး
ဆိုပြီးလုပ်နေကြတယ်။ကြယ်နီပြင်စခန်းကလူတွေကိုရွှေ့ဖို့ပြောတော့ လက်မခံ ၊မရွှေ့ဘူးလုပ်နေကြတယ်။
ပြီးတော့ရခိုင်တိုင်းရင်းသားတွေကလည်းသူတို့ကိုအစားအသောက်တွေ သွားပြီးရောင်းချနေကြတယ်။သူတို့ဆီက
လည်းငါးတွေပြန်ဝယ်လာတယ်။သူတို့ကို ပိတ်ထားတယ် ဆိုတာမဟုတ်ပါဘူး။နှစ်ဘက်လူမျိုးတွေ အခုဆိုရင်
အရင်ကထက်ရင်းနီးမှုရနေကြပါပြီ”ဟုထည့်သွင်းပြောကြားခဲ့သည်။

နေ့လည်ပိုင်းတွင်၎င်းအနေဖြင့်မောင်တောနှင့်ပေါက်တောမြို့နယ်များရှိဒုက္ခသည်စခန်းများသို့ရဟတ်ယာဉ်ဖြင့်
သွားရောက် လေ့လာခဲ့ပြီး၊ညနေပိုင်း၌စစ်တွေဒုက္ခသည်စခန်းများသို့သွားရောက်စစ်ဆေးခဲ့သလို၊လာမည့်
တနင်္လာနေ့တွင်သံတွဲမြို့သို့လည်း သွားရောက်ဦးမည်ဖြစ်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူး အကြံပေးပုဂ္ဂိုလ်မစ္စတာဗီဂျေး နမ်ဗီးယား သည် ရခိုင်ပြည်နယ်သို့ မလာရောက်မီ ကချင်ပြည်နယ်မြစ်ကြီးနားနှင့်လိုင်ဇာဒေသများ သို့လည်း သွားရောက်ခဲ့ သေးကြောင်းသိရသည်။
(ဤသတင်းအား RSV မှ ကူးယူဖော်ပြပါသည်)

No comments: